မိုဘိုင်းလ်ဖုန်းအသုံးပြု သူတွေ အင်တာနက် ဘယ်လိုသုံးလိုက် တယ် အင်တာနက်အသုံးပြုမှု နှုန်းထား ကို  တိကျစွာ သိရှိဖို့အပြင် အင်တာနက် သုံးစွဲချိန်တိုင်းမှာ သတ်မှတ်ထားတဲ့

အင်တာနက်အသုံးပြုမှု ပမာဏများအ တွင်းမှ ဒေတာများလျော့နည်းသွားခြင်း သို့မဟုတ် အသုံးမပြုပေမဲ့ ဖုန်းဘီလ်တွေ ဖြတ်တောက်ခံရခြင်းတွေက

ကင်းဝေးနိုင် စေဖို့မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေကို အသိ ပညာပေးမြှင့်တင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်

သည်အစီအစဉ်ကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT, Ooredoo, Telenor နဲ့ My Tel တို့ ပူးပေါင်းပြီး ဆောင်ရက်မှာ ဖြစ်ပါတယ်

အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် မလိုလားအပ်ဘဲ ဒေတာများ ကုန်ဆုံးခြင်းမှ လျှော့ချနိုင်စေရေး နည်းလမ်း ၁၀ ချက်

၁ အလိုအလျောက် update ပြုလုပ် ခြင်းကို ပိတ်ထားပါ

ဖုန်းအတွင်းမှ အလိုအလျောက် update ပြုလုပ်ခြင်းကို ပိတ်ထားရန် လို အပ်ပြီး ၄င်းက သင့်ဖုန်းအတွင်းမှ ဒေတာ တွေကို သင်သတ်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ လိုအပ်သည်ထက်ပို၍ အသုံး ပြုလိုက်နိုင်သည်ကို သတိပြုပါ

၂ အပလီကေးရှင်းများကို WiFi ဖြင့် သာ update လုပ်ပါ

များစွာသော မိုဘိုင်းလ်အသုံးပြုသူ များက၄င်းတို့ရဲ့ အပလီကေးရှင်းများကို မိုဘိုင်းလ်ဖုန်းဒေတာဖြင့် update ပြု လုပ်ရန်အဆင်ပြေသော်လည်း ထိုသို့ပြု လုပ်ခြင်းက

ဖုန်းအတွင်းရှိ အပလီကေး ရှင်းများကို အလိုအလျောက ် update ပြု လုပ်ခြင်းများဖြစ်တတ်ပြီး ဖုန်းအတွင်းမှ ဒေတာပမာဏများစွာကို အသုံးပြုလိုက် နိုင်ပါတယ်

၃ Background  ဒေတာများကို ကန့် သတ်ထားပါ

အချို့သော အပလီကေးရှင်းများ သည် ဖုန်းအသုံးမပြုသည့်အချိန်များ၌ပင် ဒေတာ ပမာဏများစွာကို အသုံးပြုနေ လျက်ရှိခြင်းကြောင့် မိမိတို့အသုံးမပြုတော့ သည့် အပလီကေးရှင်းဟောင်းများကို ဖုန်းအတွင်းမှ ဖျက်ပစ်ရန်လိုအပ်ပါတယ်

၄ မိမိတို့၏ အကောင့်များ တစ်ခုနှင့်တစ်ခု ဒေတာများ ထပ်တူကူးယူနေမှုရှိ/မရှိ
သတိပြုပါ

အများအားဖြင့် အပလီကေးရှင်းများ နှင့် ဝန်ဆောင်မှုအများစုမှာ ဒေတာများ အားတစ်ခုမှ တစ်ခုသို့ ထပ်တူကူးယူမှု လုပ် ဆောင်ချက်မှာ မိမိတို့ အသုံးမပြုသော် လည်း ကနဦးကတည်းကပင် ပါဝင်လေ့ရှိ ပါတယ်

၅ အွန်လိုင်းကြော်ငြာ Ads များကို ရှောင် ရှားပါ

အွန်လိုင်းကြော်ငြာများမှာ မိမိတို့၏ အင်တာနက်ဒေတာအများအပြားကို ကုန် ဆုံးသွားနိုုင်စေသည်ကို သတိပြုမိရန်လို အပ်ပါတယ်

၆  ပေါ့ပါးပြီး ဒေတာအသုံးပြုမှုနည်းသော Browser များကိုသုံးပါ

ဖုန်းအတွင်း အလိုအလျောက်ပါဝင် သည့်အင်တာနက်ရှာဖွေရေးဆိုက် Browser များမှာ ဒေတာ အသုံးပြုမှုများပြား တတ်ခြင်းကြောင်း ဒေတာအသုံးပြုမှုနည်း သည့် Browser များကို ထည့်သွင်းအသုံး ပြုပါ

၇ အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုမှုများ အ တွက် သတိရှိပါ

အွန်လိုင်းမှ ဗီဒီယိုများ၊သီချင်းများနှင့် အရည်အသွေးမြင့် ဓာတ်ပုံများ၊ အသံဖိုင် များ တိုက်ရိုက်ကြည့်ရှုခြင်းဖြင့် မိုဘိုင်းလ် ဒေတာ

အများအပြားကို ကုန်ဆုံးသွားစေ နိုင်သောကြောင့် ဖုန်းအတွင်းခံစားမှု အရည်အသွေးကို ထိခိုက်ခြင်းမရှိသည့် အရည်အသွေးလျှော့ချထားသည့် ဗီဒီယို များကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်

၈ ဒေတာမည်မျှ အသုံးပြုမည်ကို ဖုန်း အတွင်း ကန့်သတ်သတ်မှတ်ထားပါ

မိမိတို့၏ ဖုန်းများအတွင်း ဒေတာကို မည်မျှသာ အသုံးပြုမည်ဖြစ်ကြောင်း လွယ် လွယ်ကူကူ ကန့်သတ်သတ်မှတ်ထားနိုင် ပြီး ၄င်းက

မက်ဂါဘိုက်များ ပိုမိုသက်သာ သွားစေမှာဖြစ်ကာ အပိုအသုံးပြုခြင်းများ အတွက် မတန်တဆငွေပေးချေရခြင်းများ ကနေ  သက်သာသွားစေနို်င်မှာပါ

၉ ဖေ့စ်ဘုတ်ခ်တွင် ဗီဒီယိုများ အလိုအ လျောက်ပြသခြင်းစနစ်ကို ပိတ်ထားပါ

ဖေ့စ်ဘုတ်ခ်၏ စာမျက်နှာကို အောက် သို့ ဆွဲလိုက်စဉ် ဗွီဒီယိုများ အသံနှင့်တကွအလိုအလျောက် ပြသနေခြင်းစနစ်မှာ ဒေ တာများ ကုန်ဆုံးခြင်းသာမကရုတ်တရက်

စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော ကြောင့် ၄င်းစနစ်ကို ပိတ်ထားခြင်းဖြင့်ဒေ တာများ ကုန်ဆုံးခြင်းကို လျှော့ချနိုင်မှာ ဖြစ် ပါတယ်

၁၀ ဒေတာပမာဏ သတ်မှတ်ပေးထား သည့် ပက်ကေ့ချ်များကို သုံးပါ

ဒေတာပက်ကေ့ချ်များမှာ သုံးစွဲသူ များ၏ ဖုန်းဘီလ်ကို များစွာ သက်သာနိုင် စေသကဲ့သို့ အော်ပရေတာများအနေဖြင့် လည်း သုံးစွဲသူအမျိုးမျိုးအပေါ်မူတည်၍ သင့်လျော်မည့် ဒေတာပက်ကေ့ချ်အမျိုး အစားများစွာကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်

အဆိုပါ ပက်ကေ့ချ်များမှာ သုံးသ လောက်ပေးစနစ်ထက် ကုန်ကျစရိတ်များ စွာသက်သာစေနိုင်ပြီး မိမိတို့၏ ကုန်ကျမှု များကို  လျှော့ချနိုင်မှာ ဖြစ်ပါတယ်

မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းလ်သုံးစွဲ သူများအားလုံးအနေဖြင့် မိမိတို့၏ စမတ် ဖုန်း setting များကို ပြန်လည်စစ်ဆေး ရန်နှင့် အင်တာနက်ကွန်ရက်ချိတ်ဆက် ထားစဉ်

ဒေတာအသုံးပြုမှုနဲ့ ပတ်သက် ပြီး သတ်မှတ်တိုင်းထွာသည့် အလေ့ အကျင့် မျိုး ထားရှိတတ်စေရန် အော်ပရေ တာ အားလုံးက တိုက်တွန်းလိုက်ပါ တယ်

ဖုန်းဘီလ်ဖြတ်တောက်မှုများ၊ လက် ကျန်ငွေပမာဏကိစ္စများ၊ ဒေတာအသုံး ပြုမှုတွေနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုရင် သက်ဆိုင်ရာ အော်ပရေတာအသီးသီးရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာများ ဒါမှ မဟုတ်ဝက်ဘ်ဆိုက်တွေနဲ့ Call Center တွေကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ် Credit- တုံတုံ

 

Leave a Reply

Your email address will not be published.