




ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင်တွေမှာ ၂၀၂၂ မတ်လ ၂ရက်နေ့မှ၎ရက်နေ့အတွင်း မိုးရွာနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at 2:30pm









26/02/2022 at 9:30am အချိန်မှ နောက် ၂၄နာရီအတွင်း ဖားကန့် တနိုင်း ဆွမ်ပရာဘွမ် ခေါင်လန်ဖူး နောင်မွန်း ပန်နန်းဒင်ဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ် ခန့်မှန်းချိန် 26/02/2022 at 9:30am

လေဖိအားနည်းလာပြန်ဦးမယ် Low pressure Area 02/03/2022 ၂၀၂၂ မတ်လ ၂ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်၂၀၂၂ မတ်လ ၃ရက်နေ့မှ ၅ရက်နေ့အထိ တနင်္သာရီတိုင်းတွင် မိုးရွာနိုင်ပါတယ်

အဆိုပါလေဝဲသည် သိရိလင်္ကါ နိုင်ငံကို ဦးတည်နိုင်ပြီး ဆိုင်ကလုံး မုန်တိုင်းအဆင့် အထိဖြစ်ပေါ်နိုင်တဲ့ အခြေအနေ မရှိပေမယ့် အထက်လေစီးကြောင်းတွေကနေပြီး

မြန်မာနိုင်ငံမိုးသက် ရောက်လာနိုင်မှု့ရှိ/မရှိကိုတော့ အချိန်ပြည့်စောင့်ကြည့်ကာထောက်လှမ်းပြီး ခန့်မှန်းသတိပေး နေရမှာဖြစ်ပါတယ်

၂၀၂၂ မတ်လ ၃ရက်နေ့ ၄ရက်နေ့များတွင် မြိတ်ခရိုင်မှာ မိုးတွေရွာနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at 4:22pm MMT,တနင်္သာရီတိုင်း

ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင်တွေမှာ ၂၀၂၂ မတ်လ ၂ရက်နေ့မှ၄ရက်နေ့အတွင်း မိုးရွာနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at 2:30pm

၂၀၂၂ဖေဖော်ဝါရီလ ၂၅ရက်နေ့မှ မတ်လ ၁ရက်နေ့အထိနေသာနိုင်ပြီ မတ်လ ၁ရက်နေ့တွင် ကော့သောင်းခရိုင်း မိုးအနည်းငယ်ရွာနိုင်ကာ

မတ်လ ၃ရက်နေ့ ၄ရက်နေ့တွင် တနင်္သာရီတိုင်းတစ်ခုလုံး မိုးရွာနိုင်သဖြင့် မတ်လ ၂ရက်နေ့အထိရာဘာခြစ်လုပ်ငန်းများလုပ်ဆောင်နိုင်ကြပါတယ် ခန့်မှန်းချိန် 25/02/2022 at 6:57am

25/02/2022 မှ 03/03/2022 နေ့အထိ မန္တလေးတိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် မကွေးတိုင်းဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တို့တွင်

မိုးအနှောက်အယှက်မရှိပဲ အေးမြသာယာတဲ့ရာသီဥတုကို ရရှိစေပါလိမ့်မယ် ကောက်ပဲသီးနှံရိတ်သိမ်းမည့်သူတွေ စိတ်အေးချမ်းသာရိတ်သိမ်းအခြောက်လှမ်းနိုင်ပါတယ်နော်

ရှမ်းပြည်နယ် မြောက်ပိုင်းကြီးမှာ အအေးပိုနေပါမယ် ကိုယ်လက် လှုပ်ရှား အားကစား လုပ်ပေးကြပါ နွေးနွေးထွေးထွေး နေကြပါ ကျန်းမားရေးဂရုစိုက်ကြပါ

25/02/2022 at 4:59am အချိန်မှ ၂၄နာရီအတွင်း တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း လဟယ် ဒေသများတွင် မိုးရွာနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at 4:55am

ဆည်းမြောင်းချောင်းကန်ပြည်လျှံတိုးအောင် ပုလဲလုံးတမျှရွာစေချင်ပါပေ ၂၀၂၂ ဇူလိုင်လတွင် စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာ များစွာရွာသွန်းနိုင်ပြီး

စစ်ကိုင်းတိုင်းအတွင်းရှိ ဆည်တမံကြီးများတွင် စီးဝင်ရေအားကောင်းနိုင်ပါတယ် မနှစ်က သဖန်းဆိပ်ဆည်ကြီးအတွက် လအဝေးကြီးကြိုတင်ခန့်မှန်းပေးခဲ့ပါသေးတယ်

Leave a Reply

Your email address will not be published.