ပေါင်းတည်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုPDFမိုင်းခွဲ၊စစ်သားနှစ်ယောက်သေ (ရုပ်သံ)

ပေါင်းတည်၊ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက် နေ့လည်က စစ်ကြောင်းချီတက်လာတ​ဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး နှစ်ယောက်သေ၊တစ်ယောက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာ နဲ့ ငရှဉ့်ကွင်းကျေးရွာအကြား ဖြတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ် က နှစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ PPDFက ဆိုပါတယ်။

ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲဘော်တွေအနေနဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲ သတင်းထုတ်ပြန်ထားပါတယ်။

===






,…….

ပေါင်းတည်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုPDFမိုင်းခွဲ၊စစ်သားနှစ်ယောက်သေ (ရုပ်သံ)

ပေါင်းတည်၊ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက် နေ့လည်က စစ်ကြောင်းချီတက်လာတ​ဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး နှစ်ယောက်သေ၊တစ်ယောက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာ နဲ့ ငရှဉ့်ကွင်းကျေးရွာအကြား ဖြတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ် က နှစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ PPDFက ဆိုပါတယ်။

ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲဘော်တွေအနေနဲ့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published.