လူရွှင်တော် ဒိန်းဒေါင်ကိုကြည့်ပြီး ဝမ်းသာမိတယ်ဆိုတဲ့ ပိုးလေး

စစ်ကောင်စီရဲ့လက်ပါးစေဖြစ်နေတဲ့ လူရွှင်တော်အသင်းရဲ့ ဥက္ကဌဒိန်းဒေါင်ကိုကြည့်ပြီး ဝမ်းသာမိတယ်ဆိုတဲ့ ပိုးလေး လူရွှင်တော်ဒိန်းဒေါင်ကတော့ သူ့ရဲ့ဟာသပြက်လုံးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပေမယ့်

သူ့ရဲ့စိတ်ရင်းစိတ်ထားကတော့ ယခုနွေဦးတော်လှန်ရေးမှာ ရှင်းရှင်းလင်းလင်းကြီးပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ စစ်ကောင်စီကို အားပေးထောက်ခံပြီး မအလရဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်လေ့ရှိတဲ့ ဒိန်းဒေါင်ဟာ

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာလည်း မအလရဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး မအလကို ဦးညွှတ်ဖားယားနေတဲ့ပုံရိပ်တွေ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေအပေါ်

အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက အံ့အားသင့်နေကြပြီး လူရွှင်တော်အသင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်နေကြလျက် အခုလို စကစအောက်ဆွဲဖြစ်နေတဲ့ ဒိန်းဒေါင်အပေါ် လူရွှင်တော်တွေကလည်း

စိတ်ပျက်နေကြတာပဲဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ဝင်တွေက ပိုလို့တောင် အံ့သြနေကြပြီး ဟားငါးကောင်အဖွဲ့ဝင်

ပိုးလေးက “ဝမ်းသာပါတယ် ခင်ဗျ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။ပိုးလေးကတော့ မအလကို ဦးညွှတ်ပြီး စစ်ကောင်စီရဲ့လက်ပါးစေဖြစ်နေတဲ့ လူရွှင်တော်အသင်းရဲ့ ဥက္ကဌဒိန်းဒေါင်ကိုကြည့်ပြီး

ဝမ်းသာမိတယ်လို့ဆိုကာ လူရွှင်တော်အချင်းချင်း ခံယူချက်ခြင်းလုံးဝကွာခြားကြောင်း ပြောလာတာပဲဖြစ်ပါတယ်။

Credit

လူရႊင္ေတာ္ ဒိန္းေဒါင္ကိုၾကည့္ၿပီး ဝမ္းသာမိတယ္ဆိုတဲ့ ပိုးေလး

စစ္ေကာင္စီရဲ့လက္ပါးေစျဖစ္ေနတဲ့ လူရႊင္ေတာ္အသင္းရဲ့ ဥကၠဌဒိန္းေဒါင္ကိုၾကည့္ၿပီး ဝမ္းသာမိတယ္ဆိုတဲ့ ပိုးေလး လူရႊင္ေတာ္ဒိန္းေဒါင္ကေတာ့ သူ႔ရဲ့ဟာသျပက္လုံးေတြေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈရရွိခဲ့ေပမယ့္

သူ႔ရဲ့စိတ္ရင္းစိတ္ထားကေတာ့ ယခုေႏြဦးေတာ္လွန္ေရးမွာ ရွင္းရွင္းလင္းလင္းႀကီးေပၚလာခဲ့ၿပီပဲျဖစ္ပါတယ္။ စစ္ေကာင္စီကို အားေပးေထာက္ခံၿပီး မအလရဲ့ ပြဲအခမ္းအနားေတြကိုလည္း တက္ေရာက္ေလ့ရွိတဲ့ ဒိန္းေဒါင္ဟာ

ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာလည္း မအလရဲ့ အခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ၿပီး မအလကို ဦးညႊတ္ဖားယားေနတဲ့ပုံရိပ္ေတြ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ့လာတာျဖစ္ပါတယ္။ အဆိုပါ ဓာတ္ပုံေတြအေပၚ

အႏုပညာအသိုင္းအဝိုင္းတစ္ခုလုံးက အံ့အားသင့္ေနၾကၿပီး လူရႊင္ေတာ္အသင္းရဲ့ ဥကၠဌတစ္ေယာက္ျဖစ္ေနၾကလ်က္ အခုလို စကစေအာက္ဆြဲျဖစ္ေနတဲ့ ဒိန္းေဒါင္အေပၚ လူရႊင္ေတာ္ေတြကလည္း

စိတ္ပ်က္ေနၾကတာပဲျဖစ္ပါတယ္။ အထူးသျဖင့္ စစ္အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္ဖို႔ လြတ္ေျမာက္နယ္ေျမကိုေရာက္ရွိေနတဲ့ ဟားငါးေကာင္အဖြဲ႕ဝင္ေတြက ပိုလို႔ေတာင္ အံ့ၾသေနၾကၿပီး ဟားငါးေကာင္အဖြဲ႕ဝင္

ပိုးေလးက “ဝမ္းသာပါတယ္ ခင္ဗ်” ဆိုၿပီး သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားလာပါတယ္။ပိုးေလးကေတာ့ မအလကို ဦးညႊတ္ၿပီး စစ္ေကာင္စီရဲ့လက္ပါးေစျဖစ္ေနတဲ့ လူရႊင္ေတာ္အသင္းရဲ့ ဥကၠဌဒိန္းေဒါင္ကိုၾကည့္ၿပီး

ဝမ္းသာမိတယ္လို႔ဆိုကာ လူရႊင္ေတာ္အခ်င္းခ်င္း ခံယူခ်က္ျခင္းလုံးဝကြာျခားေၾကာင္း ေျပာလာတာပဲျဖစ္ပါတယ္။

Credit

 

Leave a Reply

Your email address will not be published.