



credit

Unicode

အိမ်စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် ရစရာ အမွေလည်း မရှိတော့ရော အိမ်ကနေ မောင်းထုတ်ခြင်းခံ လိုက်ရသည့် မိခင်အိုကြီး

ဖြစ်စဉ်မှာဗီယက်နမ်နိုင်ငံမှအသက်၉၃နှစ်အရွယ်အဖွားအိုတစ်ဦးသည်နေပူပူလမ်းဘေးတွင်အိပ်စက်အနားယူခဲ့ရသည့် အဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့နေသည်

အဖွားအိုသည် သားသမီးများရှိပြီး ချွေးမဆိုးနှင့်အတူ နေထိုင်ခဲ့ရရာ တစ်နေ့တွင် အိမ်ရောင်းစာချုပ်၌ အဖွားအိုအား လက်မှတ်ထိုးခိုင်းခဲ့သည်

အဖွားအိုခမျာ အသက်ကြီးပြီဖြစ်၍ အမြင်အာရုံလည်း ပျောက်ကွယ်လု နီးပါးဖြစ်နေကာ စာရေးစာဖက်လည်း မတတ်သည့်အတွက် သားသမီးစိတ်ချမ်းသာသလို လက်မှတ်ထိုးပေးခဲ့သည်

ထိုစဉ် သားမိုက် သမီးမိုက်တို့သည် အိုတိအိုမ မိခင်ကြီးထံမှ ရစရာအမွေလည်း မကျန်တော့သည့်အခါ အိမ်ပေါ်ကနေ မောင်းချခဲ့၍ အဖွားအိုခမျာ လမ်းဘေးထောင့် တစ်နေရာတွင် လဲလျောင်းနေ ရခြင်းဖြစ်သည်

အိမ်နီးချင်းများမှ အဖွားအိုဧ။် အဖြစ်အား မမြင်ရက်၍ နေပူသည့်အတွက် ထီးကလေးမိုးကာပေးရင်း အခြားသူများကိုလည်း အကူအညီတောင်းခဲ့သည်။

credit

Leave a Reply

Your email address will not be published. Required fields are marked *