မျက်ရည်များစွာနဲ့တိုက်ခဲ့ကယ်ခဲ့ကုခဲ့ရတဲ့နေ့ ( ၁၇.၂.၂၀၂၂) မိုးဗြဲတိုက်ပွဲ

Dove KK အဖွဲ့ ခေါင်းဆောင် K2 မှ မျက်ရည်များစွာနဲ့ ရေးခဲ့ရတဲ့ တိုက်ပွဲမှတ်တမ်း

ကျဆုံးသွားတဲ့ရဲဘော်တွေဘဲ များတယ်ထင်လား။ ဒဏ်ရာရရဲဘော် တွေကိုလည်း အသက်နဲ့ ရင်းပီးကယ်ထုတ်ခဲ့ကြရပါတယ်။ ဆေးတပ်သားကယ်ဆယ်ရေးသမားများသာ Fire zone မှာ မရှိခဲ့ရင် ကျဆုံးမှုက ခုထက်နှစ်ဆ ဖြစ်သွားမှာပါ။

Dove kk အဖွဲ့ရဲ့ ရှေ့တန်းဆေးတပ်အဖွဲ့နဲ့ရဲဘော်များနှင့် ဆေးအထိုင်ဖွဲ့ ဆရာဝန်ဆရာမများ၊ မိုးဗြဲ rescuse Team ကညီအကိုများ ဆရာမများ၊ DMO medic unit မှညီအကိုများ၊ကျဆုံးခဲ့ရတဲ့ Dr. အောင်ကြီး (ခ) Dr.စွမ်းထက်အောင် နှင့်ဆေးတပ်သား မြတ်မင်းခန့်တို့ ကိုရဲဘော်တွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်။ လေးလည်းလေးစားပါတယ် ။

မနက်အစောပိုင်းလောက်ကတည်းကတိုက်ပွဲစခဲ့ကြတယ်။စစ်ခွေးတွေဖက်ကတင့်အပါဝင်စစ်ကြောင်းသုံးကြောင်းတက်တယ်။ မနက်ပိုင်းမှာရဲဘော်တစ်ယောက် ကျဆုံးခဲ့ရပီး ကျွန်တော်တို့ဖက်က အသာစီးရခဲ့တယ်။

နေ့လည်ဖက်မှာ စစ်ခွေးဖက်က ပိတ်မိခဲ့ပီး မိုးဗြဲ ၄၂၂ စစ်တပ်ကနေ လက်နက်ကြီး ၁၂၀ မမတွေ ဆက်တိုက်ပစ်ခဲ့တယ်။ တပ်ထဲမှာ၁၂၀ မမ ဘယ်လောက်များလည်းတော့မသိဘူး စစ်ကြောင်းသုံးဖက်လုံးကိုဆက်တိုက်ပစ်ခံခဲ့ရတယ်။

အဲဒီမှာဘဲကျွန်တော်တို့ရဲဘော်တွေစထိခဲ့ကြတယ်။နှစ်ယောက်စထိတယ် Dove kkရှေ့တမ်းရဲဘော် အဖွဲ့နဲ့ မိုးဗြဲrescuseကညီအကိုတွေတက်ဆွဲကြတယ်။ ပတ်တီးလေးတွေနဲ့ဆေးအထိုင်ကိုရောက်လာကြတယ် ။

ကျဆုံးခဲ့ရတဲ့DR. စွမ်းထက်အောင်နဲ့ ဆေးတပ်သားလေးကလုပ်ပေးလာတာအရေးပေါ်။ ခဏကြာတော့နောက်တစ်ယောက် ၊ နောက်တစ် ယောက် ဆေးအဖွဲ့တွေအလုပ်ရှုပ်နေပီ။

နောက်တော့ icon ကနေအသံလေးကြားလာရတယ် ဆရာရေ ဆရာဝန်ကြီးကျပီတဲ့ ဆွဲလို့မရဘူးတဲ့ ( လူနာကယ်နေရင်းလက်နက်ကြီးထိတာ)ကျွန်တော်နဲ့ အဖွဲ့တစ်ယောက်ကခေါင်းဆောင် ရုပ်ကျိုးပြတ်သွားတယ်။

စိတ်ဓာတ်ကျမှာဆိုးလို့ဘယ်သူမှပြန်မပြောခဲ့ဘူး၊ icon ကနေ အသံပြန်ပေါ် လာတယ်နောက်ထပ်၈ ယောက်၊၈ ယောက် ကားမလောက်တော့ဘူး။ကျွန်တော်တို့ဆရာဝန်၊ ဆရာမတွေပို့တဲ့အရေးပေါ် ကားဘဲကျန်တယ်။ ယူသွားသယ်ခဲ့ဆရာတစ်ယောက်အော်ပြောတယ် လူနာဦးစားပေးတဲ့ ၊ ရှေ့တန်းမှာဆွဲပေးတဲ့dove kkအဖွဲ့S Force နှင့်မိုးဗြဲ rescuse ကညီအကိုတွေလည်း အသက်ရင်းပီး တက်ဆွဲကြတယ်။

လက်နက်ကြီးကြားထဲ၊ နောက်တော့ တစ်ယောက်ပီးတစ်ယောက် ရောက်လာတယ် dead body တစ်ခုပါလာတယ်။ ဆရာ ဆရာ ဆရာ့ကလေး ဆရာတပည့် မြတ်မင်းခန့်တဲ့ ( ရဲဘော်တွေကို၆၀ မမလက်နက်ကြီးထိလို့တက်ကယ်ရင်းလက်နက်ကြီးပြန်ထိသွားကြတာရဲဘော်တွေတစ်ယောက်ပီးတစ်ယောက်)။

ဒီနေရာမှာ ရဲဘော်တွေကို အသက်နဲ့ရင်းပီးရခဲ့တဲ့ အတွေ့ကြုံက ထိပ်တိုက်ရင်ဆိုင်တဲ့ပွဲတွေ ဆိုရန်သူနဲ့ နီးရင် စုမနေကြပါနဲ့။ မြင်နေရရင် ၆၀မမ ပစ်ဖို့အရမ်းလွယ်ပါတယ်။ ပစ်ရင် တစ်လုံးတည်းမပစ်ပါဘူး။ လေးလုံးဆက် တစ်နေရာတည်းကို ပစ်ပါတယ်။ ကျတဲ့နေရာတွေကနေအရင်ရွှေ့ရပါမယ်။ ဒါမဟုတ်ခဏဖြစ်ဖြစ်စောင့်ရပါမယ်။

ကျွန်တော်တို့ရဲဘော်တွေအပါဝင်dr စွမ်း၊ ဆေးတပ်သားမြတ်မင်းခန့်တို့ဟာ ရဲဘော်တွေ တစ်ယောက် ကိုတစ်ယောက်ကယ်ကြရင်းအသက်ပေးသွားကြပါတယ်၊၊ တစ်နေရာတည်းမှာဘဲတစ်ယောက်ပီးတစ်ယောက်ရဲဘော်တွေအများကြီးပုံကျသွားတာပါ ) ကျွန်တော်တို့လုံးဝရုပ်ကျိုးပျက်သွားပီ၊

ဆရာ၊ ဆရာမတွေက လူနာတွေနဲ့အထဲမှာရှုပ်နေပီ။ ဒါပေမယ့်အထဲက ကျွန်တော်ဆရာ ဆရာမတွေသူတို့ကလေးကျသွားတာသိမှာဆိုးလို့အားတင်းပီး body လေးကို ဆေးအထိုင်အပြင်မှာဘဲချထားရတယ် ။ ကလေးကရုပ်မပီတော့ဘူးဗျာ

သူ့သူငယ်ချင်းတွေက body ဘေးမှာငိုချင်းချနေပီဗျာ ၊ ပီးတော့ icon ကအသံပြန်ပေါာလာပြန်ပီဗျာ icon ကိုကိုင်ရမှာတောင်ကြောက်နေပီ ၊ နောက်ထပ်ထိပီထိပီကျပီကျပီ ။ ကျွန်တော်လည်းကျွန်တော် dove kk S Force နဲ့ရှေ့တမ်းဆေးအဖွဲ့ကိုအရမ်းစိုးရိမ်နေပီ icon ကနေပြောတာ အဆက်သွယ်ကပြတ်သွားပီ။

ဆေးထိုင်ထားတဲ့နေရာကလည်းFire zone ဖြစ်လာပီ နီးလာတော့ လက်နက်ကြီးတွေဘေးမှာကျ ဒီမှာလည်းလူနာတွေနဲ့ ဆရာဝန် ဆရာမ ၅ ယောက်ထဲနဲ့ အထဲမှာကုနေကြရတယ်။

နောက်ကယ်ဆယ်ရေးအသင်းက ခေါင်းဆောင် ရောက်လာတယ် ဆရာ ဆရာရေတဲ့ ကျွန်တော်နား မထောင်ချင်ခဲ့ဘူး ခံစားချက်မကောင်းနေဘူး။ pdf အဖွဲ့ထဲကကျွန်တော့်ညီအရင်းနှင့် ညီဝင်းကွဲနှစ် ယောက်လုံးကျပီတဲ့ body တောင်ဆွဲလို့မရဘူးတဲ့။ ဟာ ကျွန်တော်ကိုယ်တိုင်မနည်းအားတင်းထားရပီး အားပေးနေရတယ်။ ကျွန်တော်တို့ဒီမှာ အများကြီးကယ်ထုတ်ရအုံးမယ်၊

ညနေ၄:၃၀ လောက်ရောက်သွားပီ။ ကျွန်တော်တို့တစ်ဖက်မှာလည်းပိတ်မိသွားပီ ဆေးအထိုင်ဟာ စစ်ကြောင်းတွေရဲ့အလယ်မှာပိတ်မိသွားပီ ပြန်ထွက်ဖို့လမ်းမရှိတော့ဘူး ပတ်ပတ်လည်ထုခံနေရပီ။

တပ်ကူတွေတောင်းပီး ထွက်ဖို့တစ်ဖက်ကိုဖိတိုက်ခိုင်းရပီ လူနာတွေအကုန်ပိတ်မိနေပီ ဆေးရုံကိုလွှဲဖို့လမ်းမရှိခဲ့ဘူး ။ ဒီလောက်ဖြစ်နေပီဗျာ မတော်သေးဘူးလားဗျာ ကျွန်တော်ဆုတောင်းတယ်၊ ဆုတောင်းမပြည့်ခဲ့ပြန်ဘူး ရဲဘော်တွေထပ်ရောက်လာတယ် လူနာတွေကော ငိုပီးရောက်လာတဲ့ရဲဘော်တွေကော။

ဆရာ ကျွန်တော့် သူငယ်ချင်းတွေ ထိပီးကျန်ခဲ့ပီတဲ့ဗျာ body တောင်တက်ဆွဲလို့မရတော့ဘူးတဲ့ ။

တစ်ဖြည်းဖြည်း အရှေ့မှာကျန်ခဲ့တဲ့ရဲဘော်တွေများလာတယ် ၊ ဒီအထဲမှာပိတ်မိနေကြတယ် ရဲဘော်တွေကော လူနာတွေကော ဆရာဝန်တွေကောအများကြီး။

လက်နက်ကြီးလည်းဆက်တိုက်ကျတယ် ကျွန်တော်တို့ဂရုတောင်မစိုက်တော့ဘူး ၊ အဲအချိန်မှာ ၆နာရီကျော်ကျော် မအလ ခွေးတပ်ကအရမ်းယုတ်မာတယ်ဗျာ တိုက်လေယာဉ်တွေလာပီဗျာ ၄ စီးတောင် ကင်းထောက် ၁ စီး ၊ ဗုံးကျဲတစ်စီး ၊ တိုက်လေယာဉ် ၂ စီး ။

ကျွန်တော်လည်းရဲဘော်တွေကိုလူစုခွဲခိုင်းရပီ၊ အထဲမှာလူနာတွေကအများရှိကြတာ၊ ဆရာဝန်၊ ဆရာမတွေအရမ်းရဲ့ရင့်တယ်ဗျာ လေးစားလိုက်တာဗျာ။ မျက်ရည်တွေနဲ့သူ တို့လူနာကို လုံးဝမပစ်ထားဘူး သူတို့သေပစေအသက်နဲ့ရင်းပီးကုမယ်ဆိုတဲ့စိတ်ဘဲရှိတယ်ထင်တယ်ဗျာ တစ်ထပ်အိမ်လေးကိုတံခါးတွေ ၊ ပြတင်းတွေအကုန်ပိတ်ပစ်တယ်ဗျာ အထဲမှာအကူရဲဘော်အချို့နဲ့ အဲအခြေနေမှာ အဆောက်ဦးတည့်တည့်ကျရင်ဘယ်သူမှအရိုးတောင်ရှာတွေ့မှာမဟုတ်ပါဘူး။

အပြင်မှာလည်း ရဲဘော်တွေကိုတစ်နေရာစီရွှေ့ခိုင်းရပီ လူမစုအောင်၊ကျဆုံးသွား တဲ့ ရဲဘော်တွေအချို့ရဲ့ Dead body ကလည်းအပြင်မှာ အရိပ်အောက်လေးမှာ ၊ ရဲဘော်တစ်ယောက်ဆိုသူ့သူငယ်ချင်း body ဘေးကတောင်မရွှေ့တော့ဘူး ငိုရင်းဆုတောင်းနေတာပါဗျာ။

ကျွန်တော်လည်းမနည်းအားတင်းထားရတဲ့ကြားကရဲဘော်တွေကို အားတင်းထားဖို့ ငါတို့ရ အောင်ထွက်ဖို့အကုန်လိုက်ပြောရတယ်။လေတပ်ကပစ်မှတ်တိကျအောင်ဗျူဟာပြောင်းလာတယ်ဗျာ။

တင့်လည်းလောင်၊ခွေးတွေလည်းအရမ်းကျတော့ ကင်းထောက်လေယာဉ်က ကျွန်တော်တို့ရှိတဲ့ နေရာဘေး အပေါ်မှာရပ်ပီး ပစ်မှတ်ကိုကျန်တဲ့သုံးစီး က ၈ ခေါက်လောက်ပစ်တယ် ။ တစ်ခါပစ်ရင်တောင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုရင် ၈ ခေါက်တိတိဆိုတော့ဗျာ။

ရဲဘော်အချို့ ထပ်ထိပီး ထပ်ကျန်ခဲ့ရပြန်တယ်ဗျာ ။ ရင်ကွဲမတက်ဘဲဗျာ ၊ icon ကနေကြားနေရတယ်ဗျာအကုန်။

ကျွန်တော်တို့dove kk အဖွဲ့ရဲ့ရှေ့တမ်းလိုက်သွားတဲ့ဆရာ sky အရမ်းတော်တယ်၊ ရဲဘော်တွေကို လည်းအရမ်းကျေးဇူးတင်တယ်ဗျာဘေးကင်းစွာပြန်လာပေးပီး ကိုယ့်အသက်ရင်းပီးရဲဘော် အသက်တွေအများကြီးရှေ့ကနေဆွဲကယ်ထုတ်ပေးခဲ့လို့။ တစ်ဖြည်းဖြည်းမှောင်စပြုလာပီဗျာ ၊ အဖွဲ့တွေရဲ့တပ်ရင်းမှူးလည်းရောက်လာခဲ့ပီ။

ဆရာလည်းသူ့အဖွဲ့ကရဲဘော်တွေအများကြီးကျတော့ မနည်းအားတင်းထားရပုံပေါာတယ်ဗျာ ဆရာကိုခေါာပီးပြောရတယ် ကျွန်တော်တို့ဖောက်ထွက်ဖို့လိုပီ ဖောက်ထွက်ရမဲ့လမ်းကလည်းလယ်ကွင်းကိုဖြတ်ရတဲ့လမ်းဘဲရှိတယ်ဗျာ၊ဆေးရုံလွှဲရတော့မဲ့လူနာတွေလည်းရှိနေပီ၊ ဆရာဝန်၊ ဆရာမတွေလည်းအရမ်းတော်လို့ပါဗျာ။

ထိတဲ့လူနာအများကြီးကို minor operation တောင်မီးမမြင်ရတဲ့ အခန်းလေးထဲမှာဖုန်းမီး လေးတွေ နဲ့လုပ်ပေးခဲ့ကြရတယ်။ သူတို့ရှိလို့ဒဏ်ရာရရဲဘော် သွေးလွန်တဲ့ရဲဘော်တွေ အသက်ရှင် ခဲ့ရတယ်။

တစ်ဖြည်းဖြည်း ည ၈ နာရီကျော်ပီ တိုက်ပွဲနည်းနည်းငြိမ်သွားခဲ့တယ် ကျွန်တော်တို့လူနာတွေနဲ့ ဆရာဝန် ဆရာမတွေကိုရွှေ့ဖို့အရင်လုပ်ရတယ် ကားကလည်းနှစ်စီးဘဲရှိတယ်ဗျာ လူနာနဲ့ ဆရာ၊ ဆရာမတို့တွက်ဘဲလောက်တယ်၊ dead body သယ်ဖို့တောင်ကားမရှိ တော့ဘူးဗျာ။

အဲလိုနဲ့ဆရာဝန်၊ဆရာမတွေလည်းကုသလို့ပီးတဲ့ချိန်အပြင်ထွက်လာပီး dead body တွေကိုတွေ့တော့ သူတို့ရဲ့တပည့်ကလေး ရဲ့ body လည်းဖြစ် dr. အောင်ကြီး လည်းကျ၊ရဲဘော်တွေလည်း အများကြီးကျတော့ သူတို့လည်းစိတ်တင်းထားရတယ်ထင်တယ်ဗျာ ငိုချကြရောရဲဘော်တွေအကုန်လုံးမျက်ရည်စတွေနဲ့ ၊ တကယ်ရင်နာခဲ့ရတယ်ဗျာ။

မျက်ရည်စတွေနဲ့အားတင်းပီးပြန်ဆုတ်ခွါကြရတယ် ကားမီးတွေပိတ်ပီး ဆရာ၊ဆရာမ တွေကိုကာကွယ် ပေးရင်း၊ ရဲဘော်တွေနဲ့ ရဲဘော်တွေရဲ့ dead body ကိုတော့ခြေကျင်သယ်ပီးဆုတ်ခဲ့ရတယ်ဗျာ ။

အဲလိုနဲ့ ည ၁၀ နာကျော်ပီ နည်းနည်းsafe တော့ဖြစ်ပီ။ ဒါပေမယ့်မပီးသေးဘူးဗျာ အသိတပ်ရင်းကအကိုက သူလူတစ်ယောက် ပျောက်တာ ရှာကူပါအုံးဖုန်းဆက်တော့ အခြားအဖွဲ့တွေမှာရောပါသွားမလားဆိုပီး ရှာပေးရတယ်၊ အဲကလေးကကျွန်တော်တပည့်တစ်ယောက်လည်းဖြစ်တာမို့ စိတ်ပူတာပေါ့ဗျာ။

၁၁ လည်းကျော်တော့ ကျွန်တော်တို့ dead body တွေပြန်ရဖို့ကြိုးစားခဲ့ကြတယ် ၊ ပိုင်းပြတ်နေတဲ့ ရဲဘော် တစ်ယောက်ကလွဲလို့အကုန်မရှိတော့ဘူးဗျာ၊

နောက်မှ အဖွဲ့တစ်ခုက ရဲဘော်တွေရဲ့ dead body ပုံတွေ့ပို့လာတယ်ဗျာ မီးထွန်းပီးကိုရိုက်ထားပီး တစ်ယောက်ချင်းပုံတွေပါဗျာ , internet အခြေနေကြောင့် ပုံမှာdr အောင်ကြီးကိုအရင်တွေ့ရတယ် ပီးတော့နောက်တစ်ယောက် နောက်တစ်ယောက် ကျွန်တော်ရှာနေတဲ့ ကျွန်တော့်တပည့်လည်းဖြစ် ညီလေးလိုလည်းဖြစ်တဲ့ရဲဘော်တွေ့ပီဗျာ ပီးတော့တစ်ယောက်ပီးတစ်ယောက် ၁၈ ပုံ ၊

မျက်ရည်တွေမ ထိန်းနိုင်တော့ဘူး ရဲဘော်တွေအကုန်မျက်လုံးလေးတောင်မပိတ်နိုင်ကြသေးဘူး ခွေးတွေယုတ်မာ ချက်က ကျဆုံးတဲ့ရဲဘော်တွေတောင်အလွှတ်မပေးဘူးဗျာ

ကျွန်တော်တို့မှာတစ်ညလုံးနာကျည်းတဲ့မျက်ရည်စတွေနဲ့ နောက်နေ့မနက်တွက် အားပြန်တင်းပီး ရှေ့ပြန်တက်ကြရပြန်တယ်။

ကမ္ဘာမကျေဘူးဗျာ ဘယ်တော့မှ……

17.2.2022

17,18,19 ရက်ကတိုက်ပွဲမှာဒါဏ်ရာရခဲ့တဲ့ ရဲဘော်တွေကိုdove k ရှေ့တန်းဆေးအဖွဲ့ကကုသကယ်ဆယ်ပေးခဲ့တဲ့မှတ်တမ်းအချို့

Leave a Reply

Your email address will not be published.