ဖတ်မာကျေးရွာတွင် ခြံခတ်ရန်အတွက် သွား‌တဲ့ ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ဖေဖော်ဝါရီ၊၁၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာတွင် ဆိုင်ကယ် စီးလာသည့် ဇနီး‌မောင်နှံနှစ်ဦးကို ယမန်နေ့ည(၈)နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများ လိုက်လံပစ်ခတ်ခဲ့‌သောကြောင့် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဇနီးမောင်နှံနှစ်ဦးသည် ဖတ်မာရွာတွင် ခြံခတ်ရန်အတွက် သွား‌ရောက်ရာ စစ်ဖြစ်လာသောကြောင့် ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ပြုလုပ်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“သူတို့က ဖတ်မာမှာ ခြံကာဖို့ လာတဲ့အချိန် စစ်ဖြစ်လာတဲ့ အချိန် ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ လုပ်တဲ့အချိန် စစ်သားတွေက နောက်ကနေ လိုက်ပစ်လိုက်တာတဲ့။

ရွာသူ/သားတွေလည်း အဲဒီအချိန် ကြောက်တော့ ပုန်းနေကြရတော့။ မနေ့ကတည်းက ပစ်တာ အလောင်းတောင် ဒီမနက်မှ သွားယူကြတာ။ ကွေးတောင်ကွေးနေပြီ။”ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် လင်မယား(၂) နှစ်ဦးမှာ အသက် (၂၀) ကျော်ဝန်းကျင်သာ ဖြစ်ပြီး လက်ထပ်ထားသည်မှာ လအနည်းငယ်သာ ရှိသေးပြီးတော့ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ သဂြိုဟ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့ည(၇)နာရီဝန်းကျင်က လုံရှာယန်နှင့် ဖတ်မာကျေးရွာကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဖတ်မာကျေးရွာသည် ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်ကောင်စီစခန်းများအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ သိမ်းပိုက်ခဲ့သည့် လုံရှာယန်နှင့် ဆွမ်ပီယန်ကျေးရွာ ကြားတွင် တည်ရှိသည့် ရွာတစ်ရွာဖြစ်သည်။

လက်ရှိအချိန် ဖတ်မာကျေးရွာတွင် စစ်ကောင်စီက တပ်စွဲနေထိုင်လျက်ရှိပြီး ဖေဖော်ဝါရီလ တိုက်ပွဲ ဖြစ်ပွားကတည်းက ရွာသူ/သားများအား တိမ်းရှောင်ထွက်ပြေးလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း သတိပေး ခြိမ်းခြောက်ထားသည်ဟုလည်း သိရသည်။

Myitkyina News Journal

ဖတ္မာေက်းရြာတြင္ ၿခံခတ္ရန္အတြက္ သြား‌တဲ့ ဇနီးေမာင္ႏွံႏွစ္ဦးကို စစ္ေကာင္စီက ပစ္သတ္

ေဖေဖာ္ဝါရီ၊၁၆

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္ ဖတ္မာေက်းရြာတြင္ ဆိုင္ကယ္ စီးလာသည့္ ဇနီး‌ေမာင္ႏွံႏွစ္ဦးကို ယမန္ေန႔ည(၈)နာရီဝန္းက်င္က စစ္ေကာင္စီတပ္သားမ်ား လိုက္လံပစ္ခတ္ခဲ့‌ေသာေၾကာင့္ က်ည္ထိမွန္ေသဆုံးခဲ့ေၾကာင္း သိရသည္။

ယင္းဇနီးေမာင္ႏွံႏွစ္ဦးသည္ ဖတ္မာရြာတြင္ ၿခံခတ္ရန္အတြက္ သြား‌ေရာက္ရာ စစ္ျဖစ္လာေသာေၾကာင့္ ဆိုင္ကယ္ျဖင့္ ထြက္ေျပးရန္ ျပဳလုပ္ခဲ့တဲ့အခ်ိန္ စစ္ေကာင္စီတပ္သားမ်ားက လိုက္လံပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းအရင္းအျမစ္တစ္ဦးက ျမစ္ႀကီးနားသတင္းဂ်ာနယ္သို႔ ေျပာသည္။

“သူတို႔က ဖတ္မာမွာ ၿခံကာဖို႔ လာတဲ့အခ်ိန္ စစ္ျဖစ္လာတဲ့ အခ်ိန္ ဆိုင္ကယ္နဲ႔ ထြက္ေျပးဖို႔ လုပ္တဲ့အခ်ိန္ စစ္သားေတြက ေနာက္ကေန လိုက္ပစ္လိုက္တာတဲ့။

ရြာသူ/သားေတြလည္း အဲဒီအခ်ိန္ ေၾကာက္ေတာ့ ပုန္းေနၾကရေတာ့။ မေန႔ကတည္းက ပစ္တာ အေလာင္းေတာင္ ဒီမနက္မွ သြားယူၾကတာ။ ေကြးေတာင္ေကြးေနၿပီ။”ဟု ၎က ေျပာသည္။

ေသဆုံးသြားသည့္ လင္မယား(၂) ႏွစ္ဦးမွာ အသက္ (၂၀) ေက်ာ္ဝန္းက်င္သာ ျဖစ္ၿပီး လက္ထပ္ထားသည္မွာ လအနည္းငယ္သာ ရွိေသးၿပီးေတာ့ ၎တို႔ႏွစ္ဦး၏ ႐ုပ္အေလာင္းကို ယေန႔ သၿဂိဳဟ္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။

ယမန္ေန႔ည(၇)နာရီဝန္းက်င္က လုံရွာယန္ႏွင့္ ဖတ္မာေက်းရြာၾကား ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)ႏွင့္ စစ္ေကာင္စီတို႔ ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည္။

ဖတ္မာေက်းရြာသည္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔က စစ္ေကာင္စီစခန္းမ်ားအား ကခ်င္လြတ္လပ္ေရး တပ္မေတာ္ (KIA) မွ သိမ္းပိုက္ခဲ့သည့္ လုံရွာယန္ႏွင့္ ဆြမ္ပီယန္ေက်းရြာ ၾကားတြင္ တည္ရွိသည့္ ရြာတစ္ရြာျဖစ္သည္။

လက္ရွိအခ်ိန္ ဖတ္မာေက်းရြာတြင္ စစ္ေကာင္စီက တပ္စြဲေနထိုင္လ်က္ရွိၿပီး ေဖေဖာ္ဝါရီလ တိုက္ပြဲ ျဖစ္ပြားကတည္းက ရြာသူ/သားမ်ားအား တိမ္းေရွာင္ထြက္ေျပးလၽွင္ ပစ္ခတ္မည္ျဖစ္ေၾကာင္း သတိေပး ၿခိမ္းေျခာက္ထားသည္ဟုလည္း သိရသည္။

Myitkyina News Journal

Leave a Reply

Your email address will not be published.