


အိစိကွေးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊လက်ရှိငဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့လဲအောက်ဆီဂျင်မလုံလောက်တဲ့ပြည်သူများလဲအများအပြားရှိေ





Unicode

အောက်စီဂျင်လိုအပ်နေသူများကိုအိမ်အရောက်လိုက်လံပို့ဆောင်နေသည့်သရုပ်ဆောင်အိစိကွေး

သရုပ်ဆောင်အိစိကွေးကတော့ကလေးသရုပ်ဆောင်အနေနဲ့ပရိတ်သတ်တွေစတင်သိခဲ့ကြရာမှချစ်စရာကောင်းပြီးသရုပ်ဆောင်ကောင်းတာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်၊အိစိကွေးကသရုပ်ဆောင်မှုအပြင်တေးသီချင်းကောင်းတွေကိုလဲတီဆိုထားပါသေးတယ်၊အိစိကွေးကအရွယ်နဲ့မလိုက်အောင်ကိုလဲအလှူအတန်းတွေမှာလဲသူကိုယ်တိုင်လိုက်လံကူညီလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်

အိစိကွေးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊လက်ရှိငဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့လဲအောက်ဆီဂျင်မလုံလောက်တဲ့ပြည်သူများလဲအများအပြားရှိနေပါတယ်၊ဒါကြောင့်လဲအိစိကွေးကသူတတ်နိုင်တဲ့ဘက်ကနေအောက်ဆီဂျင်လိုအပ်နေသူများကိုအိမ်အရောက်လိုက်လံပို့ဆောင်ပေးနေခဲ့ပါတယ်

အိစိကွေးကတော့အမှတ်တရတွေအများကြီးနဲ့နေ့ပါပဲ၊O2လာရှူပါပြောထားပေမယ့်လိုအပ်တော့လည်းကိုယ်တိုင်သယ်ပြီးသွားပို့ဖြစ်တာပါပဲ၊ကယ်လိုက်ရတဲ့အသက်တစ်ခုရှိသလိုမိနစ်ပိုင်းနောက်ကျသွားလို့လက်လွှတ်လိုက်ရတဲ့အသက်လည်းရှိတယ်

ကယ်လိုက်ရလို့ပျော်ရတဲ့အပျော်ရှိသလိုမကယ်နိင်ခဲ့လို့အရုပ်ကြိုးပြတ်ဖြစ်သွားရတဲ့အချိန်လည်းရှိခဲ့တယ်၊ပြီးတော့လည်းO2Refillလည်းကိုယ်တိုင်ပဲည၁ဝနာရီမှအိမ်အတွက်အိုးဖြည့်ပြီးပြန်ရောက်တော့တယ်၊ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ

ဘေးကနေတောက်လျှောက်လိုက်ကူညီပေးတဲ့သူကိုလည်းကျေးဇူးအထူးပါဗျာဆိုပြီးတော့သူရဲ့လုပ်ဆောင်ချက်တွေကိုသူရဲ့လူမှုကွန်ယက်ထက်ကနေတစ်ဆင့်ရေးသားဖော်ပြထားပါတယ်၊အိစိကွေးတစ်ယောက်လဲအစစအရာရာဘေးကင်းပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်

Leave a Reply

Your email address will not be published.