နွေဦးတွင် တစ်​တောလုံး​ဝေ​စေခဲ့သည့် ပထမဆုံး​ကြွေလွှင့်ကြယ်

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပထမဆုံးကျဆုံးခဲ့ရသူ မမြသွဲ့သွဲ့ခိုင်၏ ကျဆုံးမှုမှာ ယနေ့ (ဖေဖော်ဝါရီ ၉)တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မသွဲ့သွဲ့ခိုင်ကျဆုံးမှု နှစ်ပတ်လည်နေ့(ယနေ့)တွင် မိသားစုဝင်များက သံဃာတော်များအား ဆွမ်းကပ်အလှူပြုလုပ်ခြင်း၊ တော်လှန်ရေးအင် အားစုအချို့က ချီတက်ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“မိန်းကလေးတစ်ယောက် ကျည်ထိထားပြီဆိုပြီး ထွေးပွေ့ခေါ်လာတော့မှ သူမဆိုတာ သိလိုက်ရတယ်။ ဒီဓာတ်ပုံလေးဟာ ကျနော်ကိုယ်တိုင် အခင်းဖြစ်စဉ် ရိုက်ထားမိခဲ့တဲ့ ကြေကွဲစ ရာ မမေ့နိုင်စရာလေး ပုံရိပ်တစ်ခုပါပဲ။

ဖြစ်ရပ်တွေဟာ နှစ်ပတ်သာ လည်ခဲ့ပေမယ့် သွေးမအေးကြသူများအဖို့ မနေ့ကလိုပါပဲ”ဟု မမြသွဲ့သွဲ့ခိုင်ကျဆုံးသည့်နေ့က ဆန္ဒပြလူထုအတွင်း ရှိနေခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် သပြေကုန်းအဝိုင်းအနီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုအား စစ်ကောင်စီလုံထိန်းတပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ရဲအရာ ရှိတစ်ဦး၏ ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ရခြင်း ဖြစ် သည်။ ​

အကြမ်းဖက်စစ်​ကောင်စီက လက်နက်အားကိုးဖြင့် အာဏာလုယက်မှုကို ပြည်သူများက လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူများထဲတွင် စစ်​ကောင်စီတပ်၏​သူရဲ​ဘော​ကြောင်စွာ​သေနတ်ဖြင့်ပစ်သတ်သဖြင့် ကျဆုံးခဲ့ရသည်မှာ ​နွေဦး​တော်လှန်​ရေးတွင် မမြသွဲ့သွဲ့ခိုင်သည် ပထမဆုံးသူရဲ​ကောင်းဖြစ်သည်။

“သမိုင်းတွင်ကျန်ရစ်ခဲ့ပြီမို့ ဘယ်တော့မှလည်း မေ့လို့ရမှာ မဟုတ်ပါဘူး။ အခုဆိုရင် သူရဲ ကောင်း ညီမလေး မြသွဲ့သွဲ့ခိုင် ကောင်းရာဘုံဘဝ ရောက်နေမှာပါ”ဟု ဆန္ဒပြလူထုအတွင်း အတူရှိနေခဲ့သည့် အထက်ပါအမျိုးသားက ၎င်း ၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရင်ဖွင့်ထားသည်။

မမြသွဲ့သွဲ့ခိုင်ကျဆုံးသည့် ယမန်နှစ်(၂၀၂၁)ဖေ ဖော်ဝါရီ ၉ ရက်မှစ၍ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ကျဆုံးပြည်သူ ၁၅၂၉ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

ထို​ကြောင့်စစ်အုပ်စုက လက်နက်အားကိုးဖြင့် ပြည်သူများကို စစ်ဖိနပ်​အောက်တွင် အညံ့ခံရန် ရက်ရက်စက်စက်သတ်ဖြတ်​နေ​သော်လည်း ပြည်သူများက ဒီမိုက​ရေစီနှင့်လူအခွင့်အ​ရေးအတွက် ၊ဖက်ဒရယ်ဒီမီုက​ရေစီရရှိ​ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်မှဆွဲနှုတ်ရန်စိတ်ပိုင်းဖြတ်ထားမှုနှင့် သံဓိဌာန်ကိုမတားဆီးနိုင်​တော့​ပါ။

ေႏြဦးတြင္ တစ္​ေတာလုံး​ေဝ​ေစခဲ့သည့္ ပထမဆုံး​ေႂကြလႊင့္ၾကယ္

စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈ ေႏြဦးေတာ္လွန္ေရးကာလအတြင္း အၾကမ္းဖက္စစ္ေကာင္စီ၏ ပစ္ခတ္မႈေၾကာင့္ ပထမဆုံးက်ဆုံးခဲ့ရသူ မျမသြဲ႕သြဲ႕ခိုင္၏ က်ဆုံးမႈမွာ ယေန႔ (ေဖေဖာ္ဝါရီ ၉)တြင္ တစ္ႏွစ္ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္သည္။

မသြဲ႕သြဲ႕ခိုင္က်ဆုံးမႈ ႏွစ္ပတ္လည္ေန႔(ယေန႔)တြင္ မိသားစုဝင္မ်ားက သံဃာေတာ္မ်ားအား ဆြမ္းကပ္အလႉျပဳလုပ္ျခင္း၊ ေတာ္လွန္ေရးအင္ အားစုအခ်ိဳ႕က ခ်ီတက္ဆႏၵေဖာ္ထုတ္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

“မိန္းကေလးတစ္ေယာက္ က်ည္ထိထားၿပီဆိုၿပီး ေထြးေပြ႕ေခၚလာေတာ့မွ သူမဆိုတာ သိလိုက္ရတယ္။ ဒီဓာတ္ပုံေလးဟာ က်ေနာ္ကိုယ္တိုင္ အခင္းျဖစ္စဥ္ ရိုက္ထားမိခဲ့တဲ့ ေၾကကြဲစ ရာ မေမ့နိုင္စရာေလး ပုံရိပ္တစ္ခုပါပဲ။

ျဖစ္ရပ္ေတြဟာ ႏွစ္ပတ္သာ လည္ခဲ့ေပမယ့္ ေသြးမေအးၾကသူမ်ားအဖို႔ မေန႔ကလိုပါပဲ”ဟု မျမသြဲ႕သြဲ႕ခိုင္က်ဆုံးသည့္ေန႔က ဆႏၵျပလူထုအတြင္း ရွိေနခဲ့သူတစ္ဦးက လူမႈကြန္ရက္တြင္ ေရးသားထားသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၉ ရက္က ေနျပည္ေတာ္ သေျပကုန္းအဝိုင္းအနီး အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပလူထုအား စစ္ေကာင္စီလုံထိန္းတပ္က အၾကမ္းဖက္ၿဖိဳခြင္းစဥ္ ရဲအရာ ရွိတစ္ဦး၏ ပစ္ခတ္မႈေၾကာင့္ မျမသြဲ႕သြဲ႕ခိုင္၏ ဦးေခါင္းက်ည္ထိမွန္ကာ က်ဆုံးခဲ့ရျခင္း ျဖစ္ သည္။ ​

အၾကမ္းဖက္စစ္​ေကာင္စီက လက္နက္အားကိုးျဖင့္ အာဏာလုယက္မႈကို ျပည္သူမ်ားက လက္မခံဘဲ ၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားထဲတြင္ စစ္​ေကာင္စီတပ္၏​သူရဲ​ေဘာ​ေၾကာင္စြာ​ေသနတ္ျဖင့္ပစ္သတ္သျဖင့္ က်ဆုံးခဲ့ရသည္မွာ ​ေႏြဦး​ေတာ္လွန္​ေရးတြင္ မျမသြဲ႕သြဲ႕ခိုင္သည္ ပထမဆုံးသူရဲ​ေကာင္းျဖစ္သည္။

“သမိုင္းတြင္က်န္ရစ္ခဲ့ၿပီမို႔ ဘယ္ေတာ့မွလည္း ေမ့လို႔ရမွာ မဟုတ္ပါဘူး။ အခုဆိုရင္ သူရဲ ေကာင္း ညီမေလး ျမသြဲ႕သြဲ႕ခိုင္ ေကာင္းရာဘုံဘဝ ေရာက္ေနမွာပါ”ဟု ဆႏၵျပလူထုအတြင္း အတူရွိေနခဲ့သည့္ အထက္ပါအမ်ိဳးသားက ၎ ၏ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ ရင္ဖြင့္ထားသည္။

မျမသြဲ႕သြဲ႕ခိုင္က်ဆုံးသည့္ ယမန္ႏွစ္(၂၀၂၁)ေဖ ေဖာ္ဝါရီ ၉ ရက္မွစ၍ ယခုႏွစ္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔အထိ စစ္အာဏာရွင္ဆန္႔က်င္ေရး ေႏြဦးေတာ္လွန္ေရးကာလအတြင္း စစ္ေကာင္စီ၏ အၾကမ္းဖက္သတ္ျဖတ္ခံရသည့္ က်ဆုံးျပည္သူ ၁၅၂၉ ဦးရွိၿပီျဖစ္ေၾကာင္း နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)က ထုတ္ျပန္ထားသည္။

ထို​ေၾကာင့္စစ္အုပ္စုက လက္နက္အားကိုးျဖင့္ ျပည္သူမ်ားကို စစ္ဖိနပ္​ေအာက္တြင္ အညံ့ခံရန္ ရက္ရက္စက္စက္သတ္ျဖတ္​ေန​ေသာ္လည္း ျပည္သူမ်ားက ဒီမိုက​ေရစီႏွင့္လူအခြင့္အ​ေရးအတြက္ ၊ဖက္ဒရယ္ဒီမီုက​ေရစီရရွိ​ေရးအတြက္ အၾကမ္းဖက္စစ္အုပ္စုကို အျမစ္မွဆြဲႏႈတ္ရန္စိတ္ပိုင္းျဖတ္ထားမႈႏွင့္ သံဓိဌာန္ကိုမတားဆီးနိုင္​ေတာ့​ပါ။

 

Leave a Reply

Your email address will not be published.