ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု့လာပါမယ်ကြိုတင်ပြောလိုတာက ဒီစစ်ဆင်ရေးနဲ့ မိုတီလုပ်ဖို့ မဟုတ်ပဲ ဒီသတင်းအပေါ်ကနေ ဘာတွေဖြစ်နိုင်သလဲဆိုတဲ့ သုံးသပ်မှု့Conclution ကိုသာ အဓိကပြောချင်ပါတယ် ခါတိုင်း

နှစ်တွေမှာတော့ မြန်မာစစ်တပ်ကို လေ့လာသူအဖြစ်နဲ့ ဖိတ်ကြားပါတယ် ။ ဒီနှစ်တော့ မဖိတ်တော့ပါဘူး ဒီစစ်ဆင်ရေးကို တပ်ဖွဲ့ဝင်အရေအတွက် ၈၉ ၆၄ ဦးကနေ ၃၄၆၀ ဦးအထိ လျော့ချလိုက်ပါတယ်လေ့ကျင့်ခန်းတွေကိုလည်း ကပ်ရောဂါ

အခြေအနေအရ လျော့ချထားပြီး ၊ လေ့ကျင့်ခန်းတစ်ခုအတွက် လူ ၅၀၀ သာ သတ်မှတ်ထားပါတယ်စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပါဝင်မှာပါ

တဆက်တည်းမှာပဲ မြန်မာစစ်တပ်ဟာ ရွှေမြွေဟောက်စစ်ဆင်ရေးကိုလေ့လာသူအဖြစ်ကနေပယ်ထုတ်ခံလိုက်ရတဲအတွက် စိုးရိမ်မှု့တွေ မြင့်တက်နေပါတယ်ကောလာဟလတွေအရအမေရိကန်စစ်တပ်ဟာ ရွှေမြွေဟောက်စစ်ဆင်ရေးကို အကြောင်းပြပြီး တော်လှန်ရေးဆင်နွှဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို လက်နက်တွေတင်ပို့ဖို့ စီစဉ်နေတယ် ” ဆိုတဲ့ သတင်းကလည်း မြန်မာစစ်ကောင်စီသာမကပဲ နိုင်ငံတကာအထိ သတင်းတွေပျံ့နေပါတယ်

ဒါ့ကြောင့်လည်း ထိုင်းစစ်တပ်က ပူးတွဲစစ်ဆင်ရေးညွှန်ကြားရေးမှုးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ချစ်ချာနော့ က ရှင်းလင်းအသိပေးခဲ့ပါတယ်ရွှေမြွေဟောက်စစ်ဆင်ရေးဟာ မြန်မာနဲ့နီးတဲ့ နယ်စပ်မှာမဟုတ်ပဲ ပရာချွတ်ခီရီခန် ပြည်နယ်မှာ ပြုလုပ်မှာပါ

ဒီတော့ KIO / KIA ရဲ့ ၆၁ နှစ်မြောက် တော်လှန်ရေးနေ့မှာ မြန်မာပြည်အတွင်းမှာတိုက်ပွဲတွေပြင်းထန်လာမယ်လို့ သတိပေးထားပါတယ် ။ ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပါတယ်ရခိုင်တိုက်ပွဲက ရိုဟင်ဂျာရုံးချိန်းနီးလို့ စစ်ကောင်စီက မီးစပြင်တာလည်း ဖြစ်နိုင်ပါတယ်ပြည်တွင်းတော်လှန်ရေးဟာ ဖေဖော်ဝါရီလဆန်းကစပြီး တော်တော်လေးစိပ်လာပါတယ် ။ ကယားမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ် ။

လွန်ခဲ့တဲ့တစ်ပတ်က သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်ကုလကိုယ်စားလှယ် တွမ်အင်ဒရူးက မြန်မာ့အရေးကို ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှု့တွေလုပ်ဖို့ အမေရိကန်ကို ဦးတည် တောင်းဆိုထားပါတယ်

ဖေဖော်ဝါရီ ၂၀ ရက်အကျော်မှာပဲ စစ်ကောင်စီအတွက် နိုင်ငံတကာဥပဒေနဲ့ ရင်ဆိုင်ရမယ့် ရိုဟင်ဂျာရုံးချိန်းလည်း ရှိနေပါတယ်ဆိုရရင် ရွှေမြွေဟောက် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွက် လက်နက်တွေတင်ပို့လာနိုင်သလား ဆိုတာ မသေချာပါဘူး

ထိုင်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရဲ့ အဆိုအရ မြန်မာနဲ့နီးတဲ့နေရာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ် ။ သို့ပေမယ့် ” COBRA GOLD စစ်ရေးလေ့ကျင့်မှု့ရဲ့ နေရာကိုကြည့်လိုက်တဲ့အခါ မြိတ်မြို့ရဲ့ အရှေ့ဘက်တည့်တည့်မှာ ရှိနေပါတယ် ။

ဘန်ကောက်မြို့ရဲ့ တောင်ဘက်ကိုသွားရတဲ့ အဝေးပြေးလမ်းမကြီးကို မေးတင်ထားတဲ့ အရှေ့ဘက်ကမ်းခြေပါ ။ မြန်မာနယ်နိမိတ်နဲ့ သိပ်မဝေးပါဘူးဒီကားလမ်းဟာ မလေးရှား ၊ စင်္ကာပူအထိ ရောက်ပါတယ်မြန်မာပြည်မြေပုံရဲ့ အောက်ပိုင်းအမြီးဖျားနားမှာ သေးသွယ်တဲ့ ကုန်းမြေအပိုင်းနားက ထိုင်းနယ်နိမိတ် အကျဉ်းဆုံးနေရာမှာ ပြုလုပ်မှာပါ ။

ကောင်းပြီ နိုင်ငံတကာအကူအညီဟာ မျှော်လင့်ရတာ မောပါပြီကွာ ကိုယ်ထူကိုယ်ထရမှာပါ ……. ” ဆိုသလို ပြောကြသူတွေလည်း အများကြီးပါ ။ ဒါလည်း မှန်ပါတယ် ။ နိုင်ငံတကာအကူအညီကတော့ ဆောက်ဖြစ်မှ ကျောင်းဒကာ ပါဘဲ ။ သို့ပေမယ့် သတင်းအသိပေးသူ ၊ သုံးသပ်သူတစ်ယောက်အနေနဲ့တော့ ဒါဟာ စိတ်ဝင်စားစရာသတင်းပါ ။

ရွှေမြွေဟောက် စစ်ရေးကျင့်မယ့်နေရာပါ ။ အနိမျဉ်းက ထိုင်း-မြန်မာ နယ်ခြားမျဉ်းပါ။ အဝါမျဉ်းက ကားလမ်းပါ ။ အနောက်ဘက်က အပြာရောင်က မြန်မာ့ကမ်းရိုးတန်း စိတ်ဝင်စားရခြင်း အကြောင်းအရင်းက ( ၁ ) စစ်ရေးလေ့ကျင့်မှု့မလုပ်မီ ထွက်ပေါ်နေတဲ့ ကောလဟာလ ( ၂ ) မြန်မာနဲ့နီးတဲ့ နယ်စပ်မှာ မလုပ်ဘူးပြောပေမယ့် ၊ မြန်မာ့နယ်နိမိတ်နဲ့ လက်နက်ကြီးတပစ်စာလောက်ရှိတဲ့ ထိုင်းကမ်းခြေမှာ လုပ်တဲ့အတွက်ပါ

ကမ်းခြေဟာ ထိုင်းနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းဆိုပေမယ့် ထိုင်းနယ်နိမိတ်က မိုင် ၃၀ ခန့်သာ ရှိနိုင်ပြီး မြိတ်မြို့ရဲ့ အရှေ့ဘက်က မြန်မာပိုင်နယ်နိမိတ်နဲ့ နီးကပ်နေပါတယ် ဖေဖော်ဝါရီဟာ တော်လှန်ရေးတစ်နှစ်ပြည့်ခဲ့သလို ပြည်တွင်း ၊ ပြည်ပ မျှော်လင့်မှု့များစွာနဲ့ စောင့်ကြည့်ရမယ့် လပါဘဲ ဘကြီးအောင် LA

Leave a Reply

Your email address will not be published.