မင်းအောင်လှိုင်ကနေတဲ့ အရူးမီးဝိုင်းဇာတ်

#DNAဆောင်းပါးကဏ္ဍ#MilltaryCoupInMyanmar#DeltaNewsAgency

ရန်ကုန်မြို့တော်ရဲ့ တစ်ကျော့ပြန်ကိုဗစ်ကူးစက်မှုဟာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို လောဒေါင်းချလိုက်တဲ့ ဖေဖေါ်ဝါရီ၅ရက်နေ့မတိုင်ခင်ကတည်းကပါ။ သံဃာ့ ဆေးရုံမှာဆေးကုသမှုခံယူနေသူ၂ဝဝကျော်အနက် ၄ဝကျော်မှာကိုဗစ်ပိုးတွေ့ခဲ့တယ်။အဲဒီမတိုင်ခင်ကတည်းက တာမွေမှာ ဆိုင် တွေပိတ်၊ဗလီပိတ်။ရန်ကုန်မြို့စစ်အုပ်စုပြင်ပကျန်းမာရေးအသိုင်းအဝိုင်းက ရန်ကုန်မှာကိုဗစ် ပိုး ပြန့်နေပြီလို့ မီဒီယာတွေကို ပြောခဲ့ပြီးသား

မင်းအောင်လှိုင်ကို ခါးညွတ်နေအောင်ချိုးလို့ အရိုအသေပေးနေတဲ့ စစ်အုပ်စုခန့် ကျန်းမာရေးဝန်ကြီး ဌာနကတော့ ဗျောက်ခါးထိုးထားတဲ့ကောင်တွေကိုလည်းကြောက်ရ၊အဲလိုကောင်တွေရဲ့မျက်နှာကိုသာကြည့် တတ်ပြီး ပြည်သူ့မျက်နှာမကြည့်တတ်လေတော့ ကိုဗစ်ဘာဖြစ်ဖြစ် မမြင်ချင်ယောင်ဆောင်တာပေါ့

ဘာလို့မမြင်ချင်ယောင်ဆောင်ရတာလဲဆိုတော့ ဖေဖေါ်ဝါရီ၁၂ရက်နေ့မှာ သမ္မတရူးတစ်ယောက်ရဲ့ အာသာပြေဗိုလ်ရှုသဘင်ဆိုတာရှိတယ်မဟုတ်လား။ငွေသောက်သောက်လဲကုန်၊လူအုံလိုက်ကျင်းလိုက်နဲ့ကိုယ်ပေါက်လိုက်တဲ့အီးကိုယ့်ဘာသာရှူပြီး မွှေးလိုက်တာဆိုတဲ့ပွဲမျိုး

ဖေဖေါ်ဝါရီ၈ရက်နေ့မှာ ကိုဗစ်ပြန့်နေပြီဖြစ်တဲ့ ရန်ကုန်၊မြို့တော်ခန်းမကနေ လူစုလူဝေးနဲ့ ရန်ကုန်လေဆိပ်အထိပြည်ထောင်စုအလံသယ်၊အဲဒီကနေ လေယာဉ်နဲ့နေပြည်တော်ထပ်သယ်။ဒါကို နောက် တစ်မျိုးပြောရရင် မင်းအောင်လှိုင်အမိန့်နဲ့ ကိုဗစ်ရောဂါကိုဖြန့်ဖြူးခဲ့တာပါပဲ

ပြီးတော့ ၁၂ရက်နေ့မှာ ပြည်သူသပိတ်မှောက်တဲ့ဗိုလ်ရှုသဘင်ကို အရုပ်ကြိုးပြတ်မျက်နှာပေးနဲ့ ပြု လုပ်ခဲ့တယ်။ပြည်သူတွေက အဖက်ကိုမလုပ် အရူးကိုအမဲသားကျွေးတဲ့ဗိုလ်တုသဘင်ပွဲလို့ သမုတ်ကြတယ်။အဲ ဒီဗိုလ်တုသဘင်ပြီးလို့မှ၃ရက်ပဲကြာတယ်။နေပြည်တော်မှာလည်း သောက်သောက်လဲကိုဗစ်၊ရန်ကုန်မှာဆို လည်း မြို့လုံးကျွတ်နီးပါးကိုဗစ်။အိုမီခရွန်လို့ဆိုတယ်။ရောဂါကသိပ်မပြင်းထန်၊အသေအပျောက်လည်းသိပ် နည်းနေသေးတော့ လောကဓံပြီးနေတဲ့ကျနော်တို့ပြည်သူတွေက ဥမ္မာခင်လို့တောင် ရိတိတိနာမည်ပေးလိုက် သေး

ဒီလောက်လူတိုင်းသိ သောက်သောက်လဲကူးစက်နေတာတောင် စစ်အုပ်စုကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖေါ်ဝါရီ၁၈ရက်နေ့ည၈နာရီထုတ်ပြန်ချက်ကကိုဗစ်အတည်ပြုလူနာသစ်၃၀၅၈ဦးသာတွေ့သတဲ့။သူတို့ကို ဘယ်ပြည်သူကမှ မယုံ၊အဖက်လုပ်ပြီးတော့လည်းလာမစစ်တာမို့ သူတို့စစ်သူတို့တွေ့သလောက်ပြောတာ မျိုးလည်းဖြစ်နိုင်ရဲ့။ထားတော့

မင်းအောင်လှိုင်ကတော့ ကိုဗစ်မထိပေမဲ့ ၁၃ရက်နေ့ကတည်းက သူတက်ရမယ့်ကြိုးစင်အ ကြောင်း အိပ်မက်ဆိုးတွေချည်း နင်းကန်မက်နေပုံရတယ်။ဘာ့ကြောင့်လဲဆိုတော့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖိတ်ပြီး မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့နဲ့ နှစ်ပါးသွားအက ကကြမယ်ဆိုပြီး စိတ်ကူးတွေယဉ်ခဲ့သမျှ တစ်ကိုယ်တော်အရူးမီးဝိုင်းဇာတ်သာ ကရတော့ တာကြောင့်ဖြစ် တယ်။

ပြည်ထောင်စုနေ့တက်ရောက်တဲ့အရေအတွက်ကိုကြည့်လိုက်ရင်တော့မဆိုး။အပစ်ရပ်လက်မှတ်ထိုး ရဖွဲ့နဲ့ လက်မှတ်မထိုး၄ဖွဲ့။သေးသေးမွှားမွှားအဖွဲ့သေးတချို့က ခေါင်းဆောင်တွေတက်ပြီး ကျန်အများစုမှာ မိတ်မပျက်ရုံကိုယ်စားလှယ်အမည်ခံအဆင့်သာတက်ကြတယ်။

ထူးထူးခြားခြား ရှမ်းပြည်နယ်မှာ အပြုတ်တိုက်နေကြတဲ့ SSPP နဲ့ RCSS ကအချင်းချင်းကျတော့ အပြုတ်တိုက်ပြီး ပြည်သူကိုအသေသတ် နေတဲ့ဘုံရန်သူမင်းအောင်လှိုင်ဖိတ်ခေါ်ပွဲကျတော့ အပြေးအလွှား လာတက်တာ တွေ့ရတယ်။

နောက်ထပ်ထူးခြားချက်ကတော့ KNU ဒူးပလာယာခရိုင်ဥက္ကဌဟောင်း ပဒိုရွှေမောင်း သွားတက်တာ ပါ။စစ်အုပ်စုဝါဒဖြန့်ချိရေးက ပဒိုရွှေမောင်းလာတက်တာကို KNU ရဲ့ကိုယ်စားလှယ်ယောင်ယောင်လုပ်လိုက် ပေမဲ့ KNU ကချက်ချင်းတုံ့ပြန်ပါတယ်။ ပဒိုရွှေမောင်းရဲ့မင်းအောင်လှိုင်ပွဲတက်ရောက်မှုဟာသူ့ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး( KNU) နဲ့လုံးဝမဆိုင်သလို KNUကိုကိုယ်စားပြုခြင်းမရှိပါတဲ့။

ပြီး တော့ ပဒိုရွှေမောင်း ပြည်ထောင်စုနေ့အခမ်းအနားတက်နေချိန်မှာ မကြာသေးခင်ကအထိ သူဥက္ကဌ အဖြစ် တာဝန်ယူခဲ့တဲ့ ဒူးပလာယာခရိုင်ထဲက လေးကေ့ကော်ဒေသမှာ မင်းအောင်လှိုင်စစ်တပ်က အမြောက်ကြီးတွေ နဲ့ထုပြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးပေါ်လစီကို ပြောပြခဲ့ပါတယ်။

ပြီးတော့ ဖေဖေါ်ဝါရီ၁၃ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်။ ဆွေးနွေးကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆုံးဖြတ်ချက်ပေးနိုင်သူလည်းမပါတော့ အလွတ်သ ဘောငြိမ်းချမ်းရေးဆွေးနွေးကြတယ်လို့ လူကြားကောင်းရုံ သတင်းထုတ်ပြန်နိုင်တဲ့အဆင့်ဖြစ်မြောက်ခဲ့တယ်။

မင်းအောင်လှိုင်ရည်ရွယ်ခဲ့တာက ပြည်ထောင်စုနေ့တွေ့ဆုံမှုကနေ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုအစပျိုးနိုင်ပါပြီဆိုတာမျိုး ထုတ်ပြနိုင်ဖို့။ကေအိုင်အေ၊ကေအဲန်ယူ၊ကယားနဲ့ ချင်းမှာ တိုက်ပွဲတွေဖြစ်နေပေမဲ့ ဘာပဲဖြစ်ဖြစ်တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွဲဖက်ပြီး ငြိမ်းချမ်း ရေးဆိုတဲ့စကားလုံးကိုသုံးနိုင်ခဲ့ရင် မင်းအောင်လှိုင်အတွက် ဘယ်သူမှမယုံလည်း ငြိမ်းချမ်းရေးကိုအတိုင်းအ တာတစ်ခုအထိဆောင်ရွက် နိုင်သူပါလို့ လူကြားကောင်းအောင် ထုတ်ရှိုးနိုင်မှာမို့ မျှော်လင့်ချက်ကြီးရတယ်။

မင်းအောင်လှိုင်ရဲ့ နောက်ထပ်မဟာဗျူဟာမြောက် ရည်မှန်းချက်က KNLA) ရဲ့ တပ်မဟာ(၅) တပ်မ ဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲ ပြောခဲ့သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှု ရည်ရွယ်ချက်ဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ကို ချေမှုန်းဖို့အတွက် ဖြစ်တယ်ဆိုတာပါပဲ။

လက်ရှိအနေအထားမှာ တိုင်းပြည်အနှှံ့ မြို့ပြရောကျေးလက်တွေမှာပါ မီးဟုန်းဟုန်းတောက်နေလေ တော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကျောသပ်ရင်သပ်နဲ့ ငြိမ်းချမ်းရေးစကားဆို အပစ်ရပ်မယ်။PDF တွေကိုပြတ်ပြတ်သားသားနှိမ်နင်းမယ်။PDF တွေလည်းမရှိ၊လက်နက်ကိုင်တိုက်ပွဲတွေလည်းမရှိရင်မငြိမ်ချင် တဲ့ပြည်သူတွေကို ထောင်ထဲထည့်ပြီး ငြိမ်ဝပ်ပိပြားရေးဖြစ်အောင်လုပ်မယ်။

အဲဒီလိုဆို အမေရိကန်ကြီးနဲ့အ နောက်အုပ်စု က ဘယ်လိုအရေးယူပါစေ၊ NUGအ စိုး ရဆိုတာလည်း အွန်လိုင်းအစိုးရထက်မပိုနိုင်လေတော့ မင်းအောင်လှိုင်အရူးကြီရူးနေတဲ့ သမ္မတရူးအိပ်မက်ကို ဆက်အကောင်အထည်ဖော်ဖို့အခွင့်အလမ်းသာပြီပေါ့ ။

သမ္မတရူးရာလမ်းမှာ ဒီလမ်းကိုမှ လက်မခံနိုင်ဘူးဆိုတဲ့တိုင်းရင်းသားလက် နက်ကိုင်တွေရှိလာရင်တော့ အဲဒီအချိန်မှာ မင်းအောင်လှိုင်ရဲ့ငြိမ်းချမ်းရေးပေါ်လစီအတိုင်းလေယာဉ်နဲ့ဗုံးကြဲ၊အမြောက်နဲ့ထုလို့ ပြားပြား ဝပ်သွားအောင် ပြတ်ပြတ်သားသားချေမှုန်း၊ပြီးတော့မှ ကဲ..မှတ်ပြီလားဆိုပြီး အပစ်ရပ်စာချုပ်ကိုပစ်ချလို့ မေးတစ်ချက်ဆတ်ပြပြီး လက်မှတ် ထိုးခိုင်းမှာပေါ့။

မင်းအောင်လှိုင်အဲဒီလို စိတ်ကူးယဉ်ကြည့်တယ်။တိုင်းရင်းသားလက်နက်ကိုင် တချို့နဲ့ အပစ်ရပ်နိုင် ခြင်းဟာ အာဆီယံမူ၅ရပ်ကို မလိမ့်တပတ်လုပ်ဖို့ အရေးကြီးတဲ့အကြောင်းပြစရာ တစ်ချက်မို့ အရေးပေါ်လို အပ်ချက်ဖြစ်တယ်။ဒါကိုနောက်တစ်မျိုးဆိုရရင် မီးဟုန်းဟုန်းတောက်နေတဲ့ မင်းအောင်လှိုင်ဟာ သူ့အတွက် အရေးပေါ်လိုအပ်ချက်ကို အရယူဖို့ကြိုးစားခြင်းဖြစ်တယ်။ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့စိတ်ကူးယဉ်ခန်းဟာ နောက်ထပ် ဆက်စရာစာမျက်နှာတစ်ရွက် ထပ်မရှိလေအောင်ကို ဖေဖေါ်ဝါရီ၁၃ရက်မှာတင် ပျက်ခဲ့တယ်။

ဆွဲစရာကောက်ရိုးတစ်မျှင်ရှာမရခြင်းကြောင့်ပဲ ဖြစ်ချင်ရာဖြစ် လုပ်နေကျနည်းအတိုင်းရှေ့ဆက်မယ် လို့ ပိုင်းဖြတ်လိုက်ခြင်းကြောင့်လား။ဖေဖေါ်ဝါရီ၁၅ရက်ကတည်းက ရှမ်းပြည်တောင်ပိုင်း၊မိုးဗြဲမြို့ထဲကို မင်း အောင်လှိုင်တပ်ဟာ အင် အားအလုံးအရင်းနဲ့ တင့်ကားတွေနဲ့ပါ ပြည်သူကို မရှောင် ပစ်ခတ်ပြန်တယ်။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေလို ရန်-ငါစည်းမပြတ်ဘဲ မင်းအောင်လှိုင်နဲ့မိတ်မပျက်ဆက်ဆံရေးထူ ထောင်ချင်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ရှိနေသေးသရွေ့ မင်းအောင်လှိုင်သူ့အတွက်သူမက် နေတဲ့အိပ်မက်ကို ဆက်ကြိုးစား ခွင့်ရှိ နေတာလည်းသေချာတယ်။

စကားစပ်လို့ ဆက်ပြောရရင် သေနတ်ကြီးတကားကား၊ပေါင်မှာလည်းထိုးကွင်းတွေ အပြည့်နဲ့ မား မားမတ်မတ်ကြီးတွေက ကိုယ်ကျိုးစီး ပွားအထိမခံ၊ပြည်သူနဲ့အတူ အနာခံရမှာ တွန့်နေပြီး နိုင်ငံ ရေးလေလုံး ထွား ပြရုံလုပ်နေမယ်ဆိုရင်တော့ အဲဒီတိုင်းရင်းသားလက်နက်ကိုင် တွေကို နွေဦးအလွန်ကာလမှာ ပြည်သူ တွေ က နွေဦးတော်လှန်ရေးမှာသင် အနာခံပါဝင်ခဲ့တာနဲ့ ထိုက်တန်သ လောက်သာ ပြောဖို့ တောင်းဆိုလာ မှာလည်းသေချာပါတယ်။

လင်းခေတ်

Leave a Reply

Your email address will not be published.