အနှစ်နှစ်ဆယ်ကြာပြီးမှ သားဆီကပထမဆုံးရတဲ့

လက်ဆောင်က စိန်တဆင်စာလဲမဟုတ်သလို

တခြားတန်ဖိုးမြင့်မားတဲ့ အရာတွေလဲ မဟုတ်ခဲ့ပါဘူး။

သူ့ကိုယ်စားအနားမှာ အဖော်ပြုပေးဖို့၊ ပင်ပန်းချိန်တိုင်းအတူရှိပေးဖို့၊ ရင်ဖွင့်ချင်တဲ့အခါနားထောင်ပေးဖို့ ခွေးလေးတစ်ကောင်တည်းရယ်ပါ

သားကိုယ်စား မြေးတွေကိုယ်စားအဖော်ပြုပြီးနေလာခဲ့ရတာ အရမ်းလဲတွယ်တာသလို အရမ်းလဲလိမ္မာလို့ ချစ်ရပါတယ်။

သူမဖို့ တန်ဖိုးထား ပိုင်ဆိုင်ရတာကြီးကြီးမားမားဆိုလို့ တိုက်ချီဒိုလေးပဲရှိခဲ့တာ။

ဘဝတစ်လျှောက်လုံး သူမချစ်တဲ့သူတွေနဲ့ကသေကွဲနဲ့ ရှင်ကွဲတွေပဲ ရခဲ့ရတဲ့သူမအဖို့တော့

ဝဋ်ကြွေးတွေလဲ ကျေပါစေတော့လို့ ဆုတောင်းပေးနိုင်ရုံကလွဲပြီး

အားပေးစကားတွေလဲ ပျောက်ဆုံးရပါတယ်။

အချုပ်အနှောင်ကာလမှာ လူကိုယ်တိုင်တောင်အနေဆင်းရဲ အစားဆင်းရဲဖြစ်နေချိန်မှာ သူချစ်တဲ့ကလေးလဲ သခင်နဲ့အတူ အစားအသောက်ချို့တဲ့ပြီး လွမ်းတဲ့ဒဏ်ခံခဲ့ရမှာပါ။

သူအကောင်းဆုံး အဖော်လုပ်ပေးသွားခဲ့ပါတယ်။

အခုတော့သူလဲ စိတ်ချလက်ချ သူမကိုထားသွားခဲ့ပါပြီ

တိုက်ချီဒိုလေးကောင်းရာမွန်ရာရောက်နိုင်ပါစေ…..”

Credit – Sai Zwe Pyae

အႏွစ္ႏွစ္ဆယ္ၾကာၿပီးမွ သားဆီကပထမဆုံးရတဲ့

လက္ေဆာင္က စိန္တဆင္စာလဲမဟုတ္သလို

တျခားတန္ဖိုးျမင့္မားတဲ့ အရာေတြလဲ မဟုတ္ခဲ့ပါဘူး။

သူ႔ကိုယ္စားအနားမွာ အေဖာ္ျပဳေပးဖို႔၊ ပင္ပန္းခ်ိန္တိုင္းအတူရွိေပးဖို႔၊ ရင္ဖြင့္ခ်င္တဲ့အခါနားေထာင္ေပးဖို႔ ေခြးေလးတစ္ေကာင္တည္းရယ္ပါ။

သားကိုယ္စား ေျမးေတြကိုယ္စားအေဖာ္ျပဳၿပီးေနလာခဲ့ရတာ အရမ္းလဲတြယ္တာသလို အရမ္းလဲလိမၼာလို႔ ခ်စ္ရပါတယ္။

သူမဖို႔ တန္ဖိုးထား ပိုင္ဆိုင္ရတာႀကီးႀကီးမားမားဆိုလို႔ တိုက္ခ်ီဒိုေလးပဲရွိခဲ့တာ။

ဘဝတစ္ေလၽွာက္လုံး သူမခ်စ္တဲ့သူေတြနဲ႔ကေသကြဲနဲ႔ ရွင္ကြဲေတြပဲ ရခဲ့ရတဲ့သူမအဖို႔ေတာ့

ဝဋ္ေႂကြးေတြလဲ ေက်ပါေစေတာ့လို႔ ဆုေတာင္းေပးနိုင္႐ုံကလြဲၿပီး

အားေပးစကားေတြလဲ ေပ်ာက္ဆုံးရပါတယ္။

အခ်ဳပ္အေႏွာင္ကာလမွာ လူကိုယ္တိုင္ေတာင္အေနဆင္းရဲ အစားဆင္းရဲျဖစ္ေနခ်ိန္မွာ သူခ်စ္တဲ့ကေလးလဲ သခင္နဲ႔အတူ အစားအေသာက္ခ်ိဳ႕တဲ့ၿပီး လြမ္းတဲ့ဒဏ္ခံခဲ့ရမွာပါ။

သူအေကာင္းဆုံး အေဖာ္လုပ္ေပးသြားခဲ့ပါတယ္။

အခုေတာ့သူလဲ စိတ္ခ်လက္ခ် သူမကိုထားသြားခဲ့ပါၿပီ။

တိုက္ခ်ီဒိုေလးေကာင္းရာမြန္ရာေရာက္နိုင္ပါေစ…..”

Credit – Sai Zwe Pyae

 

Leave a Reply

Your email address will not be published.