တနင်္သာရီတိုင်း ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင်တွေမှာ ၂၀၂၂ မတ်လ ၂ရက်နေ့မှ၎ရက်နေ့အတွင်း မိုးရွာနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at 2:30p25/02/2022 8:30am အချိန်မှ နောက် ၇၂ နာရီအတွင်း ထိုင်းတောင်ပိုင်းနှင့် မလေးရှား အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at8:06am

တနင်္သာရီတိုင်း ၂၀၂၂ဖေဖော်ဝါရီလ ၂၅ရက်နေ့မှ မတ်လ ၁ရက်နေ့အထိနေသာနိုင်ပြီ မတ်လ ၁ရက်နေ့တွင်ကော့သောင်းခရိုင်းမိုးအနည်းငယ်ရွာနိုင်ကာ မတ်လ ၃ရက်နေ့ ၄ရက်နေ့တွင် တနင်္သာရီတိုင်းတစ်ခုလုံးမိုးရွာနိုင်သဖြင့် မတ်လ ၂ရက်နေ့အထိ ရာဘာခြစ်လုပ်ငန်းများ လုပ်ဆောင်နိုင်ကြပါတယ် ခန့်မှန်းချိန် 25/02/2022 at 6:57am

25/02/2022 မှ 03/03/2022 နေ့အထိ မန္တလေးတိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် မကွေးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ်ကရင်ပြည်နယ် တို့တွင်မိုးအနှောက်အယှက်မရှိပဲ အေးမြသာယာတဲ့ရာသီဥတုကို ရရှိစေပါလိမ့်မယ် ကောက်ပဲသီးနှံရိတ်သိမ်းမည့်သူတွေ စိတ်အေးချမ်းသာ ရိတ်သိမ်း အခြောက်လှမ်းနိုင်ပါတယ်နော် ခန့်မှန်းချိန် 25/02/2022 at 6:39am

25/02/2022 at 4:59am အချိန်မှ ၂၄နာရီအတွင်း တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း လဟယ် ဒေသများတွင် မိုးရွာနိုင်ပါတယ် ခန့်မှန်းချိန် 25/02/2022 at 4:55am MMTထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၂၂ဖေဖော်ဝါရီလ ၂၆ရက် ၂ရရက် ၂၈ရက်နေ့များတွင် မိုးကြီးရေလျှံနိုင်ပါတယ် ထိုင်းရောက်အမျိုးတို့ရေ အဆိုပါရက်တွေမှာ ထိုင်းတောင်ပိုင်းအရှေ့ဖက်ကမ်းခြေမှထိုင်းပင်လယ်ကွေ့အတွင်း ငါးဖမ်းခြင်းမလုပ်ကြပါနဲ့ အန္တရာယ်ရှိပါတယ်

အလာစောသည့် nor’wester weather နှစ်စဉ် မတ်လမှ မေလအတွင်း ဟိမဝန္တာတောင်တန်းများပေါ်ကနေ အိန္ဒိယနိုင်ငံဘီဟာပြည်နယ် အနောက်ဘင်ဂေါ ပြည်နယ်ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေကို ဦးတည်တိုက်ခတ်လာတဲ့လေကို nor’wester ဟုခေါ်ဆိုပြီး nor’wester weather လို့လည်းခေါ်ဆိုကြပါ

တယ်၂၀၂၂ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာစတင်တိုက်ခတ်လာနိုင်ပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကမ်းခြေတွေမှာလည်း cape index မြင့်မားချိန်ဖြစ်သဖြင့် ဖြစ်သဖြင့် အဆိုပါဒေသတွေမှာ ၂၄ရက်နေ့မှ ၂၆ရက်နေ့အတွင်း

လျှပ်စီးမိုကြိုးမိုးနဲ့ မိုးသီးကြွေခြင်း ရုတ်တရက်လေပြင်းများတိုက်ခတ်ခြင်းတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်အဆိုပါလေစီးသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မဏိပူပြည်နယ် နာဂလန်းပြည်နယ်နှင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်အထိသက်ရောက်လာနိုင်ပါတယ် update ခန့်မှန်းချက်များကို ဆက်လက်ခန့်မှန်းပေးသွားပါမယ်နော်

ဆည်းမြောင်းချောင်းကန်ပြည်လျှံတိုးအောင် ပုလဲလုံးတမျှရွာစေချင်ပါပေ ၂၀၂၂ ဇူလိုင်လတွင် စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာ များစွာရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိဆည်တမံကြီးများတွင် စီးဝင်ရေအားကောင်းနိုင်ပါတယ် မနှစ်က သဖန်းဆိပ်ဆည်ကြီးအတွက် လအဝေးကြီးကြိုတင်ခန့်မှန်းပေးခဲ့တာ ဘယ်သူမှတ်မိကြလည်းဝေ

မြူးကြွတဲ့တေးသံပျံလွင့်လိုနေ ကူးပြောင်းစ တံခူးလေမှာ ၂၀၂၂ ဧပြီမှာ နေပြည်တော် ရမည်းသင်းခရိုင် မိတ္ထီလာခရိုင် တောင်ကြီးခရိုင် ကျောက်ဆည်ခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် စစ်ကိုင်းခရိုင်

ရွှေဘိုခရိုင်မုံရွာခရိုင် ကန့်ဘလူခရိုင် ကောလင်းခရိုင် ကသာခရိုင်တွေမှာမိုးရွာနိုင်ပါတယ် မင်းဂွတ်သီးလေးချစ်တဲ့နိုင်ငံတော်ကြီးရဲ့ စိုက်ပျိုးရေးသမားများတောင်သူလယ်သမားများ ရာသီဥတုကိုတည်မှိ လုပ်ကိုင်နေသူကြသူများအတွက် လဝေး ရက်ဝေးတွေ ကြိုတင်ခန့်မှန်းပေးနေတာ ဖြစ်ပါတယ်

၂၀၂၂ ဧပြီလမှာ မြန်မာနိုင်ငံတွင် မိုးတွေရွာနိုင်ပါတယ် မင်းဂွတ်သီးလေးချစ်တဲ့ စိုက်ပျိုးရေးသမားများတောင်သူလယ်သမားများရာသီဥတုကိုတည်မှိလုပ်ကိုင်ဆောင်ရွက်နေကြသူများ အတွက် ရက်ဝေးကြိုတင်ခန့်မှန်းပေးနေရ​ခြင်း ဖြစ်ပါတယ်

ဆောင်းသီးနှံစိုက်ပျိုးကြသူတွေအနေနဲ့ မတ်လ အတွင်း အပြီးရိတ်သိမ်းအခြောက်လှမ်းပြီး အမိုးအကာအောက်ရောက်ရှိအောင်လုပ်ဆောင်ထားခြင်းဖြင့် ပျက်စီးမှုမရှိပဲ မွန်ပြည်နယ် တနင်္သာရီတိုင်း ဧရာဝတဖိတိုင်းတွေမှာ

ဆာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများကတော့ ဒီနှစ်မှာ ဆားထုတ်လုပ်ချိန်နဲပါးတဲ့အတွက် မတ်လမှာ ၂ဆပိုမိုထုတ်လုပ်နိုင်ဖို့ ကြိုးစားအားစိုက်သွားကြပါလို့အကြံပြုလိုက်ပါတယ် အုတ်လုပ်ငန်းသမားတွေလည်း ဧပြီမိုးရွာနိုင်သဖြင့် မတ်လအတွင်း ပိုမိုကြိုးစားလုပ်ဆောင်ကြဖို့လိုပါလိမ့်မယ်

မြို့ပြအဆောက်အဥိနှင့် လမ်းတံတားဆောက်လုပ်နေကြတဲ့ Engineer ကြီးများအနေနဲ့လည်း မိမိလုပ်ဆောက်နေတဲ့လုပ်ငန်းတွေကို မင်းဂွတ်သီးလေးရဲ့ လဝေး ရက်ဝေး ရက်နီး တိကျမှန်ကန်တဲ့ မိုးလေဝသခန့်မှန်းချက်များကို စောင့်ကြည့်နိုင်ပါတယ်

Leave a Reply

Your email address will not be published.