ပျူစောထီးများကို စစ်ဝတ်စုံဝတ်ဆင်စေ၍ လက်နက်ချအညံ့ခံသည့်ပုံစံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို အယုံသွင်းကာ မျှားခေါ်သည့်လုပ်ရပ်

အကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲအတွင်း ကြိုးပမ်းလာသည်ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးမှ တစ်ဆင့်အသိ​ပေးသည်။

ထိုကဲ့သို့ ဖြစ်စဥ်သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) က ရေဦးမြို့နယ် ပုဏ္ဏကားရွာ၌ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ယုံကြည်မှုမရှိသဖြင့် ပစ်ခတ်မှုပြုလုပ်ရာတွင် ကင်းပုန်းဝတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ခန့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်

“စစ်ခွေးတွေခင်းလာတဲ့ မိန်းမဆန်ဆန် နည်းဗျူဟာထဲက တစ်ခုပါပဲ။စစ်ရေး အတွေ့အကြုံနည်းနေသေးတယ့် ကိုယ့်အညာဒေသတစ်ခုလုံးအတွက် ကြုံတွေ့လာရတဲ့စကစရဲ့ဗျူဟာပုံစံတစ်ခုကို ဝေမျှခြင်းဖြစ်ပြီး စကစရဲ့ဘယ် လိုကမ်းလှမ်းမှု့မျိုးမဆို ယုံကြည်စိတ်မသွင်းမိစေရန်ပါဟု အထက်ပါတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြ သည်

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မျှားခေါ်မှုမှာ အသုံးပြုခဲ့သော ပျူစောထီးခုနှစ်ဦးသည် နေရာတွင် သေဆုံးသွားကြောင်း သိရသည်

ထို့အတူ ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်)တွင် ပုဏ္ဏကားကျေးရွာအနီး ရေဦး -တန့်ဆည်ကားလမ်းအသုံးပြုရန်အတွက် မြေပြင်သတင်းရယူပြီးမှ သွားလာရန်လည်း ရေဦးမြို့နယ်(ပ.က.ဖ)က သတိပေးသည်။

ယမန်နေ့က ရေဦးမြို့နယ် မြောက်ဘက်ခြမ်း ဘိုရုံရွာအနီးရှိ ‌ဆည်မြောင်းတူးမြောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လမ်းပြဒလန်လွှမ်းအောင်အပါအဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်း ရေဦး(ပ.က.ဖ)က အသိပေးထားသည်uPeople’sSpring

စစ်ဝတ်စုံဝတ်ပြီး အညံ့ခံသည့်ပုံစံဖြင့် တိုက်ပွဲအတွင်း မျှား​ခေါ်သည့်လုပ်ရပ် စစ်​ကောင်စီကြိုးပမ်းလာ…see more
စစ်ဝတ်စုံဝတ်ပြီး မျှား​ခေါ်ရာတွင် အသုံးချခံရသည့် ပျူ ခုနစ်ဦး​သေဆုံး








Leave a Reply

Your email address will not be published.