အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်တွေ ICJကအပြန် ဆဲဆိုဆန္ဒပြခံရ (ရုပ်သံ)

သည်ဟိတ်၊ ဖေဖော်ဝါရီ ၂၂

လူငယ့်ခေတ်

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဖေဖေါ်ဝါရီ ၂၁ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေးကြားနာမှုအပြီး သည်ဟိတ်ရောက် မြန်မာပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်တွေကို ဆဲဆိုကာ ဆန္ဒပြခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ(ကိုယ်စားလှယ်)ဖက်က ICJ မှာ တရားစီရင်ပိုင်ခွင့်မရှိဖူးလို့ ကနဦး ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်းလဲ သိရပါတယ်။

ဖေဖေါ်ဝါရီ (၂၁) ရက်နေ့ကနေ ဖေဖေါ်ဝါရီ(၂၈) ရက်နေ့အထိ ကြားနာမှု လုပ်မှာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ လက်အောက်ခံ ကိုယ်စားလှယ်

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က အမှုကို ICJ တရားရုံးက လက်ခံကြားနာရန် မသင့်ကြောင်း ရှင်းလင်းပြောကြားမယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

(ရိုဟင်ဂျာများနှင့်ပတ်သက်ပြီး ထိခိုက်မှုမရှိသည့်အတွက် တရားစွဲရန်မလိုဟု အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်က ICJ မှာ ထည့်သွင်းချေပတဲ့ သတင်းကို ယခုလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်

======


သည်ဟိတ်၊ ဖေဖော်ဝါရီ ၂၂

လူငယ့်ခေတ်






Leave a Reply

Your email address will not be published.