အာဆီယံတြင္ တန္းတူဆက္ဆံမခံရ၍ ကိုယ္စားလွယ္မလႊတ္ဟု စစ္ေကာင္စီညည္းတြား

အာဆီယံတြင္ အစည္းအေဝးမ်ား နိုင္ငံတိုင္းတန္းတူရည္တူ ပါဝင္တက္ေရာက္ခြင့္မရသည့္ အေျခအေနေၾကာင့္ ေဖေဖာ္ဝါရီ ၁၇ ရက္ ေန႔တြင္ က်င္းပမည့္ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးအား ကိုယ္စားလွယ္ေစလႊတ္မည္မဟုတ္ေၾကာင္း အာဏာသိမ္း စစ္ေကာင္စီလက္ေအာက္ခံ နိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

အရပ္သားအစိုးရအား ျဖဳတ္ခ်ၿပီး အာဏာသိမ္းထားသည့္ စစ္ေကာင္စီအား အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္အား အေကာင္ အထည္မေဖာ္သည့္အတြက္ အာဆီယံအစည္းအေဝးမ်ားတြင္

စစ္ေကာင္စီအား အသိအမွတ္ျပဳသကဲ့သို႔ ျဖစ္ေစမည့္ နိုင္ငံေရးကိုယ္စားျပဳမႈမရွိသည့္ ကိုယ္စားလွယ္တဦးသာ ဖိတ္ၾကားရန္ ယခင္အာဆီယံအလွည့္က်ဥကၠဌအျဖစ္ ဘ႐ူနိုင္းနိုင္ငံက ေဆာင္ရြက္စဥ္ ဆုံးျဖတ္ခ်က္အား တဖက္သတ္စြပ္စြဲခ်က္အျဖစ္ စစ္ေကာင္စီက ထပ္မံစြပ္စြဲထားသည္

“အာဆီယံတြင္ နိုင္ငံတိုင္း တန္းတူရည္တူ ပါဝင္တက္ေရာက္ ခြင့္ရွိေရးဟူသည့္ မူႏွင့္ထုံးတမ္းစဥ္လာမ်ားကို ေသြဖည္ေနသည့္အတြက္ မလႊဲမေရွာင္သာေသာ အေျခအေနေၾကာင့္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္

အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား၏ သီးသန႔္အစည္းအေဝးသို႔ ျမန္မာနိုင္ငံက ပါဝင္ တက္ေရာက္နိုင္မည္မဟုတ္သကဲ့သို႔ နိုင္ငံေရးအရ ကိုယ္စားမျပဳသည့္ ပုဂၢိဳလ္ကိုလည္း ေစလႊတ္တက္ေရာက္ေစနိုင္မည္မဟုတ္ေၾကာင္း” ဟု စစ္ေကာင္စီကဆိုသည္

လက္ရွိတြင္ အာဆီယံအလွည္က်ဥကၠဌအျဖစ္ ကေမၻာဒီးယာနိုင္ငံက တာဝန္ယူလၽွက္ရွိၿပီး ျပည္သူ႔ဆႏၵမဲရလဒ္အား ျငင္းပယ္ကာ အာဏာသိမ္းထားသည့္ စစ္ေကာင္စီကိုယ္စားျပဳအေနျဖင့္ အာဆီယံအစည္းအေဝးမ်ား တက္ေရာက္ခြင့္ရေရး

အာဆီယံဥကၠဌႏွင့္ ၎တို႔ကိုယ္တိုင္ မည္သို႔ပင္ႀကိဳးပမ္းေစကာမူ ၎တို႔ “မူ” အရလက္မခံနိုင္သည့္ ဘ႐ူနိုင္းနိုင္ငံက အာဆီယံဥကၠဌအျဖစ္ တာဝန္ယူထားစဥ္က ဆုံးျဖတ္ထားသည့္ အေျခအေနျပန္လည္ေရာက္ရွိလာသည္ကို စိတ္မေကာင္းစြာေတြ႕ရေၾကာင္းလည္း စစ္ေကာင္စီက ညီးတြားထားသည္

လက္ရွိ အာဆီယံဥကၠဌ ကေမၻာဒီးယာဝန္ႀကီးခ်ဳပ္ ဟြန္ဆန္သည္ ေဝဖန္မႈမ်ားရွိေနသည့္တိုင္ ဇန္နဝါရီ ၇ ရက္ေန႔ႏွင့္ ၈ ရက္ေန႔တို႔တြင္ ျမန္မာနိုင္ငံသို႔လာေရာက္ကာ အာဏာသိမ္းစစ္ေခါင္းေဆာင္ႏွင့္ ေတြ႕ဆုံခဲ့ၿပီး အာဆီယံအစည္းအေဝးမ်ားတြင္ စစ္ေကာင္စီကိုယ္စားျပဳ တက္ေရာက္ခြင့္ရေရး ႀကိဳးပမ္းေပးခဲ့မႈမ်ားအေပၚ အသိအမွတ္ျပဳေၾကာင္းလည္း စစ္ေကာင္စီက ဆိုထားသည္

လက္ရွိတြင္ အရပ္သားအစိုးရထံက အာဏာသိမ္းၿပီးေနာက္ တႏွစ္ေက်ာ္ၾကာလာသည့္တိုင္ အာဏာသိမ္းစစ္ေကာင္စီသည္ အရပ္သားမ်ားအေပၚ အၾကမ္းဖက္ဖမ္းဆီးသတ္ျဖတ္ျခင္းမ်ား ဆက္လက္ျပဳလုပ္လၽွက္ရွိၿပီး အာဏာသိမ္းကာလအတြင္း ကေလးငယ္ႏွင့္ အမ်ိဳးသမီးမ်ားအပါအဝင္ ျပည္သူ ၁၅၀၀ ေက်ာ္ေသဆုံးခဲ့ရၿပီးျဖစ္သည္

အာဆီယံတွင် တန်းတူဆက်ဆံမခံရ၍ ကိုယ်စားလှယ်မလွှတ်ဟု စစ်ကောင်စီညည်းတွား

အာဆီယံတွင် အစည်းအဝေးများ နိုင်ငံတိုင်းတန်းတူရည်တူ ပါဝင်တက်ရောက်ခွင့်မရသည့် အခြေအနေကြောင့် ဖေဖော်ဝါရီ ၁၇ ရက် နေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်

အရပ်သားအစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းထားသည့် စစ်ကောင်စီအား အာဆီယံဘုံသဘောတူညီချက် ၅ ချက်အား အကောင် အထည်မဖော်သည့်အတွက် အာဆီယံအစည်းအဝေးများတွင်

စစ်ကောင်စီအား အသိအမှတ်ပြုသကဲ့သို့ ဖြစ်စေမည့် နိုင်ငံရေးကိုယ်စားပြုမှုမရှိသည့် ကိုယ်စားလှယ်တဦးသာ ဖိတ်ကြားရန် ယခင်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ဘရူနိုင်းနိုင်ငံက ဆောင်ရွက်စဉ် ဆုံးဖြတ်ချက်အား တဖက်သတ်စွပ်စွဲချက်အဖြစ် စစ်ကောင်စီက ထပ်မံစွပ်စွဲထားသည်

“အာဆီယံတွင် နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဟူသည့် မူနှင့်ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မလွှဲမရှောင်သာသော အခြေအနေကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ကြောင်း” ဟု စစ်ကောင်စီကဆိုသည်

လက်ရှိတွင် အာဆီယံအလှည်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယာနိုင်ငံက တာဝန်ယူလျှက်ရှိပြီး ပြည်သူ့ဆန္ဒမဲရလဒ်အား ငြင်းပယ်ကာ အာဏာသိမ်းထားသည့် စစ်ကောင်စီကိုယ်စားပြုအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ရရေး

အာဆီယံဥက္ကဌနှင့် ၎င်းတို့ကိုယ်တိုင် မည်သို့ပင်ကြိုးပမ်းစေကာမူ ၎င်းတို့ “မူ” အရလက်မခံနိုင်သည့် ဘရူနိုင်းနိုင်ငံက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားစဉ်က ဆုံးဖြတ်ထားသည့် အခြေအနေပြန်လည်ရောက်ရှိလာသည်ကို စိတ်မကောင်းစွာတွေ့ရကြောင်းလည်း စစ်ကောင်စီက ညီးတွားထားသည်

လက်ရှိ အာဆီယံဥက္ကဌ ကမ္ဘောဒီးယာဝန်ကြီးချုပ် ဟွန်ဆန်သည် ဝေဖန်မှုများရှိနေသည့်တိုင် ဇန်နဝါရီ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့လာရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ပြီး အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကိုယ်စားပြု တက်ရောက်ခွင့်ရရေး ကြိုးပမ်းပေးခဲ့မှုများအပေါ် အသိအမှတ်ပြုကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်

လက်ရှိတွင် အရပ်သားအစိုးရထံက အာဏာသိမ်းပြီးနောက် တနှစ်ကျော်ကြာလာသည့်တိုင် အာဏာသိမ်းစစ်ကောင်စီသည် အရပ်သားများအပေါ် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်လက်ပြုလုပ်လျှက်ရှိပြီး အာဏာသိမ်းကာလအတွင်း ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၁၅၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်

Leave a Reply

Your email address will not be published.