ထိုင်းမှ မြန်မာနိုင်ငံကို ပြန်ပို့မယ့် မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်ကိုကို အဆုံး…….seemore

ထိုင်း နိုင်ငံ ဖရာ ပရာဒါအန်းဒေသ ရှိ ဆမ်ရောင် တောင်ပိုင်း ရဲစခန်း မှာဖမ်းဆီးခံထားရပြီး မိခင်နိုင်ငံ ကိုပြန် လည် ပို့ဆောင်ရန် စီစဉ်ထားတဲ့

မြန်မာ နိုင်ငံသားတစ်ဦး တနင်္ဂနွေ နေ့ မနက်စောစောပိုင်း က သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားကြောင်း ထိုင်း ရဲတပ်ဖွဲ့ကပြောကြားပါတယ်။

အဲဒီအမျိုးသားဟာ အသက် ၃၅ နှစ် အရွယ် မြန်မာ နိုင်ငံသားဖြစ်ပြီး ထိုင်း နိုင်ငံသို့ တရားမဝင်ဝင်ရောက်မှု၊ မက်သာဖက်တမင်း ဆေးပြားတွေ နဲ့ အိုက်စ် လို့ ခေါ်တဲ့ မက်သာဖက်တမင်း ခရစ္စတယ်

မူးယစ်ဆေးဝါး တွေ လက်ဝယ်တွေ့ရှိမှု နဲ့ ၂၀၂၁ နိုဝင်ဘာ လ လ လယ်ပိုင်း က ဖမ်းဆီး ခံခဲ့ရတာဖြစ်တယ်လို့ ဆမ်ရောင် တောင် ပိုင်း ဒေသ ရဲမှူးကြီး ချာကရာပွန် နု့ချ်ပါဒေါင် ကပြောကြားပါတယ်။

အဲဒီ မြန်မာ နိုင်ငံသားဟာ ဥပဒေချိုးဖောက်မှုတွေ အတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ထောင်ဒဏ် ကျခံရမှု ပြီးဆုံးပြီဖြစ် ကာ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးစီစဉ်ထားချိန်အတွင်း ရဲ အချုပ်ခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်တယ်လို့ ရဲမှူးကြီး ကပြောကြားပါတယ်။

တနင်္ဂနွေ နေ့ မနက်စောစော ၂ နာရီ ခွဲလောက်မှာ အဲဒီ မြန်မာ နိုင်ငံသားအချုပ်သား ရဲ့ အချုပ်ခန်း ကို ပုံမှန် စစ်ဆေးလေ့ရှိတဲ့ ရဲအရာရှိက သူဟာ ကိုယ့်ကိုယ် ကို သေကြောင်းကြံစည်သွားကြောင်း ရဲမှူးကြီး ဆီ ကို သတင်း ပေးပို့ခဲ့ပါတယ်။

အဲဒီအချုပ်သား ဟာ သူရဲ့ ဘောင်းဘီ ရှည် ကနေ ထုတ်ယူထားတဲ့ ကြိုး ကိုသုံးပြီး အချုပ်ခန်း သံတိုင်တွေ ကနေ ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်တယ်လို့ ထိုင်း ရဲ တပ်ဖွဲ့ ကပြောပါတယ်

သေဆုံးသွားသူကို စစ်ဆေးမှု အတွင်း အစိုးရ ရှေ့နေ တစ်ဦး ဒေသဆိုင်ရာ အကြီးအကဲ တွေ နဲ့ ဘန်ချက် ဆေး ရုံက ဆရာဝန် တစ်ဦး ပါဝင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။

လုံခြုံရေး ကင်မရာ က အဲဒီ အချုပ်ခန်း ဧရိယာ အထိ မှတ်တမ်း တင်မထား နိုင်တာကြောင့် သေဆုံးရတဲ့ အကြောင်းရင်း ကို စုံစမ်း စစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း ထားကြောင်း ရဲမှူးကြီး ချာကရာပွန် နု့ချ်ပါဒေါင် ကပြောကြားပါတယ်။

ကနဦး သုံးသပ်ချက် အရ အဲဒီ မြန်မာ နိုင်ငံသား ဟာ ဖမ်းဆီးချုပ်နှောင် ခံထားရချိန် အတွင်း စိတ်ဖိ စီး မှုများ လွန်းတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်တယ်လို့ ယုံကြည်ရကြောင်း ရဲမှူးကြီး ကပြောကြားပါတယ်။

credit#MyanmaPlatform

ထိုင္းမွ ျမန္မာနိုင္ငံကို ျပန္ပို႔မယ့္ ျမန္မာနိုင္ငံသားတစ္ေယာက္ ကိုယ့္ကိုကို အဆုံး…….seemore

ထိုင္း နိုင္ငံ ဖရာ ပရာဒါအန္းေဒသ ရွိ ဆမ္ေရာင္ ေတာင္ပိုင္း ရဲစခန္း မွာဖမ္းဆီးခံထားရၿပီး မိခင္နိုင္ငံ ကိုျပန္ လည္ ပို႔ေဆာင္ရန္ စီစဥ္ထားတဲ့

ျမန္မာ နိုင္ငံသားတစ္ဦး တနဂၤေႏြ ေန႔ မနက္ေစာေစာပိုင္း က သူ႔ကိုယ္သူ ႀကိဳးဆြဲခ် သတ္ေသသြားေၾကာင္း ထိုင္း ရဲတပ္ဖြဲ႕ကေျပာၾကားပါတယ္။

အဲဒီအမ်ိဳးသားဟာ အသက္ ၃၅ ႏွစ္ အရြယ္ ျမန္မာ နိုင္ငံသားျဖစ္ၿပီး ထိုင္း နိုင္ငံသို႔ တရားမဝင္ဝင္ေရာက္မႈ၊ မက္သာဖက္တမင္း ေဆးျပားေတြ နဲ႔ အိုက္စ္ လို႔ ေခၚတဲ့ မက္သာဖက္တမင္း ခရစၥတယ္

မူးယစ္ေဆးဝါး ေတြ လက္ဝယ္ေတြ႕ရွိမႈ နဲ႔ ၂၀၂၁ နိုဝင္ဘာ လ လ လယ္ပိုင္း က ဖမ္းဆီး ခံခဲ့ရတာျဖစ္တယ္လို႔ ဆမ္ေရာင္ ေတာင္ ပိုင္း ေဒသ ရဲမႉးႀကီး ခ်ာကရာပြန္ ႏု႔ခ်္ပါေဒါင္ ကေျပာၾကားပါတယ္။

အဲဒီ ျမန္မာ နိုင္ငံသားဟာ ဥပေဒခ်ိဳးေဖာက္မႈေတြ အတြက္ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္ ေထာင္ဒဏ္ က်ခံရမႈ ၿပီးဆုံးၿပီျဖစ္ ကာ ျမန္မာ နိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေရးစီစဥ္ထားခ်ိန္အတြင္း ရဲ အခ်ဳပ္ခန္းမွာ ထိန္းသိမ္းခံထားရတာ ျဖစ္တယ္လို႔ ရဲမႉးႀကီး ကေျပာၾကားပါတယ္

တနဂၤေႏြ ေန႔ မနက္ေစာေစာ ၂ နာရီ ခြဲေလာက္မွာ အဲဒီ ျမန္မာ နိုင္ငံသားအခ်ဳပ္သား ရဲ့ အခ်ဳပ္ခန္း ကို ပုံမွန္ စစ္ေဆးေလ့ရွိတဲ့ ရဲအရာရွိက သူဟာ ကိုယ့္ကိုယ္ ကို ေသေၾကာင္းႀကံစည္သြားေၾကာင္း ရဲမႉးႀကီး ဆီ ကို သတင္း ေပးပို႔ခဲ့ပါတယ္။

အဲဒီအခ်ဳပ္သား ဟာ သူရဲ့ ေဘာင္းဘီ ရွည္ ကေန ထုတ္ယူထားတဲ့ ႀကိဳး ကိုသုံးၿပီး အခ်ဳပ္ခန္း သံတိုင္ေတြ ကေန ႀကိဳးဆြဲခ် ေသဆုံးသြားတာ ျဖစ္တယ္လို႔ ထိုင္း ရဲ တပ္ဖြဲ႕ ကေျပာပါတယ္။

ေသဆုံးသြားသူကို စစ္ေဆးမႈ အတြင္း အစိုးရ ေရွ႕ေန တစ္ဦး ေဒသဆိုင္ရာ အႀကီးအကဲ ေတြ နဲ႔ ဘန္ခ်က္ ေဆး ႐ုံက ဆရာဝန္ တစ္ဦး ပါဝင္ကူညီေပးခဲ့ေၾကာင္း သိရပါတယ္။

လုံျခဳံေရး ကင္မရာ က အဲဒီ အခ်ဳပ္ခန္း ဧရိယာ အထိ မွတ္တမ္း တင္မထား နိုင္တာေၾကာင့္ ေသဆုံးရတဲ့ အေၾကာင္းရင္း ကို စုံစမ္း စစ္ေဆးေရး ေကာ္မတီ တစ္ရပ္ ဖြဲ႕စည္း ထားေၾကာင္း ရဲမႉးႀကီး ခ်ာကရာပြန္ ႏု႔ခ်္ပါေဒါင္ ကေျပာၾကားပါတယ္

ကနဦး သုံးသပ္ခ်က္ အရ အဲဒီ ျမန္မာ နိုင္ငံသား ဟာ ဖမ္းဆီးခ်ဳပ္ေႏွာင္ ခံထားရခ်ိန္ အတြင္း စိတ္ဖိ စီး မႈမ်ား လြန္းတာေၾကာင့္ ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားတာျဖစ္တယ္လို႔ ယုံၾကည္ရေၾကာင္း ရဲမႉးႀကီး ကေျပာၾကားပါတယ္။

credit#MyanmaPlatform

 

Leave a Reply

Your email address will not be published.