လူမှုကွန်ရက်ပေါ်တွင် လူချစ်လူခင်များသူ YGW ဘိုးဘွားကျောင်း၏ အစောင့်ရှောက်ခံ အဘွားမေကြည်ခင် ကင်ဆာဝေဒနာ ခံစားနေရ

မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ပေါ်ရှိ YGW(အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း)၏ ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းတွင် နေထိုင်ပြီး လူမှုကွန်ရက်ပေါ်၌ လူချစ်လူခင်များသူ အဘွားမေကြည်ခင်(ဖွားကြည်ခင်)သည် ကင်ဆာရောဂါကိုခံစားရနေသဖြင့် ဖေဖော်ဝါရီဒုတိယပတ်အတွင်းမှစတင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အသက်၈၄နှစ်အရွယ်ရှိ အဘွားမေကြည်ခင်သည် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျန်းမာရေးသိသာစွာချို့ယွင်းလာသဖြင့် ဓာတ်မှန်ရိုက်ခြင်း၊ ‌ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ စစ်ဆေးချက်အဖြေသည် ဖေဖော်ဝါရီပထမပတ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

“စိတ်မကောင်းစရာမို့ မပြောချင်ပေမယ့်လည်းပြောပါရစေ။ အဖွားရဲ့ အသည်းမှာရော အဆုတ်မှာ အကြိတ်တွေ့တယ်။

ကင်ဆာပါတဲ့။ ရောဂါနဲ့အသက်က မမျှတတော့ ဖွားမေအတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါတယ်။ စွမ်းအားရှိသ၍ ကုသပေးပါ့မယ်။

အသက်ရှည်ရှည်နဲ့ တရားဓမ္မ အားထုတ်နိုင်ပါ‌စေ။ နေဝင်ချိန်မှာ ကုသိုလ်တရားများနှင့် ဖြတ်သန်းနိုင်ပါစေ”ဟု YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းဆရာတော်က မိန့်ကြားသည်။

ဆရာတော်သည် အဘွားမေကြည်ခင်၏ ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်ပေါ်သို့ တင်လေ့ရှိရာ အဘွား၏ ဟန်ဆောင်မှုကင်းစွာ ရိုးရိုးရှင်းရှင်းချစ်စဖွယ် ပြောဆိုမှုပုံစံများကြောင့် လူချစ်လူခင်များရခြင်းဖြစ်ပြီး အနုပညာလောကမှ နာမည်ကြီးမင်းသားမင်းသမီးများ၊ အနုပညာရှင်များကလည်း ကျောင်းသို့လာရောက်လှူဒါန်းရင်း ဖွားကြည်ခင်ကို တကူးတက လာရောက်တွေ့ဆုံနှုတ်ဆက် ကန်တော့လေ့ရှိကြသည်။

မန္တလေးသတင်းကွန်ရက်

ဓာတ်ပုံ YGW

လူမႈကြန္ရက္ေပၚတြင္ လူခ်စ္လူခင္မ်ားသူ YGW ဘိုးဘြားေက်ာင္း၏ အေစာင့္ေရွာက္ခံ အဘြားေမၾကည္ခင္ ကင္ဆာေဝဒနာ ခံစားေနရ

မႏၲေလးၿမိဳ႕အေရွ႕ဘက္၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေရတံခြန္ေတာင္ေပၚရွိ YGW(အဝါေရာင္မ်ိဳးဆက္သစ္လူငယ္ပရဟိတအသင္း)၏ ဘိုးဘြားမ်ားေစာင့္ေရွာက္ေရးေက်ာင္းတြင္ ေနထိုင္ၿပီး လူမႈကြန္ရက္ေပၚ၌ လူခ်စ္လူခင္မ်ားသူ အဘြားေမၾကည္ခင္(ဖြားၾကည္ခင္)သည္ ကင္ဆာေရာဂါကိုခံစားရေနသျဖင့္ ေဖေဖာ္ဝါရီဒုတိယပတ္အတြင္းမွစတင္ကာ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

အသက္၈၄ႏွစ္အရြယ္ရွိ အဘြားေမၾကည္ခင္သည္ ယခုႏွစ္ ဇန္နဝါရီလအတြင္းက က်န္းမာေရးသိသာစြာခ်ိဳ႕ယြင္းလာသျဖင့္ ဓာတ္မွန္ရိုက္ျခင္း၊ ‌က်န္းမာေရးစစ္ေဆးျခင္းတို႔ကို ျပဳလုပ္ခဲ့ျခင္းျဖစ္ရာ စစ္ေဆးခ်က္အေျဖသည္ ေဖေဖာ္ဝါရီပထမပတ္အတြင္း ရရွိခဲ့ျခင္းျဖစ္သည္။

“စိတ္မေကာင္းစရာမို႔ မေျပာခ်င္ေပမယ့္လည္းေျပာပါရေစ။ အဖြားရဲ့ အသည္းမွာေရာ အဆုတ္မွာ အႀကိတ္ေတြ႕တယ္။

ကင္ဆာပါတဲ့။ ေရာဂါနဲ႔အသက္က မမၽွတေတာ့ ဖြားေမအတြက္ လြန္စြာစိတ္မေကာင္း ျဖစ္ရပါတယ္။ စြမ္းအားရွိသ၍ ကုသေပးပါ့မယ္။

အသက္ရွည္ရွည္နဲ႔ တရားဓမၼ အားထုတ္နိုင္ပါ‌ေစ။ ေနဝင္ခ်ိန္မွာ ကုသိုလ္တရားမ်ားႏွင့္ ျဖတ္သန္းနိုင္ပါေစ”ဟု YGW ဘိုးဘြားမ်ားေစာင့္ေရွာက္ေရးေက်ာင္းဆရာေတာ္က မိန႔္ၾကားသည္။

ဆရာေတာ္သည္ အဘြားေမၾကည္ခင္၏ ဗီဒီယိုဖိုင္မ်ားကို လူမႈကြန္ရက္ေပၚသို႔ တင္ေလ့ရွိရာ အဘြား၏ ဟန္ေဆာင္မႈကင္းစြာ ရိုးရိုးရွင္းရွင္းခ်စ္စဖြယ္ ေျပာဆိုမႈပုံစံမ်ားေၾကာင့္ လူခ်စ္လူခင္မ်ားရျခင္းျဖစ္ၿပီး အႏုပညာေလာကမွ နာမည္ႀကီးမင္းသားမင္းသမီးမ်ား၊ အႏုပညာရွင္မ်ားကလည္း ေက်ာင္းသို႔လာေရာက္လႉဒါန္းရင္း ဖြားၾကည္ခင္ကို တကူးတက လာေရာက္ေတြ႕ဆုံႏႈတ္ဆက္ ကန္ေတာ့ေလ့ရွိၾကသည္။

မႏၲေလးသတင္းကြန္ရက္

ဓာတ္ပုံ YGW

Leave a Reply

Your email address will not be published.