ေမွာ္ဘီေလတပ္စခန္းတြင္ တစ္စီးလွ်င္ ေဒၚလာ ၁၅ သန္းတန္ Yak 130 ေလ ယာဥ္ ၂ စီး ဗုံးခြဲခံရၿပီး ၁ စီး ေပါက္ထြက္ကာ အျခား ၁ စီး ဗုံးစမွန္၊ ေမွာ္ဘီေလတပ္ သတင္းရင္းျမစ္ကမူ ဗုံးခြဲမႈ အတည္ျပဳၿပီး ေလယာဥ္ ၂ စီးလုံး အနည္း ငယ္သာထိခိုက္ဟုေျပာဆို

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၉

ရန္ကုန္တိုင္း၊ ေမွာ္ဘီေလတပ္စခန္းမွ Yak 130 အမ်ိဳးအစား တိုက္ေလယာဥ္ ၂ စီး ဗုံးခြဲခံရၿပီး ၁ စီးေပါက္ထြက္ကာ အျခား ၁ စီးမွာလည္း ဗုံးစမွန္၍ ေလယာဥ္ ၏ေရဒါစနစ္ ပ်က္စီးသြားေၾကာင္း တပ္ဘက္သတင္းရင္းျမစ္မ်ားက ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ည ၁၁ နာရီ ၄၀ အခ်ိန္ People’s Force ျပည္သူ႔အင္အားစု (Yangon) က ေမွာ္ဘီေလတပ္စခန္း ဌာနခ်ဳပ္ရွိ တိုင္းရင္းသား ေဒသမ်ားကို ဗုံးက်ဲတိုက္ခိုက္ေနေသာ ဖိုက္တာဂ်က္ ေလယာဥ္မ်ား ထားရွိေနရာကို ဝင္ေရာက္ ဗုံးဆင္ၿပီး အေဝးထိန္းဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းသို႔ တိုက္ခိုက္မႈေၾကာင့္ ေလယာဥ္ ၂ စီးပ်က္စီးသြားေၾကာင္း သိရွိရသည္။

Yak 130 တိုက္ေလယာဥ္အမွတ္ 1802 ၏ Drop Tank တြင္ ဗုံးတစ္လုံးႏွင့္ ေပါင္ ၂၅၀ ဗုံးတြင္ အေဝးထိန္း ဗုံးတစ္လုံး ကပ္၍ ဖုန္းေခၚ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဗုံးခြဲခံရမႈေၾကာင့္ Yak 130 1802 မွာလုံး၀ ေပါက္ထြက္ ပ်က္စီးသြားၿပီး အျခား Yak 130 ေလယာဥ္ ၁ စီး၏ ေရဒါစနစ္လည္း ပ်က္စီးသြားေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္က ဆက္သြယ္ေမးျမန္းေသာ စစ္ေကာင္စီ၏ ေမွာ္ဘီေလတပ္စခန္း သတင္းရင္းျမစ္ကမူ ေလယာဥ္ ၂ စီး ဗုံးခြဲခံရမႈ မွန္ကန္ေၾကာင္း အတည္ ျပဳေသာ္လည္း ေလယာဥ္ ၂ စီးစလုံး ႀကီးႀကီးမားမား ထိခိုက္မႈမရွိေၾကာင္း ေျပာဆိုသည္။

“ဗုံးထိတဲ့ ေလယာဥ္အမ်ိဳးအစားက Yak 130 ဟုတ္ပါတယ္။ ၂ စီးစလုံး ႀကီးႀကီးမားမား ဘာမွ မျဖစ္ပါဘူး။ နည္းနည္းပဲ ထိတာပါ” ဟု ေမွာ္ဘီေလတပ္စခန္း သတင္းရင္းျမစ္က ေျပာဆိုသည္။

Yak 130 တိုက္ေလယာဥ္မ်ားသည္ ႐ုရွားထုတ္ျဖစ္ၿပီး တစ္စီးလွ်င္ အေမရိကန္ေဒၚလာ ၁၅ သန္း ေစ်းေပါက္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ Yak တိုက္ေလယာဥ္ ၁၈ စီးရွိေၾကာင္း သိရွိရသည္။

Yak 130 တိုက္ေလယာဥ္မ်ားကို လက္ရွိ တိုင္းရင္းသားေဒသမ်ားကို ဗုံးက်ဲတိုက္ ခိုက္ရာတြင္ အၾကမ္းဖက္ စစ္ေကာင္စီက အသုံးျပဳလ်က္ရွိေၾကာင္း၊ Yak 130 တိုက္ေလယာဥ္မ်ားကို မင္းေအာင္လႈိင္လက္ထက္တြင္ မွာယူရန္ ၂၀၁၅ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ပထမ ၃ စီးေရာက္ရွိလာ‌ေၾကာင္း၊ ယင္းေနာက္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလအထိ ဝယ္ယူထားေသာ Yak 130 ေလယာဥ္ ၁၈ စီး ေရာက္ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- မေပါက္ကြဲ မပ်က္စီးမီက Yak 130 အမ်ိဳးအစား တိုက္ေလယာဥ္ 1802 ကို ျမင္ရစဥ္။

မှော်ဘီလေတပ်စခန်းတွင် တစ်စီးလျှင် ဒေါ်လာ ၁၅ သန်းတန် Yak 130 လေ ယာဉ် ၂ စီး ဗုံးခွဲခံရပြီး ၁ စီး ပေါက်ထွက်ကာ အခြား ၁ စီး ဗုံးစမှန်၊ မှော်ဘီလေတပ် သတင်းရင်းမြစ်ကမူ ဗုံးခွဲမှု အတည်ပြုပြီး လေယာဉ် ၂ စီးလုံး အနည်း ငယ်သာထိခိုက်ဟုပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှ Yak 130 အမျိုးအစား တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရပြီး ၁ စီးပေါက်ထွက်ကာ အခြား ၁ စီးမှာလည်း ဗုံးစမှန်၍ လေယာဉ် ၏ရေဒါစနစ် ပျက်စီးသွားကြောင်း တပ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သိရှိရသည်။

Yak 130 တိုက်လေယာဉ်အမှတ် 1802 ၏ Drop Tank တွင် ဗုံးတစ်လုံးနှင့် ပေါင် ၂၅၀ ဗုံးတွင် အဝေးထိန်း ဗုံးတစ်လုံး ကပ်၍ ဖုန်းခေါ် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗုံးခွဲခံရမှုကြောင့် Yak 130 1802 မှာလုံးဝ ပေါက်ထွက် ပျက်စီးသွားပြီး အခြား Yak 130 လေယာဉ် ၁ စီး၏ ရေဒါစနစ်လည်း ပျက်စီးသွားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်း သတင်းရင်းမြစ်ကမူ လေယာဉ် ၂ စီး ဗုံးခွဲခံရမှု မှန်ကန်ကြောင်း အတည် ပြုသော်လည်း လေယာဉ် ၂ စီးစလုံး ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း ပြောဆိုသည်။

“ဗုံးထိတဲ့ လေယာဉ်အမျိုးအစားက Yak 130 ဟုတ်ပါတယ်။ ၂ စီးစလုံး ကြီးကြီးမားမား ဘာမှ မဖြစ်ပါဘူး။ နည်းနည်းပဲ ထိတာပါ” ဟု မှော်ဘီလေတပ်စခန်း သတင်းရင်းမြစ်က ပြောဆိုသည်။

Yak 130 တိုက်လေယာဉ်များသည် ရုရှားထုတ်ဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန်မာနိုင်ငံတွင် Yak တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။

Yak 130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲတိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak 130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီးရောက်ရှိလာ‌ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော Yak 130 လေယာဉ် ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မပေါက်ကွဲ မပျက်စီးမီက Yak 130 အမျိုးအစား တိုက်လေယာဉ် 1802 ကို မြင်ရစဉ်။

Leave a Reply

Your email address will not be published.