အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်ဖို့အတွက် စစ်ကောင်စီဟာ သူရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကိုတာဝန်ပေးလိုက်တယ်လို့သိရပါတယ်

ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်အရ သူတို့ နှစ်ဦးပါဝင်တဲ့ ရှစ်ဦးအဖွဲ့ကို ICJ ထံ စစ်ကောင်စီက တင်ပြထားတာပါICJ မှာ တရားရင်ဆိုင်ဖို့ စစ်ကောင်စီက ခန့်အပ်လိုက်သူ ဦးကိုကိုလှိုင် ၊ ဒေါ်သီတာဦးတို့ဟာ အမေရိကန် အစိုးရ ရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာပါဝင်နေကြသူတွေဖြစ်ပါတယ်

ဦးကိုကိုလှိုင်ဟာ စစ်အရာရှိဟောင်းဖြစ်သလို သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးလည်းဖြစ်ခဲ့ပါတယ၂၀၁၂ ခုနှစ်တုန်းက လျှပ်စစ်မီးမလာလို့ ဆန္ဒပြတဲ့ ပြည်သူတွေကို မီးမလာရင် ဖယောင်းတိုင်ထွန်းနေကြလို့ ပြောတဲ့အတွက် ဖယောင်းတိုင် ကိုကိုလှိုင်လို့ ဝေဖန်ခံရသူလည်းဖြစ်ပါတယ်

ဒေါ်သီတာဦးကတော့ NLD အစိုးရလက်ထက် ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်စဉ်က အကြံပေးအဖွဲ့ထဲပါဝင်သူပါ

အဲဒီအချိန်က ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးသာရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်လာတာပါဒီလ ၂၁ ရက်နေ့မှာတော့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကို ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုအတွက် ဒုတိယအကြိမ် ကြားနာမှာဖြစ်ပါတယ်

ဒီကြားနာမှုကို တက်ရောက်ဖို့အတွက် NUG နဲ့ စစ်ကောင်စီဟာ အပြိုင်ဖြစ်နေတာပါ။ ICJ ဘက်ကတော့ ဘယ်သူကို ရွေးချယ်မယ်ဆိုတာအခုချိန်ထိ တရားဝင်မထုတ်ပြန်သေးပါဘူး

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NUG က ICJ မှာ တရားရင်ဆိုင်ဖို့ အတွက် နိုင်ငံတကာ ဥပဒေပညာရှင် နှစ်ဦးပါဝင်တဲ့ ဥပဒေအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတာရှိပါတယ်

အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ တရားရင္ဆိုင္ဖို႔အတြက္ စစ္ေကာင္စီဟာ သူရဲ့အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီးဦးကိုကိုလွိုင္နဲ႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒၚသီတာဦးတို႔ကိုတာဝန္ေပးလိုက္တယ္လို႔သိရပါတယ္

ရိုက္တာသတင္းဌာနရဲ့ ေရးသားခ်က္အရ သူတို႔ ႏွစ္ဦးပါဝင္တဲ့ ရွစ္ဦးအဖြဲ႕ကို ICJ ထံ စစ္ေကာင္စီက တင္ျပထားတာပါICJ မွာ တရားရင္ဆိုင္ဖို႔ စစ္ေကာင္စီက ခန႔္အပ္လိုက္သူ ဦးကိုကိုလွိုင္ ၊ ေဒၚသီတာဦးတို႔ဟာ အေမရိကန္ အစိုးရ ရဲ့ ဒဏ္ခတ္အေရးယူမႈ စာရင္းထဲမွာပါဝင္ေနၾကသူေတြျဖစ္ပါတယ္

ဦးကိုကိုလွိုင္ဟာ စစ္အရာရွိေဟာင္းျဖစ္သလို သမၼတ ဦးသိန္းစိန္ရဲ့ အႀကံေပးလည္းျဖစ္ခဲ့ပါတယ၂၀၁၂ ခုႏွစ္တုန္းက လၽွပ္စစ္မီးမလာလို႔ ဆႏၵျပတဲ့ ျပည္သူေတြကို မီးမလာရင္ ဖေယာင္းတိုင္ထြန္းေနၾကလို႔ ေျပာတဲ့အတြက္ ဖေယာင္းတိုင္ ကိုကိုလွိုင္လို႔ ေဝဖန္ခံရသူလည္းျဖစ္ပါတယ္

ေဒၚသီတာဦးကေတာ့ NLD အစိုးရလက္ထက္ ICJ မွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ရင္ဆိုင္စဥ္က အႀကံေပးအဖြဲ႕ထဲပါဝင္သူပါ

အဲဒီအခ်ိန္က ေရွ႕ေနခ်ဳပ္႐ုံးရဲ့ ညႊန္ၾကားေရးမႉးခ်ဳပ္ ရာထူးသာရွိေနၿပီး စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ျဖစ္လာတာပါဒီလ ၂၁ ရက္ေန႔မွာေတာ့ ICJ မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ျမန္မာနိုင္ငံကို ဂမ္ဘီယာက စြဲဆိုထားတဲ့အမႈအတြက္ ဒုတိယအႀကိမ္ ၾကားနာမွာျဖစ္ပါတယ္

ဒီၾကားနာမႈကို တက္ေရာက္ဖို႔အတြက္ NUG နဲ႔ စစ္ေကာင္စီဟာ အၿပိဳင္ျဖစ္ေနတာပါ။ ICJ ဘက္ကေတာ့ ဘယ္သူကို ေရြးခ်ယ္မယ္ဆိုတာအခုခ်ိန္ထိ တရားဝင္မထုတ္ျပန္ေသးပါဘူး

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ NUG က ICJ မွာ တရားရင္ဆိုင္ဖို႔ အတြက္ နိုင္ငံတကာ ဥပေဒပညာရွင္ ႏွစ္ဦးပါဝင္တဲ့ ဥပေဒအဖြဲ႕ကို ျပန္လည္ျပင္ဆင္ဖြဲ႕စည္းထားတာရွိပါတယ္

 

Leave a Reply

Your email address will not be published.