ေရွ႕လာမည့္၃လအတြင္း အြန္လိုင္းထီေရာင္းခ်ဖို႔ …see more

ဒစ္ဂ်စ္တယ္စနစ္နဲ႔ အြန္လိုင္းထီ ျဖန႔္ျဖဴးေရာင္းခ်ဖို႔ ေဆာင္ရြက္ေနတယ္လို႔ နစကသတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေရွ႕လာမယ့္ ၃လအတြင္း အြန္လိုင္းထီေရာင္းခ်ဖို႔ စီစဥ္ေနၿပီး ျပည္တြင္းပုဂၢလိက ကုမၸဏီငါးခုနဲ႔ပူးေပါင္းေဆာင္ရြက္ဖို႔ ေဆြးေႏြးေနတာရွိတယ္လို႔လည္းေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္က ဒစ္ဂ်စ္တယ္စနစ္နဲ႔ အြန္လိုင္းထီ ျဖန႔္ျဖဴးေရာင္းခ်ဖို႔ အတြက္ နည္းပညာဝန္ေဆာင္မႈေပးလိုတဲ့ ကုမၸဏီေတြကို ျပည္တြင္းအခြန္ဦးစီးဌာနက ဖိတ္ေခၚခဲ့တာမွာ အဲ့ဒီ့တုန္းက ကုမၸဏီ၄၀ေလာက္ ဆက္သြယ္လာခဲ့တာရွိပါတယ္။

အဲ့ဒီ့တုန္းက ျပည္တြင္းအခြန္ဦးစီးဌာနညႊန္ခ်ဳပ္ကျမန္မာနိုင္ငံမွာ မွတ္ပုံတင္ထားတဲ့ ကုမၸဏီေတြနဲ႔ ျပည္ပမွconsortium partner ေတြပါဝင္လုပ္ကိုင္နိုင္တယ္လို႔ ေျပာဆိုထားဖူးပါတယ္။

ေဖေဖာ္ဝါရီ၁ရက္ေနာက္ပိုင္း ေအာင္ဘာေလထီထိုးသူနည္းသြားလို႔ အျမင့္ဆုံးဆုကို သိန္း၅၀၀၀ဆုမဲ ပဲေပးနိုင္ေတာ့တာရွိပါတယ္။

ဒစ္ဂ်စ္တယ္စနစ္နဲ႔ အြန္လိုင္းထီ ျဖန႔္ျဖဴးေရာင္းခ်ဖို႔ ေဆာင္ရြက္ေနတာကလက္ရွိ ေအာင္ဘာေလထီလုပ္ငန္းကို အားျဖည့္ေပးဖို႔အတြက္လို႔ နစကကေျပာဆိုထားပါတယ္။

Ref Popular News Journal

ရှေ့လာမည့်၃လအတွင်း အွန်လိုင်းထီရောင်းချဖို့ …see more

ဒစ်ဂျစ်တယ်စနစ်နဲ့ အွန်လိုင်းထီ ဖြန့်ဖြူးရောင်းချဖို့ ဆောင်ရွက်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရှေ့လာမယ့် ၃လအတွင်း အွန်လိုင်းထီရောင်းချဖို့ စီစဉ်နေပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီငါးခုနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေတာရှိတယ်လို့လည်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဒစ်ဂျစ်တယ်စနစ်နဲ့ အွန်လိုင်းထီ ဖြန့်ဖြူးရောင်းချဖို့ အတွက် နည်းပညာဝန်ဆောင်မှုပေးလိုတဲ့ ကုမ္ပဏီတွေကို ပြည်တွင်းအခွန်ဦးစီးဌာနက ဖိတ်ခေါ်ခဲ့တာမှာ အဲ့ဒီ့တုန်းက ကုမ္ပဏီ၄၀လောက် ဆက်သွယ်လာခဲ့တာရှိပါတယ်။

အဲ့ဒီ့တုန်းက ပြည်တွင်းအခွန်ဦးစီးဌာနညွှန်ချုပ်ကမြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေနဲ့ ပြည်ပမှconsortium partner တွေပါဝင်လုပ်ကိုင်နိုင်တယ်လို့ ပြောဆိုထားဖူးပါတယ်။

ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း အောင်ဘာလေထီထိုးသူနည်းသွားလို့ အမြင့်ဆုံးဆုကို သိန်း၅၀၀၀ဆုမဲ ပဲပေးနိုင်တော့တာရှိပါတယ်။

ဒစ်ဂျစ်တယ်စနစ်နဲ့ အွန်လိုင်းထီ ဖြန့်ဖြူးရောင်းချဖို့ ဆောင်ရွက်နေတာကလက်ရှိ အောင်ဘာလေထီလုပ်ငန်းကို အားဖြည့်ပေးဖို့အတွက်လို့ နစကကပြောဆိုထားပါတယ်။

Ref Popular News Journal

Leave a Reply

Your email address will not be published.