စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ် တိုက်လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့သော လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင်မှာ ပြည်ထောင်စုနေ့ကမှ မင်္ဂလာဆွမ်းကပ်ပွဲကျင်းပခဲ့ကြောင်း ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များက ပေးပို့ချက်အရသိရသည်။

ဗိုလ်သင်တန်းအပတ်စဉ် (၅၁) ဆင်း ဗိုလ်ကြီးဟိန်းထက်အောင် လေ-၃၅၈၆ မောင်းနှင်သည့် တိုက်လေယာဉ်သည် မန္တလေးတံတားဦးလေတပ်စခန်းမှ ပျံတက်လာပြီး လေ့ကျင့်ပျံသန်းမှုပြုစဉ် လေယာဉ် စက်ချို့ယွင်းကာ ရေမျက်ကြီးအင်းထဲပျက်ကျသွားခြင်းဖြစ်သည်ဟုစစ်ကောင်စီကထုတ်ပြန်သည်။

ပျက်ကျသွားသည့် အကြမ်းဖက်စစ်အုပ်စု၏ တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် A5C Fantan အမျိုးအစားဖြစ်သည်ဟု လေတပ်မှ CDM ဝင်ရောက်လာသည့် တပ်ကြပ်ကြီးတစ်ဦးက ပြောဆိုကြောင်း မဇ္ဈိမသတင်းမှာ ဖော်ပြထားပါတယ်။

ယင်းအပြင် ၎င်းသည် Operation Spitfire က ထုတ်ပြန်ထားသည့်ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော လေတပ်မှ အရာရှိစာရင်းများကို ထုတ်ပြန်လျက်ရှိရာတွင် ဗိုလ်ကြီးဟိန်းထက်အောင်သည် ဇန်နဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ခဲ့သော ပိုင်းလော့စာရင်းတွင် အမည်ပေါက် ပါဝင်သူဖြစ်သည်။

ဗိုလ်ကြီးဟိန်းထက်အောင်သည် တံတားဦးလေတပ်စခန်းမှဖြစ်ပြီး လွန်ခဲ့သော လပိုင်းကမှ မင်္ဂလာဆောင်ထားသူဖြစ်ကြောင်း သိရှိရသည်။

သူ့ကို တပ်ထဲမှာ ဂျာကြီး လို့ပဲခေါ်ကြတာသူက မင်္ဂလာဆောင်ထားတာမကြာသေးဘူးကလေးမရှိသေးဘူးဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်

စစ္ကိုင္းတိုင္း စစ္ကိုင္းၿမိဳ႕နယ္ ေရမ်က္ႀကီးအင္းတြင္ ယေန႔နံနက္ ၁၁ နာရီဝန္းက်င္က စစ္ေကာင္စီတပ္ တိုက္ေလယာဥ္ပ်က္က်ၿပီး ေသဆုံးသြားခဲ့ေသာ ေလယာဥ္မႉး ဗိုလ္ႀကီးဟိန္းထက္ေအာင္မွာ ျပည္ေထာင္စုေန႔ကမွ မဂၤလာဆြမ္းကပ္ပြဲက်င္းပခဲ့ေၾကာင္း ယုံၾကည္စိတ္ခ်ရေသာသတင္းရင္းျမစ္မ်ားက ေပးပို႔ခ်က္အရသိရသည္။

ဗိုလ္သင္တန္းအပတ္စဥ္ (၅၁) ဆင္း ဗိုလ္ႀကီးဟိန္းထက္ေအာင္ ေလ-၃၅၈၆ ေမာင္းႏွင္သည့္ တိုက္ေလယာဥ္သည္ မႏၲေလးတံတားဦးေလတပ္စခန္းမွ ပ်ံတက္လာၿပီး ေလ့က်င့္ပ်ံသန္းမႈျပဳစဥ္ ေလယာဥ္ စက္ခ်ိဳ႕ယြင္းကာ ေရမ်က္ႀကီးအင္းထဲပ်က္က်သြားျခင္းျဖစ္သည္ဟုစစ္ေကာင္စီကထုတ္ျပန္သည္။

ပ်က္က်သြားသည့္ အၾကမ္းဖက္စစ္အုပ္စု၏ တိုက္ေလယာဥ္မွာ တ႐ုတ္နိုင္ငံထုတ္ A5C Fantan အမ်ိဳးအစားျဖစ္သည္ဟု ေလတပ္မွ CDM ဝင္ေရာက္လာသည့္ တပ္ၾကပ္ႀကီးတစ္ဦးက ေျပာဆိုေၾကာင္း မဇၩိမသတင္းမွာ ေဖာ္ျပထားပါတယ္။

ယင္းအျပင္ ၎သည္ Operation Spitfire က ထုတ္ျပန္ထားသည့္ျပည္သူမ်ားကို ဗုံးက်ဲတိုက္ခိုက္ေနေသာ ေလတပ္မွ အရာရွိစာရင္းမ်ားကို ထုတ္ျပန္လ်က္ရွိရာတြင္ ဗိုလ္ႀကီးဟိန္းထက္ေအာင္သည္ ဇန္နဝါရီလ ၆ ရက္ေန႔ ထုတ္ျပန္ခဲ့ေသာ ပိုင္းေလာ့စာရင္းတြင္ အမည္ေပါက္ ပါဝင္သူျဖစ္သည္။

ဗိုလ္ႀကီးဟိန္းထက္ေအာင္သည္ တံတားဦးေလတပ္စခန္းမွျဖစ္ၿပီး လြန္ခဲ့ေသာ လပိုင္းကမွ မဂၤလာေဆာင္ထားသူျဖစ္ေၾကာင္း သိရွိရသည္။

သူ႔ကို တပ္ထဲမွာ ဂ်ာႀကီး လို႔ပဲေခၚၾကတာသူက မဂၤလာေဆာင္ထားတာမၾကာေသးဘူးကေလးမရွိေသးဘူးဟု တပ္တြင္းသတင္းရင္းျမစ္က ေျပာသည္

Leave a Reply

Your email address will not be published.