လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကူးစက်မှုဟာ တစ်နေ့တခြား မြင့်တက်လာသလိုသေဆုံးသူတွေလည်းများလာတာတွေ့ရပါတယ်အရင်ကတော့ကိုဗစ်ကူးစက်ခံရတာနဲ့အစစအရာရာနေထိုင်ဖို့ဆေးရုံတွေကုသဆောင်တွေများစွာရှိပေမယ့်အခုအချိန်မှာတော့ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေတွေ‌ကြောင့် အဆင်မပြေမှုတွေ များစွာကြုံတွေ့နေရတာပါ။

ပြည်သူတွေအနေနဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ကြုံတွေ့နေရသလိုအခုလိုကိုဗစ်ပြန်လည်ဖြစ်ပေါ်လာချိန်မှာလည်း Maskတွေဈေးတက်နေတာနဲ့တွေ့ကြုံနေကြရပါတယ်

စားဝတ်နေရေးကြပ်တည်းရတဲ့အခြေအနေမှာရောဂါပိုးတွေလည်းပျံ့နှံ့နေပြီးMaskတွေဈေးတက်မှုနဲ့အောက်ဆီဂျင်အိုးရှားပါးနေမှုတွေကြောင့်ပြည်သူတွေခမျာအတော်လေးဒုက္ခရောက်နေကြပြီးအသက်ဆုံးရှုံးရတာတွေလည်းရှိလာနေတာ တွေ့ရပါတယ်

အခုလိုMaskဈေးနှုန်းမြင့်တက်မှုတွေကြောင့်ဒီနေ့မှာတော့စေတနာရှင်ပြည်သူတစ်ဦးကMaskတွေအခမဲ့ပေးလှူခဲ့တာဖြစ်ပါတယ်။ လာရောက်ယူကြတဲ့သူတွေများလွန်းတာကြောင့် Maskတွေကို တိုးဝှေ့လုယက်ယူရတဲ့အခြေအနေတွေထိဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ

လူမှုကွန်ယက်စာမျက်နှာထက်မှာချက်ချင်းပျံ့နှံ့ခဲ့ပြီးပြည်သူတွေရဲ့အခုလိုအဖြစ်တွေကြည့်ကာဝမ်းနည်းဝမ်းသာဖြစ်နေကြရတာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published.