မောင်တောတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး သေဆုံးသည့်အပြင် အရာရှိနှင့်စစ်သား ၂၀ နီးပါးလက်နက်နှင့်အတူ AA ၏ ဖမ်းဆီးမှု ခံလိုက်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် စစ်ကောင်စီတပ်ကို AA က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သား ၇ ဦးသေဆုံးသည့်အပြင် စစ်ကောင်စီတပ် အင်အား ၂၀ နီးပါးလည်း AA ၏ ဖမ်းဆီးမှု ခံလိုက်ရကြောင်း တပ်သတင်းရင်းမြစ်များနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ကျနော်တို့ကြားတာက အရင်ရက်(ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၅ ရက်၊ ၆ ရက်) တွေက ဒဏ်ရာရထားတဲ့ စစ်သည်တွေကို သွားကူတဲ့ စစ်ကြောင်းက ဖေဖော် ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီ မိုင်းဆွဲခံရတယ်။ အပစ်ခံရတယ်။ အဲဒီမှာ သေသူသေ၊ ထွက်ပြေးသူပြေးကြတယ်။ စုစုပေါင်း ၂၀ လောက် အဖမ်းခံရတယ်ကြားပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

AA ၏ ဖမ်းဆီးမှု ခံရသော အကြမ်းဖက်စစ်သား ၂၀ နီးပါးတွင် စစ်သူနာပြု ဗိုလ်လင်းကိုကိုထိုက်လည်း ပါဝင်ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီ၁၅ မိနစ်တွင် မိုင်းဆွဲခံရပြီးနောက် AA ၏ဖမ်းဆီးမှု ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်

AA ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသွားသူများမှာ ကြည်း ၃၉၆၃၈ ဗိုလ်မှူးမြင့်ဆွေဝင်း၊တ-၆၆၃၀၆၂ တပ် ကြပ်ကြီး အောင်မြင့်ဆွေ၊ တ- ၁၀၄၃၇၇ တပ်ကြပ်သန်းထွေး ၊ တ- ၃၇၄၅၇၂ တပ်ကြပ်ယာဉ်မြင့်၊ ကိုယ်ပိုင်နံပါတ် တ-၃၉၂၃၉ ဒုတပ်ကြပ်ဘတင်၊ တ-၅၁၃၈၈၈ တပ်သား ထိန်လင်းအောင်၊ တ-၅၁၃၁၄၇ တပ်သားအောင်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို အကြမ်းဖက်စစ် သား ၂၀ နီးပါး ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမပြုသေးသဖြင့် ရန်ကုန်ခေတ်သစ် အနေဖြင့် သတင်းကို ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- AA က ဖမ်းဆီးထားသော အကြမ်းဖက် စစ်သား ၂၀ ဦး နီးပါးတွင် ပါဝင်နေသည်ဆိုသော စစ်သူနာပြု ဗိုလ်လင်းကိုကိုထိုက်။

ေမာင္ေတာတြင္ မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ ဗိုလ္မႉး အပါအဝင္ စစ္သား ၇ ဦး ေသဆုံးသည့္အျပင္ အရာရွိႏွင့္စစ္သား ၂၀ နီးပါးလက္နက္ႏွင့္အတူ AA ၏ ဖမ္းဆီးမႈ ခံလိုက္ရ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁

ရခိုင္ျပည္နယ္၊ ေမာင္ေတာတြင္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ည ၁၁ နာရီခြဲအခ်ိန္ ဖားဝပ္ေခ်ာင္း ေက်းရြာအနီးရွိ ကြန္ကရစ္တံတားတြင္ စစ္ေကာင္စီတပ္ကို AA က မိုင္းဆြဲတိုက္ခိုက္သျဖင့္ စစ္သား ၇ ဦးေသဆုံးသည့္အျပင္ စစ္ေကာင္စီတပ္ အင္အား ၂၀ နီးပါးလည္း AA ၏ ဖမ္းဆီးမႈ ခံလိုက္ရေၾကာင္း တပ္သတင္းရင္းျမစ္မ်ားႏွင့္ ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

“က်ေနာ္တို႔ၾကားတာက အရင္ရက္(ေဖေဖာ္ဝါရီလ ၄ ရက္ေန႔၊ ၅ ရက္၊ ၆ ရက္) ေတြက ဒဏ္ရာရထားတဲ့ စစ္သည္ေတြကို သြားကူတဲ့ စစ္ေၾကာင္းက ေဖေဖာ္ ဝါရီလ ၇ ရက္ေန႔ ည ၁၁ နာရီ မိုင္းဆြဲခံရတယ္။ အပစ္ခံရတယ္။ အဲဒီမွာ ေသသူေသ၊ ထြက္ေျပးသူေျပးၾကတယ္။ စုစုေပါင္း ၂၀ ေလာက္ အဖမ္းခံရတယ္ၾကားပါတယ္” ဟု တပ္တြင္း သတင္းရင္းျမစ္က ေျပာသည္။

AA ၏ ဖမ္းဆီးမႈ ခံရေသာ အၾကမ္းဖက္စစ္သား ၂၀ နီးပါးတြင္ စစ္သူနာျပဳ ဗိုလ္လင္းကိုကိုထိုက္လည္း ပါဝင္ေၾကာင္း၊ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ည ၁၁ နာရီ၁၅ မိနစ္တြင္ မိုင္းဆြဲခံရၿပီးေနာက္ AA ၏ဖမ္းဆီးမႈ ခံလိုက္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

AA ၏ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီဘက္မွ ေသဆုံးသြားသူမ်ားမွာ ၾကည္း ၃၉၆၃၈ ဗိုလ္မႉးျမင့္ေဆြဝင္း၊တ-၆၆၃၀၆၂ တပ္ ၾကပ္ႀကီး ေအာင္ျမင့္ေဆြ၊ တ- ၁၀၄၃၇၇ တပ္ၾကပ္သန္းေထြး ၊ တ- ၃၇၄၅၇၂ တပ္ၾကပ္ယာဥ္ျမင့္၊ ကိုယ္ပိုင္နံပါတ္ တ-၃၉၂၃၉ ဒုတပ္ၾကပ္ဘတင္၊ တ-၅၁၃၈၈၈ တပ္သား ထိန္လင္းေအာင္၊ တ-၅၁၃၁၄၇ တပ္သားေအာင္ေအာင္တို႔ျဖစ္ေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္က AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကို အၾကမ္းဖက္စစ္ သား ၂၀ နီးပါး ဖမ္းဆီးရမိသည့္ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေမးျမန္းေသာ္လည္း ျပန္လည္ ေျဖၾကားျခင္းမျပဳေသးသျဖင့္ ရန္ကုန္ေခတ္သစ္ အေနျဖင့္ သတင္းကို ဆက္လက္ အတည္ျပဳရန္ ႀကိဳးပမ္းေနဆဲျဖစ္သည္။

ဓာတ္ပုံ- AA က ဖမ္းဆီးထားေသာ အၾကမ္းဖက္ စစ္သား ၂၀ ဦး နီးပါးတြင္ ပါဝင္ေနသည္ဆိုေသာ စစ္သူနာျပဳ ဗိုလ္လင္းကိုကိုထိုက္။

Leave a Reply

Your email address will not be published.