မနက်ဖြန် မနက် ၄ နာရီမှ စတင်ကာ ရန်ကုန်မြို့တွင်း ယာယီပိတ်ထားမည့် လမ်းကြောင်းများ ထုတ်ပြန်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ဖြန် မနက် ၄ နာရီမှ စတင်ကာ ရန်ကုန်မြို့တွင်း ယာယီပိတ်ထားမည့် လမ်းကြောင်းများ ကို ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားဖြစ်တာကြောင့် ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ပြည်သူ့ရင်ပြင်၌ အခမ်းအနား ကျင်းပ ပြုလုပ်မည်ဖြစ်ရာ
အောက်ဖော်ပြပါ လမ်းများအား နံနက် ၄ နာရီ အချိန်မှစ၍ အခမ်းအနားပြီးဆုံးချိန်အထိ ခေတ္တလမ်းပိတ်၊ လမ်းလွှဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
၁။ပြည်လမ်းအား ပြည်ထောင်စုရိပ်သာလမ်းဆုံမှ မဟာမြိုင်လမ်းဆုံအထိ
၂။ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဓမ္မစေတီလမ်းဆုံ အထိ
၃။အလုံလမ်းအား ဗဟိုလမ်းနှင့်ဆုံရာမှ ဗားကရာလမ်းဆုံအထိ
၄။ရှင်စောပုလမ်းအား ဗဟိုလမ်းနှင်ဆုံရာမှ ဗားကရာလမ်းဆုံအထိ လမ်းပိတ်/ လမ်းလွှဲမှ ရှောင်လွှဲမောင်းနှင်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားပါတယ်။
crd
crd
Leave a Reply
Your email address will not be published.