ရန်သူကို အထင်မသေးဘဲ တော်လှန်ရေးကိုနည်းပေါင်းစုံဖြင့်အားစိုက်လညပ်​ဆောင်ကြရန် NUG ကာကွယ်ရေးဝန်ကြီးပြော

▪️ဘက်ပြောင်းခိုလှုံလာသူများကို ကြိုဆိုရမည်ဖြစ်သကဲ့သို့ ရန်သူစစ်စစ်ကိုလည်း ထိရောက်စွာတော်လှန်ရန်လိုဟုဆို

ရန်သူကို အထင်မသေးဘဲ တော်လှန်ရေးကိုအားစိုက်လုပ်ဆောင်ရန်နှင့် ဘက်ပြောင်းခိုလှုံလာသူများကို နွေးထွေးစွာ ကြိုဆိုပြီး ရန်သူစစ်စစ်ကို ထိရောက်စွာ ခုခံတော်လှန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောကြားလိုက်သည်

ဖေဖော်ဝါရီ ၆ရက်က ပြုလုပ်သည့် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ဂန့်ဂေါ) အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲသို့ ဝန်ကြီးက သဝဏ်လွှာပေးပို့ ရာ၌ အထက်ပါအချက်များကို ထည့်သွင်းဖော်ပြသည်။

ဖက်ဆစ်စစ်တပ်၏ ကျဆုံးခန်းသည် တဖြည်းဖြည်းနီးကပ်လာနေသကဲ့သို့ တပ်တွင်း အာဏာလုမှု စိတ်ဝမ်း ကွဲပြားမှုနှင့်အကျိုးစီးပွားမညီမျှကိစ္စရပ်များ ဖြစ်လာကာ တပ်ကို ထိန်းသိမ်းနိုင်မှု ကျဆင်းနေကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

“စစ်တပ်ရဲ့အခက်အခဲဟာ ငါတို့ရဲ့ အခွင့်အလမ်းပဲဖြစ်တယ်။ရန်သူကို အထင်မသေးဘဲ သူတို့အခက်အခဲ ကြုံခိုက်မှာ တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်တယ်” ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ပြည်သူကို မျက်နှာမမူသည့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်သည် ပြည်သူ့အားကို မည်သည့် စွမ်းဆောင်ရည်မျိုးနှင့်မှ တောင့်ခိုင်နိုင်မည်မဟုတ်ဟု ဆိုသည်။

“ရန်သူကနေ မိတ်ဆွေအဖြစ် ဘက်ပြောင်းခိုလှုံလာသူတွေကို နွေးထွေးစွာ ကြိုဆိုရမှာဖြစ်သလို ရန်သူစစ်စစ်တွေကိုလည်း ထိထိရောက်ရောက် ခုခံတော်လှန်ရမှာဖြစ်တယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်စေရုံသာမက ရန်သူ့အားနည်းချက်ကိုယ့်အားသာချက်ဖြစ်အောင်ပါ ထိချက်မိမိ ခုခံတိုက်ခိုက်ရင်းနဲ့ ၂၀၂၂မှာ အောင်လံကို လွှင့်ထူကြပါစို့”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

တိုက်ပွဲဖော်ဆောင်ရေးတွင် အဆင့်ဆင့်ကွပ်ကဲမှု အမိန့်နာခံမှုက များစွာအရေးပါကြောင်း၊ အမိန့်နာခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းမှသာ တိုက်ပွဲ၌ အထိအခိုက်နည်းနည်းနှင့် အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တော်လှန်ရေးကာလ အချိန်တ်စခုရောက်လာချိန်တိုင်းမှာ ဖြစ်တက်တဲ့ စိတ်ပျက်ခြင်း၊ အားမလို အားမရဖြစ်ခြင်း နဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း ဉာဏ်ပညာအမျှော်အမြင်ရှိရှိနဲ့ ငါတို့ခေတ်မှ စစ်အာဏာရှင်စနစ် ပြုတ်ကို ပြုတ်ကျရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖြတ်ကျော်ကြဖို့ အသိပေးလိုတယ်”ဟုလည်း ဝန်ကြီးက ပြောသည်။

ဂန့်ဂေါ ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲသို့ သင်တန်းသား ၈၅ဦးနှင့် သင်တန်းသူ ၄၀ဦးဖြင့် ကျင်းပခဲ့သည်ဟု ထုတ်ပြန်သည်။

ရန္သူကို အထင္မေသးဘဲ ေတာ္လွန္ေရးကိုနည္းေပါင္းစုံျဖင့္အားစိုက္လညပ္​ေဆာင္ၾကရန္ NUG ကာကြယ္ေရးဝန္ႀကီးေျပာ

▪️ဘက္ေျပာင္းခိုလႈံလာသူမ်ားကို ႀကိဳဆိုရမည္ျဖစ္သကဲ့သို႔ ရန္သူစစ္စစ္ကိုလည္း ထိေရာက္စြာေတာ္လွန္ရန္လိုဟုဆို

ရန္သူကို အထင္မေသးဘဲ ေတာ္လွန္ေရးကိုအားစိုက္လုပ္ေဆာင္ရန္ႏွင့္ ဘက္ေျပာင္းခိုလႈံလာသူမ်ားကို ေႏြးေထြးစြာ ႀကိဳဆိုၿပီး ရန္သူစစ္စစ္ကို ထိေရာက္စြာ ခုခံေတာ္လွန္ရန္ အမ်ိဳးသားညီညြတ္ေရးအစိုးရ ကာကြယ္ ေရးဝန္ႀကီး ဦးရည္မြန္က တိုက္တြန္းေျပာၾကားလိုက္သည္။

ေဖေဖာ္ဝါရီ ၆ရက္က ျပဳလုပ္သည့္ ျပည္သူ႔ကာကြယ္ ေရးအဖြဲ႕(ဂန႔္ေဂါ) အေျခခံစစ္ပညာ သင္တန္းအပတ္စဥ္ (၃) သင္တန္းဆင္းပြဲသို႔ ဝန္ႀကီးက သဝဏ္လႊာေပးပို႔ ရာ၌ အထက္ပါအခ်က္မ်ားကို ထည့္သြင္းေဖာ္ျပသည္

ဖက္ဆစ္စစ္တပ္၏ က်ဆုံးခန္းသည္ တျဖည္းျဖည္းနီးကပ္လာေနသကဲ့သို႔ တပ္တြင္း အာဏာလုမႈ စိတ္ဝမ္း ကြဲျပားမႈႏွင့္အက်ိဳးစီးပြားမညီမၽွကိစၥရပ္မ်ား ျဖစ္လာကာ တပ္ကို ထိန္းသိမ္းနိုင္မႈ က်ဆင္းေနေၾကာင္းသဝဏ္လႊာ၌ ပါရွိသည္။

“စစ္တပ္ရဲ့အခက္အခဲဟာ ငါတို႔ရဲ့ အခြင့္အလမ္းပဲျဖစ္တယ္။ရန္သူကို အထင္မေသးဘဲ သူတို႔အခက္အခဲ ၾကဳံခိုက္မွာ ေတာ္လွန္ေရးကို နည္းလမ္းေပါင္းစုံနဲ႔ အားစိုက္လုပ္ေဆာင္ၾကရမွာ ျဖစ္တယ္” ဟု ဝန္ႀကီးဦးရည္မြန္က ေျပာသည္။

ျပည္သူကို မ်က္ႏွာမမူသည့္ အာဏာသိမ္းအၾကမ္းဖက္ စစ္တပ္သည္ ျပည္သူ႔အားကို မည္သည့္ စြမ္းေဆာင္ရည္မ်ိဳးႏွင့္မွ ေတာင့္ခိုင္နိုင္မည္မဟုတ္ဟု ဆိုသည္။

“ရန္သူကေန မိတ္ေဆြအျဖစ္ ဘက္ေျပာင္းခိုလႈံလာသူေတြကို ေႏြးေထြးစြာ ႀကိဳဆိုရမွာျဖစ္သလို ရန္သူစစ္စစ္ေတြကိုလည္း ထိထိေရာက္ေရာက္ ခုခံေတာ္လွန္ရမွာျဖစ္တယ္။ ရန္သူ႔လက္နက္ကိုယ့္လက္နက္ျဖစ္ေစ႐ုံသာမက ရန္သူ႔အားနည္းခ်က္ကိုယ့္အားသာခ်က္ျဖစ္ေအာင္ပါ ထိခ်က္မိမိ ခုခံတိုက္ခိုက္ရင္းနဲ႔ ၂၀၂၂မွာ ေအာင္လံကို လႊင့္ထူၾကပါစို႔”ဟု ကာကြယ္ေရးဝန္ႀကီးက ေျပာသည္။

တိုက္ပြဲေဖာ္ေဆာင္ေရးတြင္ အဆင့္ဆင့္ကြပ္ကဲမႈ အမိန႔္နာခံမႈက မ်ားစြာအေရးပါေၾကာင္း၊ အမိန႔္နာခံမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈအားေကာင္းမွသာ တိုက္ပြဲ၌ အထိအခိုက္နည္းနည္းႏွင့္ ေအာင္ျမင္မႈရနိုင္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ေတာ္လွန္ေရးကာလ အခ်ိန္တ္စခုေရာက္လာခ်ိန္တိုင္းမွာ ျဖစ္တက္တဲ့ စိတ္ပ်က္ျခင္း၊ အားမလို အားမရျဖစ္ျခင္း နဲ႔ စိတ္ဓာတ္က်ျခင္းေတြကိုလည္း ဉာဏ္ပညာအေမၽွာ္အျမင္ရွိရွိနဲ႔ ငါတို႔ေခတ္မွ စစ္အာဏာရွင္စနစ္ ျပဳတ္ကို ျပဳတ္က်ရမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ ရင္ဆိုင္ျဖတ္ေက်ာ္ၾကဖို႔ အသိေပးလိုတယ္”ဟုလည္း ဝန္ႀကီးက ေျပာသည္။

ဂန႔္ေဂါ ပကဖ အေျခခံစစ္ပညာသင္တန္း အပတ္စဥ္(၃) သင္တန္းဆင္းပြဲသို႔ သင္တန္းသား ၈၅ဦးႏွင့္ သင္တန္းသူ ၄၀ဦးျဖင့္ က်င္းပခဲ့သည္ဟု ထုတ္ျပန္သည္။

 

Leave a Reply

Your email address will not be published.