မင္းေအာင္လႈိင္က သူ႔မိန္းမၾကဴၾကဴလွကို အနစ္နာခံသူ ဆရာမဟု စစ္ ေကာင္ စီ အစည္းအေဝးမွာ အမႊန္းတင္ခ်ီးမြမ္းခန္းဖြင့္၊ ဧည့္ပရိသတ္မပါတဲ့ ဗိုလ္ရႈ သ ဘင္ ေအာင္ျမင္တယ္လို႔ဆိုၿပီး မင္းေအာင္လႈိင္ ေပ်ာ္ေန၊ Online ပုံမွန္ သုံး ေန တယ္လို႔ဆို

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃

အၾကမ္းဖက္ စစ္ေကာင္စီရဲ႕ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔၊ နံနက္ ၁၀ နာရီ က်င္းပ ျပဳလုပ္ခဲ့တဲ့ အလြတ္သေဘာ အစည္းအေဝးမွာ သူ႔ မိန္းမ ၾကဴၾကဴလွကို အနစ္ နာခံသူ ဆရာမလို႔ အမႊန္းတင္ ခ်ီးမြမ္း ခန္း ဖြင့္ခဲ့ တယ္လို႔ စစ္ေကာင္စီ အဖြဲ႕ဝင္ ေကာင္စီဝင္တစ္ဦးက ရန္ကုန္ ေခတ္ သစ္ သတင္း ဌာနသို႔ ေျပာဆိုပါတယ္။

ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ ဗိုလ္ရႈခံ အခမ္းအနားအၿပီး ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ နံနက္ ၁၀ နာရီမွာ စစ္ေကာင္စီ႐ုံးအစည္းအေဝးမွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ၊ စစ္ ေကာင္စီအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၿပီး ေကာင္စီဝင္ ရာျပည့္နဲ႔ ရဲဝင္းဦး ကေတာ့ ခရီးလြန္ေနလို႔ မတက္ေရာက္ႏိုင္ခဲ့ပါဘူး။

ဒါ့အျပင္ မင္းေအာင္လႈိင္ ပူပူေႏြေႏြးခန႔္ထားတဲ့ ရန္ကုန္ တိုင္းဝန္ႀကီးခ်ဳပ္ စိုးသိန္း လည္း က်န္းမာေရး မေကာင္းလို႔ အဲဒီအစည္းအေဝးကို မ တက္ ေရာက္ ႏိုင္ခဲ့ပါဘူး။

အစည္းအေဝးအဖြင့္မွာ မင္းေအာင္လႈိင္က ဗိုလ္ရႈသဘင္ေအာင္ျမင္လို႔ဆိုၿပီး ေပ်ာ္႐ႊင္ ျမဴးတူးေနတယ္လို႔ စစ္ေကာင္စီ အဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

“၁၂ ရက္ေန႔ ဗိုလ္ရႈသဘင္ပြဲ ေအာင္ျမင္တာကို သူအရမ္းေပ်ာ္ေနတာ။ ဝင္လာ တဲ့ သူေတြလည္း အစည္း အေဝးခန္းထဲကို တရင္းတႏွီးလိုက္ႏႈတ္ဆက္တယ္။ ေပ်ာ္ ေနတာ။ သူ႔ကို ဝိုင္းၿပီး ေဝဖန္ၾကတယ္ေပါ့။ ဒီပြဲေအာင္ျမင္မွာ မဟုတ္ ဘူး ေျပာတယ္ေပါ့။ ဒါကို သူေအာင္ျမင္ေအာင္လုပ္ႏိုင္တယ္။

ဒီပြဲေအာင္ျမင္လို႔ တိုင္း ျပည္ကံၾကမၼာေကာင္းလာၿပီလို႔ သူယုံၾကည္တယ္ဆိုတာ ထည့္ေျပာတယ္။ ဒီပြဲႀကီးက ခမ္းနားတယ္။ သမိုင္းမွတ္ေက်ာက္လည္း တင္သြားၿပီ ေျပာတယ္။ ဧည့္ပရိသတ္မပါဘဲ ဝန္ထမ္း ၁၀၄၀၈ ဦးနဲ႔ အရမ္းခမ္းနားႀကီးက်ယ္တယ္ေပါ့။ စၿမဳံ ျပန္တာေပါ့” ဟု ေကာင္စီဝင္တစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ သူ႔မိန္းမ ၾကဴၾကဴလွ ဆရာမကိုလည္း အနစ္နာခံတတ္သူ ဆရာမ အျဖစ္ မင္းေအာင္လႈိင္ကအစည္း အေဝးမွာ ခ်ီးက်ဴးသြားတယ္လို႔ သိရပါတယ္။ မင္းေအာင္လႈိင္က ဇနီးကို ခ်ီးမြန္းခန္းဖြင့္ရာမွာ သူ႔ဇနီးၾကဴၾကဴလွက ေက်ာင္း ဆရာမ ျဖစ္ေၾကာင္း၊ ဆရာဆိုတာ ဝါသနာ၊ ေစတနာ၊ အနစ္နာ နာ ၃ နာ အလုပ္ လုပ္သူျဖစ္ေၾကာင္း၊ ၾကဴၾကဴလွဟာ စာသင္တာ ဝါ သနာပါသူျဖစ္ၿပီး မဟာဘြဲ႕တန္း တက္ကတည္းက အခ်ိန္ပိုင္း နည္းျပ အျဖစ္ လုပ္သား ေကာ လိပ္မွာ ေက်ာင္း ဆရာမ လုပ္ခဲ့ေၾကာင္း၊

သူ တပ္ရင္းမႉးျဖစ္ခ်ိန္မွာ အလုပ္ ထြက္ခိုင္းလိုက္လို႔ သူ႔ကို အေလးထား၍ အလုပ္ထြက္တာျဖစ္ေၾကာင္း၊ ၾကဴၾကဴ လွက အလုပ္မထြက္ခ်င္ဘူးလို႔ သူ႔ကို တဖြဖြ ေျပာေၾကာင္း၊ အခုဆိုရင္ ၾကဴၾကဴ လွ တပည့္ေတြ ပါေမာကၡခ်ဳပ္ေတြပင္ ျဖစ္ေနၿပီျဖစ္ေၾကာင္း၊ ၾကဴၾကဴလွကဲ့သို႔ ေသာ ဆရာမမ်ားဟာ အနစ္နာခံ လုပ္ခဲ့သူမ်ားျဖစ္တာကို ေျပာခ်င္ေၾကာင္း မင္း ေအာင္လႈိင္က ေျပာဆိုသြားခဲ့ပါတယ္။

မင္းေအာင္လႈိင္က သူ႔အေနနဲ႔ ပုံမွန္ Online သုံးေၾကာင္း၊ ၿမိဳင္ၿမိဳ႕မွ ေက်ာင္း ဆရာမ တစ္ဦး အသတ္ခံရတဲ့ သတင္းကို သူ၏ အသိမိတ္ေဆြက အြန္လိုင္းမွ ေပးပို႔လာေၾကာင္း၊ သတင္းမွန္၊ မမွန္ မသိေပမယ့္ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ မနက္ပိုင္း အဲဒီသတင္းကို ဖတ္ၿပီး စိတ္မ ေကာင္း ျဖစ္ရေၾကာင္း ထည့္ သြင္းေျပာဆိုသြားခဲ့ပါတယ္။ khit thit

========

မင်းအောင်လှိုင်က သူ့မိန်းမကြူကြူလှကို အနစ်နာခံသူ ဆရာမဟု စစ် ကောင် စီ အစည်းအဝေးမှာ အမွှန်းတင်ချီးမွမ်းခန်းဖွင့်၊ ဧည့်ပရိသတ်မပါတဲ့ ဗိုလ်ရှု သ ဘင် အောင်မြင်တယ်လို့ဆိုပြီး မင်းအောင်လှိုင် ပျော်နေ၊ Online ပုံမှန် သုံး နေ တယ်လို့ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အကြမ်းဖက် စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ကျင်းပ ပြုလုပ်ခဲ့တဲ့ အလွတ်သဘော အစည်းအဝေးမှာ သူ့ မိန်းမ ကြူကြူလှကို အနစ် နာခံသူ ဆရာမလို့ အမွှန်းတင် ချီးမွမ်း ခန်း ဖွင့်ခဲ့ တယ်လို့ စစ်ကောင်စီ အဖွဲ့ဝင် ကောင်စီဝင်တစ်ဦးက ရန်ကုန် ခေတ် သစ် သတင်း ဌာနသို့ ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဗိုလ်ရှုခံ အခမ်းအနားအပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှာ စစ်ကောင်စီရုံးအစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ် ကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး ကောင်စီဝင် ရာပြည့်နဲ့ ရဲဝင်းဦး ကတော့ ခရီးလွန်နေလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် မင်းအောင်လှိုင် ပူပူနွေနွေးခန့်ထားတဲ့ ရန်ကုန် တိုင်းဝန်ကြီးချုပ် စိုးသိန်း လည်း ကျန်းမာရေး မကောင်းလို့ အဲဒီအစည်းအဝေးကို မ တက် ရောက် နိုင်ခဲ့ပါဘူး။

အစည်းအဝေးအဖွင့်မှာ မင်းအောင်လှိုင်က ဗိုလ်ရှုသဘင်အောင်မြင်လို့ဆိုပြီး ပျော်ရွှင် မြူးတူးနေတယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“၁၂ ရက်နေ့ ဗိုလ်ရှုသဘင်ပွဲ အောင်မြင်တာကို သူအရမ်းပျော်နေတာ။ ဝင်လာ တဲ့ သူတွေလည်း အစည်း အဝေးခန်းထဲကို တရင်းတနှီးလိုက်နှုတ်ဆက်တယ်။ ပျော် နေတာ။ သူ့ကို ဝိုင်းပြီး ဝေဖန်ကြတယ်ပေါ့။ ဒီပွဲအောင်မြင်မှာ မဟုတ် ဘူး ပြောတယ်ပေါ့။ ဒါကို သူအောင်မြင်အောင်လုပ်နိုင်တယ်။

ဒီပွဲအောင်မြင်လို့ တိုင်း ပြည်ကံကြမ္မာကောင်းလာပြီလို့ သူယုံကြည်တယ်ဆိုတာ ထည့်ပြောတယ်။ ဒီပွဲကြီးက ခမ်းနားတယ်။ သမိုင်းမှတ်ကျောက်လည်း တင်သွားပြီ ပြောတယ်။ ဧည့်ပရိသတ်မပါဘဲ ဝန်ထမ်း ၁၀၄၀၈ ဦးနဲ့ အရမ်းခမ်းနားကြီးကျယ်တယ်ပေါ့။ စမြုံ ပြန်တာပေါ့” ဟု ကောင်စီဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သူ့မိန်းမ ကြူကြူလှ ဆရာမကိုလည်း အနစ်နာခံတတ်သူ ဆရာမ အဖြစ် မင်းအောင်လှိုင်ကအစည်း အဝေးမှာ ချီးကျူးသွားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ဇနီးကို ချီးမွန်းခန်းဖွင့်ရာမှာ သူ့ဇနီးကြူကြူလှက ကျောင်း ဆရာမ ဖြစ်ကြောင်း၊ ဆရာဆိုတာ ဝါသနာ၊ စေတနာ၊ အနစ်နာ နာ ၃ နာ အလုပ် လုပ်သူဖြစ်ကြောင်း၊ ကြူကြူလှဟာ စာသင်တာ ဝါ သနာပါသူဖြစ်ပြီး မဟာဘွဲ့တန်း တက်ကတည်းက အချိန်ပိုင်း နည်းပြ အဖြစ် လုပ်သား ကော လိပ်မှာ ကျောင်း ဆရာမ လုပ်ခဲ့ကြောင်း၊

သူ တပ်ရင်းမှူးဖြစ်ချိန်မှာ အလုပ် ထွက်ခိုင်းလိုက်လို့ သူ့ကို အလေးထား၍ အလုပ်ထွက်တာဖြစ်ကြောင်း၊ ကြူကြူ လှက အလုပ်မထွက်ချင်ဘူးလို့ သူ့ကို တဖွဖွ ပြောကြောင်း၊ အခုဆိုရင် ကြူကြူ လှ တပည့်တွေ ပါမောက္ခချုပ်တွေပင် ဖြစ်နေပြီဖြစ်ကြောင်း၊ ကြူကြူလှကဲ့သို့ သော ဆရာမများဟာ အနစ်နာခံ လုပ်ခဲ့သူများဖြစ်တာကို ပြောချင်ကြောင်း မင်း အောင်လှိုင်က ပြောဆိုသွားခဲ့ပါတယ်။

မင်းအောင်လှိုင်က သူ့အနေနဲ့ ပုံမှန် Online သုံးကြောင်း၊ မြိုင်မြို့မှ ကျောင်း ဆရာမ တစ်ဦး အသတ်ခံရတဲ့ သတင်းကို သူ၏ အသိမိတ်ဆွေက အွန်လိုင်းမှ ပေးပို့လာကြောင်း၊ သတင်းမှန်၊ မမှန် မသိပေမယ့် စိတ်မကောင်းဖြစ်ရကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်း အဲဒီသတင်းကို ဖတ်ပြီး စိတ်မ ကောင်း ဖြစ်ရကြောင်း ထည့် သွင်းပြောဆိုသွားခဲ့ပါတယ်။ khit thit

 

Leave a Reply

Your email address will not be published.