NUG အပါအဝင် စစ်အာဏာရှင် တော်လှန်နေသူများကို ဖမ်းဆီးပေးရန် အကြမ်း ဖက်စစ်တပ်က အကူအညီ တောင်းခံမှု ကမ္ဘာ့ရဲတပ်ဖွဲ့ အင်တာပိုလ်က မကူညီနိုင်ဟု အကြောင်းပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ခေါင်းဆောင်များအပါအဝင် စစ်အာဏာ ရှင်ကို ဆန့်ကျင်တော်လှန် နေသူများကို ဖမ်းဆီးပေးရန် အကြမ်းဖက်စစ်ကောင် စီက ကမ္ဘာ့ရဲတပ်ဖွဲ့ အင်တာပိုလ်သို့ အကူအညီတောင်း ခံမှုအပေါ် မကူညီနိုင်ဟု အင်တာပိုလ်က အကြောင်းပြန်လိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက NUG အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေသူများကို အကြမ်းဖက်သမားဟု အမည်တပ်ကာ ဖမ်းဆီးပေးရန် အကူအညီတောင်းခံမှုကို အင်တာပိုလ်ဘက်က မကူညီနိုင်ဟု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြောင်းပြန်လိုက်ကြောင်း စင်ကာပူ အခြေစိုက် CNA သတင်းအရ သိရှိရသည်။

ထူးခြားသည့်အခြေအနေများမှလွဲ၍ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ သီးခြားကိစ္စရပ်များ သို့မဟုတ် သီးခြားလုပ်ဆောင်မှုများအပေါ် မှတ်ချက်ပေးလိုခြင်းမရှိဟု အင်တာပိုလ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNA သို့ ပြောဆိုသည်။။

“အင်တာပိုလ်သည် နိုင်ငံရေးအတိုက်အခံများ၊ အစိုးရကို ဝေဖန်သူများ သို့မဟုတ် အာ ဏာသိမ်းမှု ဆန့်ကျင်သူများနှင့်ပတ်သက်၍ ပြည်တွင်းနိုင်ငံရေးနှင့် ဆက်နွယ်နေသော မည်သည့်တောင်းဆိုမှုကိုမဆို အကူအညီပေးမည်မဟုတ်ပေ။” ဟု အင်တာပိုလ်ကမ္ဘာ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြမ်းဖက်သမားများအဖြစ် စွပ်စွဲပြီး ရှုတ်ချကြရန် ကမ္ဘာ့အဖွဲ့အစည်းများကို တောင်းဆိုထားသော်လည်း ကမ္ဘာ့အဖွဲ့အစည်းများက စစ်တပ်၏ မြန်မာပြည်သူများကို သတ်ဖြတ်နေသော အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုကြသည်။

ကိုးကား-CNA

NUG အပါအဝင္ စစ္အာဏာရွင္ ေတာ္လွန္ေနသူမ်ားကို ဖမ္းဆီးေပးရန္ အၾကမ္း ဖက္စစ္တပ္က အကူအညီ ေတာင္းခံမႈ ကမၻာ့ရဲတပ္ဖြဲ႕ အင္တာပိုလ္က မကူညီနိုင္ဟု အေၾကာင္းျပန္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၀

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG မွ ေခါင္းေဆာင္မ်ားအပါအဝင္ စစ္အာဏာ ရွင္ကို ဆန႔္က်င္ေတာ္လွန္ ေနသူမ်ားကို ဖမ္းဆီးေပးရန္ အၾကမ္းဖက္စစ္ေကာင္ စီက ကမၻာ့ရဲတပ္ဖြဲ႕ အင္တာပိုလ္သို႔ အကူအညီေတာင္း ခံမႈအေပၚ မကူညီနိုင္ဟု အင္တာပိုလ္က အေၾကာင္းျပန္လိုက္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီက NUG အပါအဝင္ စစ္တပ္ကို ဆန႔္က်င္ေနသူမ်ားကို အၾကမ္းဖက္သမားဟု အမည္တပ္ကာ ဖမ္းဆီးေပးရန္ အကူအညီေတာင္းခံမႈကို အင္တာပိုလ္ဘက္က မကူညီနိုင္ဟု ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ အေၾကာင္းျပန္လိုက္ေၾကာင္း စင္ကာပူ အေျခစိုက္ CNA သတင္းအရ သိရွိရသည္။

ထူးျခားသည့္အေျခအေနမ်ားမွလြဲ၍ အဖြဲ႕ဝင္နိုင္ငံတစ္ခု၏ သီးျခားကိစၥရပ္မ်ား သို႔မဟုတ္ သီးျခားလုပ္ေဆာင္မႈမ်ားအေပၚ မွတ္ခ်က္ေပးလိုျခင္းမရွိဟု အင္တာပိုလ္မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက CNA သို႔ ေျပာဆိုသည္။။

“အင္တာပိုလ္သည္ နိုင္ငံေရးအတိုက္အခံမ်ား၊ အစိုးရကို ေဝဖန္သူမ်ား သို႔မဟုတ္ အာ ဏာသိမ္းမႈ ဆန႔္က်င္သူမ်ားႏွင့္ပတ္သက္၍ ျပည္တြင္းနိုင္ငံေရးႏွင့္ ဆက္ႏြယ္ေနေသာ မည္သည့္ေတာင္းဆိုမႈကိုမဆို အကူအညီေပးမည္မဟုတ္ေပ။” ဟု အင္တာပိုလ္ကမၻာ့ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

စစ္ေကာင္စီက NUG၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) တို႔အၾကမ္းဖက္သမားမ်ားအျဖစ္ စြပ္စြဲၿပီး ရႈတ္ခ်ၾကရန္ ကမၻာ့အဖြဲ႕အစည္းမ်ားကို ေတာင္းဆိုထားေသာ္လည္း ကမၻာ့အဖြဲ႕အစည္းမ်ားက စစ္တပ္၏ ျမန္မာျပည္သူမ်ားကို သတ္ျဖတ္ေနေသာ အၾကမ္းဖက္လုပ္ရပ္မ်ားကို ရပ္တန႔္ရန္ ေတာင္းဆိုၾကသည္။

ကိုးကား-CNA

 

Leave a Reply

Your email address will not be published.