ကားဝယ္ သူတိုင္း သြားၿပီးဦးတိုက္ေနရတဲ့ ေရႊေညာင္ပင္ဘိုးဘိုးႀကီး ေနာက္ကြယ္က သမိုင္း

ေခတ္ေတြဘယ္လိုပဲ ေျပာင္းေျပာင္း ေမာ္ေတာ္ကားအသစ္ တစ္စင္းဝယ္ၿပီဆိုတာနဲ႔ ကားပိုင္ရွင္အသစ္ဟာ ရန္ကုန္-ျပည္လမ္းေပၚ ေထာက္ၾကန႔္နားက ေရႊေညာင္ပင္ ဘိုးဘိုးႀကီးနတ္နန္းကို သုံးႀကိမ္သုံးခါ ဦးတိုက္ပြဲငွက္ေပ်ာပြဲ၊ အုန္းပြဲနဲ႔ဆုေတာင္းေနၾကဆဲပါပဲ။

အဲ့ဒီ ဘိုးဘိုးႀကီးရဲ့ ေနာက္ကြယ္ သမိုင္းအမွန္ကေတာ့…

၁၉၃၅ ေလာက္က ရန္ကုန္-ျပည္လမ္းေပၚမွာ ေညာင္ပင္ႀကီး တစ္ပင္ရွိသတဲ့။ အဲ့ဒီေညာင္ပင္ေဘးမွာ ပထမကမၻာစစ္ျပန္ အဘိုးႀကီးတစ္ေယာက္ရဲ့ ကားဝပ္ေရွာ့တဲကေလးရွိတယ္။

အဘိုးႀကီးေသသြားတဲ့အခါ အဲ့ဒီေညာင္ပင္ႀကီးနားမွာ ကားေတြ မၾကာမၾကာပ်က္တတ္တယ္။ အဲ့လိုပ်က္တဲ့အခါ ေညာင္ပင္ႀကီးကို ပါလာတဲ့ ထမင္း၊

ဟင္း၊ မုန႔္ေလးေတြ ပသၿပီး ေတာင္းပန္လိုက္ရင္ ကားေတြက ျပန္ေကာင္းသြားေရာတဲ့ေလ။ ဝပ္ေရွာ့ဆရာႀကီးက နတ္ျဖစ္ၿပီး ဂြင္ဖန္တာေနမယ္လို႔ ကားသမားေတြက ယူဆခဲ့ၾကတယ္။

၁၉၄၂ ခုႏွစ္မွာ ႐ုကၡစိုးမ်ိဳးႏြယ္ဝင္ ေရႊေညာင္ပင္ဘိုးဘိုးႀကီးရဲ့ပဌာန္းဆက္ဆိုသူ ေဒၚေအးရင္က အဲ့ဒီေညာင္ပင္မွာ ေရႊေညာင္ပင္ဘိုးဘိုးႀကီး ဆိုၿပီး နတ္ကြန္းေဆာက္လိုက္ပါေတာ့တယ္

(ပထမနတ္နန္းက ပ်ဥ္းမပင္နားမွာျဖစ္ၿပီး၊ ယခုလက္ရွိနတ္နန္းကေတာ့ အသစ္ပါ)။ အဲ့ဒီေနာက္ပိုင္း ကားေတြ ဝယ္ၿပီးရင္ ဝပ္ေရွာ့ဆရာဘိုးဘိုးႀကီးကို လာလာျပၾကေတာ့တာပါပဲ။

အခု ေရႊေညာင္ပင္နတ္နန္းသြားၿပီး သမိုင္းေၾကာင္းေမးရင္ေတာ့- ကႆပဘုရားရွင္ကေန အစခ်ီၿပီး ေရႊတိဂုံဘုရားသမိုင္းပါ ဆြဲစိျပပါလိမ့္မယ္။ ဝပ္ေရွာ့ဆရာႀကီးတို႔ ေဂၚခ်က္က ဗုဒၶဝင္ထဲပါ ေရာက္သြားတာေနာ္။

ဘယ္လိုသမိုင္းေတြပဲရွိရွိ လူေတြမွာ ကိုယ့္အယူအဆနဲ႔ ကိုယ္ယုံၾကည္ရာ၊ ယုံၾကည္ရာ လုပ္ခြင့္ရွိၾကလို႔ အျပစ္ဆိုလို႔ေတာ့ ရနိုင္မွာ မဟုတ္ပါဘူး။

Author – Kyaw Swa Naing

ကားဝယ် သူတိုင်း သွားပြီးဦးတိုက်နေရတဲ့ ရွှေညောင်ပင်ဘိုးဘိုးကြီး နောက်ကွယ်က သမိုင်း

ခေတ်တွေဘယ်လိုပဲ ပြောင်းပြောင်း မော်တော်ကားအသစ် တစ်စင်းဝယ်ပြီဆိုတာနဲ့ ကားပိုင်ရှင်အသစ်ဟာ ရန်ကုန်-ပြည်လမ်းပေါ် ထောက်ကြန့်နားက ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းကို သုံးကြိမ်သုံးခါ ဦးတိုက်ပွဲငှက်ပျောပွဲ၊ အုန်းပွဲနဲ့ဆုတောင်းနေကြဆဲပါပဲ။

အဲ့ဒီ ဘိုးဘိုးကြီးရဲ့ နောက်ကွယ် သမိုင်းအမှန်ကတော့…

၁၉၃၅ လောက်က ရန်ကုန်-ပြည်လမ်းပေါ်မှာ ညောင်ပင်ကြီး တစ်ပင်ရှိသတဲ့။ အဲ့ဒီညောင်ပင်ဘေးမှာ ပထမကမ္ဘာစစ်ပြန် အဘိုးကြီးတစ်ယောက်ရဲ့ ကားဝပ်ရှော့တဲကလေးရှိတယ်။

အဘိုးကြီးသေသွားတဲ့အခါ အဲ့ဒီညောင်ပင်ကြီးနားမှာ ကားတွေ မကြာမကြာပျက်တတ်တယ်။ အဲ့လိုပျက်တဲ့အခါ ညောင်ပင်ကြီးကို ပါလာတဲ့ ထမင်း၊

ဟင်း၊ မုန့်လေးတွေ ပသပြီး တောင်းပန်လိုက်ရင် ကားတွေက ပြန်ကောင်းသွားရောတဲ့လေ။ ဝပ်ရှော့ဆရာကြီးက နတ်ဖြစ်ပြီး ဂွင်ဖန်တာနေမယ်လို့ ကားသမားတွေက ယူဆခဲ့ကြတယ်။

၁၉၄၂ ခုနှစ်မှာ ရုက္ခစိုးမျိုးနွယ်ဝင် ရွှေညောင်ပင်ဘိုးဘိုးကြီးရဲ့ပဌာန်းဆက်ဆိုသူ ဒေါ်အေးရင်က အဲ့ဒီညောင်ပင်မှာ ရွှေညောင်ပင်ဘိုးဘိုးကြီး ဆိုပြီး နတ်ကွန်းဆောက်လိုက်ပါတော့တယ်

(ပထမနတ်နန်းက ပျဉ်းမပင်နားမှာဖြစ်ပြီး၊ ယခုလက်ရှိနတ်နန်းကတော့ အသစ်ပါ)။ အဲ့ဒီနောက်ပိုင်း ကားတွေ ဝယ်ပြီးရင် ဝပ်ရှော့ဆရာဘိုးဘိုးကြီးကို လာလာပြကြတော့တာပါပဲ။

အခု ရွှေညောင်ပင်နတ်နန်းသွားပြီး သမိုင်းကြောင်းမေးရင်တော့- ကဿပဘုရားရှင်ကနေ အစချီပြီး ရွှေတိဂုံဘုရားသမိုင်းပါ ဆွဲစိပြပါလိမ့်မယ်။ ဝပ်ရှော့ဆရာကြီးတို့ ဂေါ်ချက်က ဗုဒ္ဓဝင်ထဲပါ ရောက်သွားတာနော်။

ဘယ်လိုသမိုင်းတွေပဲရှိရှိ လူတွေမှာ ကိုယ့်အယူအဆနဲ့ ကိုယ်ယုံကြည်ရာ၊ ယုံကြည်ရာ လုပ်ခွင့်ရှိကြလို့ အပြစ်ဆိုလို့တော့ ရနိုင်မှာ မဟုတ်ပါဘူး။

Author – Kyaw Swa Naing

Leave a Reply

Your email address will not be published.