တရုတ်မှ ရောက်လာသော လေကြောင်းရန်ရေဒါတပ်ကားများ၊ ရေတပ်ရေဒါ အပါအဝင် စစ်သုံးပစ္စည်းများကို သီလဝါဆိပ်ကမ်းမှ ညပိုင်း ခိုးသယ်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တရုတ်နိုင်ငံမှ ရောက်ရှိလာသော လေကြောင်းရန်ရေဒါတပ်ကားများ၊ ရေတပ်ရေဒါ အပါအဝင် စစ်သုံးပစ္စည်းများကို ရန်ကုန်သီလဝါဆိပ်ကမ်းမှ ညအချိန် ခိုးကြောင်ခိုးဝှက်သယ်ယူလျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ည ၁၁ နာရီဝန်းကျင်တွင် သီလဝါဆိပ်ကမ်းမှ စစ်သုံးပစ္စည်းများကို ကားများဖြင့် တိတ်တဆိတ်သယ်ယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်သီလဝါဆိပ်ကမ်းတွင် တရုတ်နိုင်ငံ TIANJINဆိပ်ကမ်းမှ လေကြောင်းရန်ရေဒါတပ်ကားများ၊ ရေ တပ် ရေဒါ ပစ္စည်းများ အပါအဝင် ကာကွယ်ရေးပစ္စည်းများ လာပို့သည့် သင်္ဘောဆိုက်ကပ်နေပြီး စစ်တပ်က ဆိပ်ကမ်းကို ထိန်း ချုပ်ကာ ပစ္စည်းများ သယ်ယူနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

စစ်ကောင်စီအတွက် ပစ္စည်းများ သယ်ဆောင်လာသော သင်္ဘောမှာ ပနားမား အလံတင်ထားသည့် LIN HAI သင်္ဘောဖြစ်ပြီးIMO 90123099 ဖြစ်ကြောင်း သိရှိရသည်။

လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်ကားများ အပြင် လေကြောင်းရန် ကာ ကွယ်ရေးတပ်ဖွဲ့အတွက် စက်ကရိယာများ၊ ဂျက်လေယာဉ်ပြင်ဆင်မှုဆိုင်ရာ အစိတ်အပိုင်းများ၊ ရေကြောင်းစောင့်ကြည့်ရေး ရေဒါနှင့် ရေတပ်သင်္ဘောများအတွက် အပိုပစ္စည်းများ အပါအဝင် စုစုပေါင်း ပေ ၄၀ ကွန်တိန်နာ ၂၈ လုံးအပြည့် သယ်ဆောင်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

အဆိုပါ သင်္ဘောသည် တရုတ်နိုင်ငံ TIANJINဆိပ်ကမ်းမှ ဇန်နဝါရီလ ၃၁ ရက်နေ့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ရန်ကုန် သီလဝါ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်္ဘောက သယ်ဆောင်လာသည့် ကာကွယ်ရေးပစ္စည်းများတွင်ကျောက် ဖြူရေနက်ဆိပ်ကမ်းတွင် တပ်ဆင်မည့်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

“သူက သံထည်ပစ္စည်းတွေနဲ့ General Cargo ပုံစံ သယ်လာတာ။ တချို့ကာ ကွယ်ရေးပစ္စည်းတွေက ရေနက် ဆိပ်ကမ်းတွေမှာ တပ်ဖို့ ပြောတယ်။ ကျောက် ဖြူရေနက်ဆိပ်ကမ်းအတွက်လို့ သိရတယ်။ အိမ်စီးကား ၇၂ စီးလည်းပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ စစ်တပ်က စစ်သုံး ပစ္စည်းနှင့် ကာကွယ် ရေးပစ္စည်းများကို မှာယူတင်သွင်းရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ စာရွက်စာတမ်းများ တင်ပြခြင်းမရှိသည့်အပြင် ဆိပ်ကမ်းတစ်ခုလုံးကိုပါ လုံခြုံရေးချ ထိန်းချုပ် သယ်ယူနေကြောင်း၊ မင်းမဲ့စရိုက် ဆန်ဆန် ပြုမူနေကြောင်း ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း သီလဝါ MITT ဆိပ်ကမ်းတွင် Captain Yakubovich (AZSCO) အမည်ရှိ ရုရှားသင်္ဘောက တင့်ကားများ၊ လက်နက် ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများကို လာချပေးခဲ့ပြီး ယင်းတင့်ကားနှင့် လက်နက်ကြီးအမြောက်များကို လာရောက်ပို့ဆောင်သွားခဲ့သည်။source-khit thit media

=======

တ႐ုတ္မွ ေရာက္လာေသာ ေလေၾကာင္းရန္ေရဒါတပ္ကားမ်ား၊ ေရတပ္ေရဒါ အပါအဝင္ စစ္သုံးပစၥည္းမ်ားကို သီလဝါဆိပ္ကမ္းမွ ညပိုင္း ခိုးသယ္(႐ုပ္/သံ)

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၇

တ႐ုတ္နိုင္ငံမွ ေရာက္ရွိလာေသာ ေလေၾကာင္းရန္ေရဒါတပ္ကားမ်ား၊ ေရတပ္ေရဒါ အပါအဝင္ စစ္သုံးပစၥည္းမ်ားကို ရန္ကုန္သီလဝါဆိပ္ကမ္းမွ ညအခ်ိန္ ခိုးေၾကာင္ခိုးဝွက္သယ္ယူလ်က္ရွိေၾကာင္း သိရွိရသည္။

ယမန္ေန႔ည ၁၁ နာရီဝန္းက်င္တြင္ သီလဝါဆိပ္ကမ္းမွ စစ္သုံးပစၥည္းမ်ားကို ကားမ်ားျဖင့္ တိတ္တဆိတ္သယ္ယူခဲ့ျခင္းျဖစ္သည္။

ရန္ကုန္သီလဝါဆိပ္ကမ္းတြင္ တ႐ုတ္နိုင္ငံ TIANJINဆိပ္ကမ္းမွ ေလေၾကာင္းရန္ေရဒါတပ္ကားမ်ား၊ ေရ တပ္ ေရဒါ ပစၥည္းမ်ား အပါအဝင္ ကာကြယ္ေရးပစၥည္းမ်ား လာပို႔သည့္ သေဘၤာဆိုက္ကပ္ေနၿပီး စစ္တပ္က ဆိပ္ကမ္းကို ထိန္း ခ်ဳပ္ကာ ပစၥည္းမ်ား သယ္ယူေနေၾကာင္း ေနျပည္ေတာ္စစ္ဘက္သတင္းရပ္ကြက္ထံမွ သိရွိရသည္။

စစ္ေကာင္စီအတြက္ ပစၥည္းမ်ား သယ္ေဆာင္လာေသာ သေဘၤာမွာ ပနားမား အလံတင္ထားသည့္ LIN HAI သေဘၤာျဖစ္ၿပီးIMO 90123099 ျဖစ္ေၾကာင္း သိရွိရသည္။

ေလေၾကာင္းရန္ကာကြယ္ေရး ေရဒါတပ္ကားမ်ား အျပင္ ေလေၾကာင္းရန္ ကာ ကြယ္ေရးတပ္ဖြဲ႕အတြက္ စက္ကရိယာမ်ား၊ ဂ်က္ေလယာဥ္ျပင္ဆင္မႈဆိုင္ရာ အစိတ္အပိုင္းမ်ား၊ ေရေၾကာင္းေစာင့္ၾကည့္ေရး ေရဒါႏွင့္ ေရတပ္သေဘၤာမ်ားအတြက္ အပိုပစၥည္းမ်ား အပါအဝင္ စုစုေပါင္း ေပ ၄၀ ကြန္တိန္နာ ၂၈ လုံးအျပည့္ သယ္ေဆာင္လာေၾကာင္း ေနျပည္ေတာ္စစ္ဘက္သတင္းရပ္ကြက္က ေျပာသည္။

အဆိုပါ သေဘၤာသည္ တ႐ုတ္နိုင္ငံ TIANJINဆိပ္ကမ္းမွ ဇန္နဝါရီလ ၃၁ ရက္ေန႔ ထြက္ခြာခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္ သီလဝါ ဆိပ္ကမ္းကို ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔ တြင္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါသေဘၤာက သယ္ေဆာင္လာသည့္ ကာကြယ္ေရးပစၥည္းမ်ားတြင္ေက်ာက္ ျဖဴေရနက္ဆိပ္ကမ္းတြင္ တပ္ဆင္မည့္ပစၥည္းမ်ားလည္း ပါဝင္ေၾကာင္း သိရွိရသည္။

“သူက သံထည္ပစၥည္းေတြနဲ႔ General Cargo ပုံစံ သယ္လာတာ။ တခ်ိဳ႕ကာ ကြယ္ေရးပစၥည္းေတြက ေရနက္ ဆိပ္ကမ္းေတြမွာ တပ္ဖို႔ ေျပာတယ္။ ေက်ာက္ ျဖဴေရနက္ဆိပ္ကမ္းအတြက္လို႔ သိရတယ္။ အိမ္စီးကား ၇၂ စီးလည္းပါတယ္” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ေျပာသည္။

ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္မွ သတင္းရင္းျမစ္တစ္ခု၏ အဆိုအရ စစ္တပ္က စစ္သုံး ပစၥည္းႏွင့္ ကာကြယ္ ေရးပစၥည္းမ်ားကို မွာယူတင္သြင္းရာတြင္ လုပ္ထုံးလုပ္နည္းအတိုင္းမဟုတ္ဘဲ စာရြက္စာတမ္းမ်ား တင္ျပျခင္းမရွိသည့္အျပင္ ဆိပ္ကမ္းတစ္ခုလုံးကိုပါ လုံျခဳံေရးခ် ထိန္းခ်ဳပ္ သယ္ယူေနေၾကာင္း၊ မင္းမဲ့စရိုက္ ဆန္ဆန္ ျပဳမူေနေၾကာင္း ေျပာဆိုသည္။

ဇန္နဝါရီလ ၂၄ ရက္ေန႔ကလည္း သီလဝါ MITT ဆိပ္ကမ္းတြင္ Captain Yakubovich (AZSCO) အမည္ရွိ ႐ုရွားသေဘၤာက တင့္ကားမ်ား၊ လက္နက္ ႀကီး အေျမာက္မ်ား၊ လက္နက္ခဲယမ္းမ်ားကို လာခ်ေပးခဲ့ၿပီး ယင္းတင့္ကားႏွင့္ လက္နက္ႀကီးအေျမာက္မ်ားကို လာေရာက္ပို႔ေဆာင္သြားခဲ့သည္။source-khit thit media

Leave a Reply

Your email address will not be published.