ရန်ကုန် ဒဂုံမြောက်ပိုင်းရှိ ပန်ဆယ်လိုနေအိမ်ချိတ်ပိတ်ခံရ

ရန်ကုန်မြို့၊ဒဂုံမြောက်ပိုင်း၊ ၄၁ ရပ်ကွက်ရှိ ပန်ဆယ်လိုနေထိုင်ခဲ့​သောအိမ်အား ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့)တွင် စကစ ၏လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ရပ်ကွက်နေသူ များထံမှသိရသည်။

စကစ ၏လုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများက နံနက် ၉ နာရီခွဲခန့်၌လာရောက် ၍ ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

“ချိတ်ပိတ်ခံလိုက်ရတာတွေ့တယ် စစ်သားတွေကော ရဲတွေကော နောက်ရပ်ကွက်လူကြီးတွေလည်းပါတယ် ဗွီနိုင်းချိတ်သွားတာတော့မတွေ့ဘူး ။ဒါပေမယ့် အဝါရောင်ကြိုးတားသော့ခတ်ပြီး ချိတ်ပိတ်လိုက်တာ”ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပန်ဆယ်လိုသည် ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ပြည်ပတွင် ရောက်ရှိနေသူတစ်ဦးဖြစ်သည်။

အဆိုပါ နေအိမ်၌လူနေထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

=======

ရန္ကုန္ ဒဂုံေျမာက္ပိုင္းရွိ ပန္ဆယ္လိုေနအိမ္ခ်ိတ္ပိတ္ခံရ

ရန္ကုန္ၿမိဳ႕၊ဒဂုံေျမာက္ပိုင္း၊ ၄၁ ရပ္ကြက္ရွိ ပန္ဆယ္လိုေနထိုင္ခဲ့​ေသာအိမ္အား ေဖေဖာ္ဝါရီ ၁၇ ရက္ (ယေန႔)တြင္ စကစ ၏လုံျခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ခ်ိတ္ပိတ္ခဲ့သည္ဟု ရပ္ကြက္ေနသူ မ်ားထံမွသိရသည္။

စကစ ၏လုံျခဳံေရးအဖြဲ႕ဝင္မ်ား၊ၿမိဳ႕နယ္ေထြအုပ္မွတာဝန္ရွိသူမ်ား၊ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ရပ္မိရပ္ဖမ်ားက နံနက္ ၉ နာရီခြဲခန႔္၌လာေရာက္ ၍ ခ်ိတ္ပိတ္ခဲ့ျခင္းျဖစ္သည္။

“ခ်ိတ္ပိတ္ခံလိုက္ရတာေတြ႕တယ္ စစ္သားေတြေကာ ရဲေတြေကာ ေနာက္ရပ္ကြက္လူႀကီးေတြလည္းပါတယ္ ဗြီနိုင္းခ်ိတ္သြားတာေတာ့မေတြ႕ဘူး ။ဒါေပမယ့္ အဝါေရာင္ႀကိဳးတားေသာ့ခတ္ၿပီး ခ်ိတ္ပိတ္လိုက္တာ”ဟု ရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ပန္ဆယ္လိုသည္ ေဖေဖာ္ဝါရီ ၁ ရက္မွစတင္ျဖစ္ပြားခဲ့သည့္ နိုင္ငံေရးျဖစ္စဥ္မ်ားေၾကာင့္ ျပည္ပတြင္ ေရာက္ရွိေနသူတစ္ဦးျဖစ္သည္။

အဆိုပါ ေနအိမ္၌လူေနထိုင္ျခင္းမရွိသည္မွာ ၾကာၿပီျဖစ္ေၾကာင္း ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

Leave a Reply

Your email address will not be published.