စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း လေယာဉ် ပျက်ကျဟု သတင်းထွက်ပေါ်
—————-
စိုင်းခန့်
စစ်ကိုင်းတိုင်း မြောက်ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၅၃ မိနစ်အချိန်က ပေါက်ကွဲသံနှစ်ချက် ကြားလိုက်ရပြီးနောက် လေယာဉ်တစ်စီး ပျက်ကျခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“အစက ဗုံးကြဲတယ်ပဲ ထင်နေတာ။ အခု အတည်ပြုရတာက လေယာဉ်ပျက်ကျတယ် ကြားတယ်။ မီးခိုးတွေမဲပြီး အသံနှစ်ဆင့် ကြားပြီးနောက် ပျက်ကျတယ်ဆိုပြီး သိရတယ်။ အခု စစ်ကိုင်းဘက်က မီးသတ်တွေ အသင်းအဖွဲ့တွေ သွားနေတယ်။ အဲ့ဒီကန်က စစ်ကိုင်းမှာ အကြီးဆုံးကန်” ဟု သတင်းရင်းမြစ်က ပြောသည်။

လေယာဉ်ပျက်ကျ သွားသည်ဆိုသည့် ရေမျက်ကြီးအင်း အတွင်း စပိဘုတ်များဖြင့် ရှာဖွေနေမှုများ ရှိနေသလို ကောင်းကင်တွင်လည်း စစ်ကောင်စီ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံဝဲနေကြောင်း သိရသည်။

“အဲ့ဒီ အင်းပတ်လည်မှာ ရွာ ၁၅ ရွာရှိတယ်။ အခုတော့ စစ်တပ်က လေယာဉ်တွေ ကောင်းကင်မှာ ဝဲနေပြီ။ လာစစ်ဆေးနေကြတာလား မသိဘူး။ အလောင်း တစ်လောင်းတွေ့တယ်လည်း ကြားနေတယ်။ နောက်တစ်ခု ကြားတာက မင်းဝံတောင်ရိုးပေါ်ကနေ ပစ်ချတယ်လို့လည်း ကြားနေတယ်။ ဗုံးအရင် စကြဲလို့ ပစ်ချတာလို့လည်း ပြောနေတယ်။ အတည်ပြုလို့တော့ မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

လေယာဉ်ပျက်ကျမှု သတင်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မဇ္ဈိမက ဆက်လက် စုံစမ်းလျက်ရှိသည်။
ဗီဒီယိုအညွှန်း – လေယာဉ်ပျက်ကျသွားသည် ဆိုသည့် နေရာအနီး ပျံသန်း စစ်ဆေးနေသည့် ရဟတ်ယာဉ်တစ်စီး။ (ရိုက်ကူး – CJ)

======

စစ္ကိုင္းၿမိဳ႕နယ္ ေရမ်က္ႀကီးအင္းအတြင္း ေလယာဥ္ ပ်က္က်ဟု သတင္းထြက္ေပၚ
—————-
စိုင္းခန႔္
စစ္ကိုင္းတိုင္း ေျမာက္ဘက္ရွိ ေရမ်က္ႀကီးအင္းအတြင္း ယေန႔ ေဖေဖာ္ဝါရီလ ၁၆ ရက္ နံနက္ ၁၀ နာရီ ၅၃ မိနစ္အခ်ိန္က ေပါက္ကြဲသံႏွစ္ခ်က္ ၾကားလိုက္ရၿပီးေနာက္ ေလယာဥ္တစ္စီး ပ်က္က်ျခင္း ျဖစ္နိုင္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“အစက ဗုံးၾကဲတယ္ပဲ ထင္ေနတာ။ အခု အတည္ျပဳရတာက ေလယာဥ္ပ်က္က်တယ္ ၾကားတယ္။ မီးခိုးေတြမဲၿပီး အသံႏွစ္ဆင့္ ၾကားၿပီးေနာက္ ပ်က္က်တယ္ဆိုၿပီး သိရတယ္။ အခု စစ္ကိုင္းဘက္က မီးသတ္ေတြ အသင္းအဖြဲ႕ေတြ သြားေနတယ္။ အဲ့ဒီကန္က စစ္ကိုင္းမွာ အႀကီးဆုံးကန္” ဟု သတင္းရင္းျမစ္က ေျပာသည္။

ေလယာဥ္ပ်က္က် သြားသည္ဆိုသည့္ ေရမ်က္ႀကီးအင္း အတြင္း စပိဘုတ္မ်ားျဖင့္ ရွာေဖြေနမႈမ်ား ရွိေနသလို ေကာင္းကင္တြင္လည္း စစ္ေကာင္စီ တိုက္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ား ပ်ံဝဲေနေၾကာင္း သိရသည္။

“အဲ့ဒီ အင္းပတ္လည္မွာ ရြာ ၁၅ ရြာရွိတယ္။ အခုေတာ့ စစ္တပ္က ေလယာဥ္ေတြ ေကာင္းကင္မွာ ဝဲေနၿပီ။ လာစစ္ေဆးေနၾကတာလား မသိဘူး။ အေလာင္း တစ္ေလာင္းေတြ႕တယ္လည္း ၾကားေနတယ္။ ေနာက္တစ္ခု ၾကားတာက မင္းဝံေတာင္ရိုးေပၚကေန ပစ္ခ်တယ္လို႔လည္း ၾကားေနတယ္။ ဗုံးအရင္ စၾကဲလို႔ ပစ္ခ်တာလို႔လည္း ေျပာေနတယ္။ အတည္ျပဳလို႔ေတာ့ မရေသးဘူး” ဟု ၎က ဆက္ေျပာသည္။

ေလယာဥ္ပ်က္က်မႈ သတင္းႏွင့္ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္မ်ားကို မဇၩိမက ဆက္လက္ စုံစမ္းလ်က္ရွိသည္။
ဗီဒီယိုအညႊန္း – ေလယာဥ္ပ်က္က်သြားသည္ ဆိုသည့္ ေနရာအနီး ပ်ံသန္း စစ္ေဆးေနသည့္ ရဟတ္ယာဥ္တစ္စီး။

Leave a Reply

Your email address will not be published.