ခန့်မှန်းထားသည့်အတိုင်း ရုရှားသမ္မတ ပူတင် စ၍ မွှေပါပြီ

ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ လွတ်မြောက်နယ်မြေ ၂ခုဖြစ်ကြတဲ့Luhanskနှင့်Donetskတို့ကိုအချုပ်အခြာအာဏာပိုင်နိုင်ငံများ
အဖြစ်အသိမှတ်ပြု​တဲ့အနေဖြင့် အမိန့်ဒီကရီကြေညာ ချက် နှစ်ရပ်ကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ နေ့စွဲဖြင့် လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်ကြေညာလိုက်ပါ


သည်။

အဲဒိလို ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက်မှာ ၎င်းနယ် နှစ်ခုကို အကာအကွယ်ပေးပြီး၊ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့အနေဖြင့် ၎င်းနေရာများသို့ ရုရှားတပ်
တွေကို စေလွှတ်တော့မည်ဖြစ်ပြီး၊အမိန့်ညွှန်ကြားချက်လည်း ပေးထားပြီးပြီလို့သိရှိရပါသည်။

အဲဒိအရေးကြောင့် လက်ရှိ၌ ကုလ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးလုပ်နေပါပြီ။တရုတ်ကတော့
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ရန် တောင်းဆိုလိုက်ပါသည်။ယူကရိန်းမှာ ရှိနေကြတဲ့အမေရိကန်သံရုံးဝန်ထမ်းတွေဟာပိုလန်နိုင်ငံသို့ ထွက်ခွါ ရွှေ့ပြောင်းလိုက်ကြပြီလည်းဖြစ်ကြသလို၊

သြစတြေးလျ သံရုံးဝန်ထမ်းတွေလည်း ပိုလန်သို့မဟုတ် ရိုမေးနီးယားနိုင်ငံ တခုခုသို့ ရွှေ့ပြောင်း
ကြဖို့ရန် သြစတြေးလျ အစိုးရက ညွှန်ကြားခဲ့ပြီးလည်းဖြစ်ပါသည်။လက်ရှိသတင်းများအရ ရုရှားက ထိုနယ် နှစ်ခု၌ စစ်လက်နက်အင်အား အပြည့်အစုံနဲ့တပ်ဖြန့်နေရာယူနေပြီလို့လည်းသိရှိရပါသည်။

ရုရှားရဲ့ အခုလိုလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်ကမ္ဘာ့ရွှေဈေး၊ရေနံဈေးတို့ကအတက်ရှိနေကြပြီး၊ခရစ်တိုငွေကြေးတွေကတော့ အကျဖိအားဝင်ပြီးတော့ အကျဘက်သို့ ဆင်းနေကြပါသည်။စတော့တွေ အကျ
ဘက် ဆင်းနိုင်ချေ ရှိနိုင်။

ရေနံ၊ရွှေဈေးတို့ကလက်ရှိ အနေအထားကနေ ဆက်ပြီးအတက်ရှိနိုင်သေးပါသည်။ပြီးခဲ့တဲ့၁၉၉၀နှစ်ထဲ
၌ အီရတ်က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်မှု လုပ်ခဲ့စဉ်တုန်းက

ရေနံဈေးဟာတစည်ပေါက်ဈေး ဒေါ်လာ ၂၀ ကနေ ဒေါ်လာ၄၀အထိ နှစ်ဆတက်သွားခဲ့ပါသည်။ရုရှားစတော့တွေက တရက်တည်းအတွင်း အကျ
နှုန်း-၁၄%အထိ ရှိခဲ့ပြီလည်းဖြစ်ပါသည်။

KoNayNay

Leave a Reply

Your email address will not be published.