CDF(KKG) ကတိုက္ခိုက္၍ ပ်ဴ​ေစာထီးအနည္းဆုံး ၃ ဦး​ေသ၊ စစ္သားႏွင့္ပ်ဴ အမ်ားအျပားဒဏ္ရာရ—People’s Springခ်င္း​ေဒသကာကြယ္​ေရးတပ္ (က​ေလး၊က​ေဘာ္၊ဂန႔္​ေဂါ)- CDF(KKG) က အာဏာသိမ္းစစ္​ေကာင္စီတပ္ႏွင့္ ပ်ဴ​ေစာထီးမ်ားကို က​ေလးၿမိဳ႕နယ္အတြင္း ႏွစ္​ေနရာတြင္ တိုက္ခိုက္ရာပ်ဴ​ေစာထီး အနည္းဆုံး ၃ ဦး​ေသဆုံးၿပီး စစ္​ေကာင္စီတပ္ႏွင့္ ပ်ဴ​ေစာထီးအမ်ားအျပားဒဏ္ရာရရွိခဲ့​ေၾကာင္း CDF (KKG)က ယ​ေန႔သတင္းထုတ္ျပန္သည္။

ကေလးနယ္ေတာင္ပိုင္းႏွင့္ ဂန႔္ေဂါၿမိဳ႕နယ္ေျမာက္ပိုင္းရွိ ေျမာက္ခင္ရမ္း၊ ကုကၠား၊ ဟံသာဝတီႏွင့္ ႀကံသာ႐ြာတို႔မွ စစ္ေကာင္စီလက္ပါး​ေစ ပ်ဴေစာထီးအဖြဲ႕ႏွင့္ စစ္​ေကာင္စီတပ္စုစုေပါင္းအင္အား (၁၀၀) ေက်ာ္သည္ ႀကံသာ႐ြာမွတဆင့္ စစ္ေၾကာင္းမ်ားခြဲ၍ မွန္ေတာ႐ြာအေနာက္ဖက္သို႔ ေျခလ်င္ေလွ်ာက္လာရာ CDF – KKG တပ္ရင္း (၄) တပ္ဖြဲ႕ဝင္မ်ားေထာင္ထားသည့္ တိုက္မိုင္းမ်ားကို ႏွစ္ႀကိမ္တိုင္တိုင္ တိုက္မိၿပီးေနာက္ တစ္နာရီေက်ာ္ၾကာ အျပန္အလွန္ပစ္ခတ္တိုက္ပြဲျဖစ္ပြားခဲ့သည္။

အဆိုပါတိုက္ပြဲတြင္ ပ်ဴေစာထီး (၃) ဦးထက္မနည္း ေသဆုံးကာ ဒဏ္ရာရသူအေျမာက္အမ်ားရွိေၾကာင္း သိ့ရသည္။ CDF – KKG တပ္ရင္း (၄) မွတပ္ဖြဲ႕ဝင္ရဲေဘာ္ (၁) ဦး လက္နက္ႀကီးဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ၿပီး အက်အဆုံးမရွိ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့သည္ဟု​ေဖာ္ျပထားသည္။

ထို႔အျပင္ ယေန႔မနက္ (၁၁) နာရီခန႔္တြင္ ကေလးၿမိဳ႕မွထြက္လာသည့္ စစ္ကား (၅) စီးကို ေခြႀကိမ္႐ြာႏွင့္ သံဖို႐ြာအၾကားတြင္ CDF – KKG တပ္ရင္း (၃) မွလက္နက္ႀကီးျဖင့္ (၃) ႀကိမ္ထက္မနည္း ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္​ေကာင္စီတပ္သား (၃) ေယာက္ခန႔္ ဒဏ္ရာရႏိုင္ေၾကာင္း သိရသည္။ မိမိတို႔ CDF – KKG တပ္ရင္း (၃) ဘက္မွ အထိအခိုက္အက်အဆုံး မရွိခဲ့ပါ။

ယခုအခါ အဆိုပါစစ္ကား (၅) စီးမွာ မွန္ေတာ႐ြာတြင္ တပ္စြဲထားၿပီး ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားႏွင့္ပူးေပါင္းကာ ေက်း႐ြာတြင္းရွိ တိရိစာၦန္မ်ားကိုသတ္ျဖတ္စားေသာက္လ်က္ရွိၾကေၾကာင္း ေျမျပင္သတင္းမ်ားအရ သိရသည္။ထို႔​ေၾကာင့္တိုက္ပြဲမ်ားအခ်ိန္အခါမေ႐ြး ထပ္မံျဖစ္ပြားႏိုင္သည့္အတြက္ မိဘျပည္သူမ်ားအေနျဖင့္ ေဖေဖာ္ဝါရီ (၁၂) ရက္ (ျပည္ေထာင္စုေန႔) အထိတိုင္ေအာင္ ကေလး – ဂန႔္ေဂါျပည္ေထာင္စုလမ္းမကို အသုံးမျပဳၾကပါရန္ အထူးေမတၱာရပ္ခံ အသိေပးအပ္ပါသည္ဟု​ေဖာ္ျပထားသည္။

#လူထုေႏြဦး

CDF(KKG) ကတိုက်ခိုက်၍ ပျူစောထီးအနည်းဆုံး ၃ ဦးသေ၊ စစ်သားနှင့်ပျူ အများအပြားဒဏ်ရာရ—People’s Springချင်းဒေသကာကွယ်ရေးတပ် (ကလေး၊ကဘော်၊ဂန့်ဂေါ)- CDF(KKG) က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကလေးမြို့နယ်အတွင်း နှစ်နေရာတွင် တိုက်ခိုက်ရာပျူစောထီး အနည်းဆုံး ၃ ဦးသေဆုံးပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF (KKG)က ယနေ့သတင်းထုတ်ပြန်သည်။

ကလေးနယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီနှင့် ကြံသာရွာတို့မှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်စုစုပေါင်းအင်အား (၁၀၀) ကျော်သည် ကြံသာရွာမှတဆင့် စစ်ကြောင်းများခွဲ၍ မှန်တောရွာအနောက်ဖက်သို့ ခြေလျင်လျှောက်လာရာ CDF – KKG တပ်ရင်း (၄) တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများကို နှစ်ကြိမ်တိုင်တိုင် တိုက်မိပြီးနောက် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ပျူစောထီး (၃) ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူအမြောက်အများရှိကြောင်း သိ့ရသည်။ CDF – KKG တပ်ရင်း (၄) မှတပ်ဖွဲ့ဝင်ရဲဘော် (၁) ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဖော်ပြထားသည်။

ထို့အပြင် ယနေ့မနက် (၁၁) နာရီခန့်တွင် ကလေးမြို့မှထွက်လာသည့် စစ်ကား (၅) စီးကို ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် CDF – KKG တပ်ရင်း (၃) မှလက်နက်ကြီးဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ယောက်ခန့် ဒဏ်ရာရနိုင်ကြောင်း သိရသည်။ မိမိတို့ CDF – KKG တပ်ရင်း (၃) ဘက်မှ အထိအခိုက်အကျအဆုံး မရှိခဲ့ပါ။ယခုအခါ အဆိုပါစစ်ကား (၅) စီးမှာ မှန်တောရွာတွင် တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ကျေးရွာတွင်းရှိ တိရိစ္ဆာန်များကိုသတ်ဖြတ်စားသောက်လျက်ရှိကြကြောင်း မြေပြင်သတင်းများအရ သိရသည်။

ထို့ကြောင့်တိုက်ပွဲများအချိန်အခါမရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင် ကလေး – ဂန့်ဂေါပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟုဖော်ပြထားသည်။#လူထုနွေဦး

Leave a Reply

Your email address will not be published.