စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံသိမ်းပိုက်ရရှိမှု KIA အတည်ပြု

တစ်ပတ်အတွင်း တပ်စခန်းသုံးခုထက်မနည်း KIA သိမ်းပိုက်ထား၊ ကချင်ပြည်နယ် နေရာအများအပြား၌ စစ်ရေးလှုပ်ရှားမှုရှိဟုဆို

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ကောန့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးသို့ အတည်ပြုသည်။

ဖေဖော်ဝါရီ ၆ရက် နံနက်က တနိုင်း ပယင်းနှင့် ရွှေမှော်များ ရှိရာနေရာ တဝိုက်၌ တပ်စွဲထား သည့် စစ်ကောင်စီ၏ နမ့်ကောန့် တပ်စခန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ၏ ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဟုတ်ကဲ့ပါ အဲဒီဘက်မှာ သိမ်းပိုက်လို့ရတယ်ဆိုတဲ့ ကျွန်တော်တို့ဘက်က သတင်းတော့တက်ပါတယ်။ဒါပေမဲ့ ခုလောလောဆယ်တော့ အခြေအနေ ကတော့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီဘက်က တင်းမာတဲ့အနေ အထားဖြစ်ပါတယ်” ဟု လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် ယခု ဖေဖော်ဝါရီပထမပတ်အတွင်း KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ တပ်စခန်းနှင့် ရဲစခန်း ၃ခုထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။ ဖေဖော်ဝါရီ ၁ရက်တွင် ပူတာအို ဆွမ်ပီယန် တပ်စခန်း၊ ဖေဖော်ဝါရီ ၃ရက်က မိုးညှင်းမော်ဟန် တပ်စခန်းတို့ကို သိမ်းပိုက်မီးရှို့ခဲ့သည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး ပူတာအို လုံရှာယာန် ဘက်၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြောလို့ရတဲ့ အခြေအနေကတော့ အခြေအနေကတော့ တင်းမနေဆဲဖြစ်ပါတယ်။ နောက် ပူတာအို လုံရှာယာန်ဘက်မှာလည်း တိုက်ပွဲရှိပါတယ်။ သိပ်ပြီးမှ ပြင်းပြင်းထန်ထန်ကတော့ မဟုတ်ဘူးပေါ့။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ် တော်တော်များများနေရာမှာကတော့ စစ်ရေးကတော့ နည်းနည်း လှုပ်ရှားတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအများ အပြားရှိနေသည့် သတင်းများနှင့်ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ထိခိုက်သေဆုံးသတင်း များမရသေးဟု ပြောသည်

စစ္ေကာင္စီတပ္စခန္းတစ္ခု ထပ္မံသိမ္းပိုက္ရရွိမႈ KIA အတည္ျပဳ

တစ္ပတ္အတြင္း တပ္စခန္းသုံးခုထက္မနည္း KIA သိမ္းပိုက္ထား၊ ကခ်င္ျပည္နယ္ ေနရာအမ်ားအျပား၌ စစ္ေရးလႈပ္ရွားမႈရွိဟုဆို

ကခ်င္ျပည္နယ္ တနိုင္းၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ နမ့္ေကာန႔္တပ္စခန္းကို သိမ္းပိုက္ရရွိခဲ့ ေၾကာင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) သတင္းႏွင့္ ျပန္ၾကားေရးဌာန တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက လူထုေႏြဦးသို႔ အတည္ျပဳသည္။

ေဖေဖာ္ဝါရီ ၆ရက္ နံနက္က တနိုင္း ပယင္းႏွင့္ ေရႊေမွာ္မ်ား ရွိရာေနရာ တဝိုက္၌ တပ္စြဲထား သည့္ စစ္ေကာင္စီ၏ နမ့္ေကာန႔္ တပ္စခန္းကို KIAႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) တို႔က သိမ္းပိုက္ခဲ့ေၾကာင္း ေဒသခံ၏ ေျပာၾကားသည္။

ယင္းႏွင့္ပတ္သက္၍ ဗိုလ္မႉးႀကီးေနာ္ဘူက “ဟုတ္ကဲ့ပါ အဲဒီဘက္မွာ သိမ္းပိုက္လို႔ရတယ္ဆိုတဲ့ ကၽြန္ေတာ္တို႔ဘက္က သတင္းေတာ့တက္ပါတယ္။ဒါေပမဲ့ ခုေလာေလာဆယ္ေတာ့ အေျခအေန ကေတာ့ ေစာင့္ၾကည့္ေနတဲ့ အေနအထားျဖစ္ပါတယ္။ အဲဒီဘက္က တင္းမာတဲ့အေန အထားျဖစ္ပါတယ္” ဟု လူထုေႏြဦးသို႔ ေျပာသည္။

ထို႔ေၾကာင့္ ယခု ေဖေဖာ္ဝါရီပထမပတ္အတြင္း KIAႏွင့္ PDF ပူးေပါင္းအဖြဲ႕က စစ္ေကာင္စီ၏ တပ္စခန္းႏွင့္ ရဲစခန္း ၃ခုထက္မနည္းကို သိမ္းပိုက္ရရွိထားသည္။ ေဖေဖာ္ဝါရီ ၁ရက္တြင္ ပူတာအို ဆြမ္ပီယန္ တပ္စခန္း၊ ေဖေဖာ္ဝါရီ ၃ရက္က မိုးညႇင္းေမာ္ဟန္ တပ္စခန္းတို႔ကို သိမ္းပိုက္မီးရွို႔ခဲ့သည္။

လက္ရွိတြင္ ဖားကန႔္ေဒသ၌ စစ္ေရးတင္းမာ ေနဆဲျဖစ္ၿပီး ပူတာအို လုံရွာယာန္ ဘက္၌လည္း တိုက္ပြဲျဖစ္ခဲ့ေၾကာင္း ၎က ဆိုသည္။

“ေျပာလို႔ရတဲ့ အေျခအေနကေတာ့ အေျခအေနကေတာ့ တင္းမေနဆဲျဖစ္ပါတယ္။ ေနာက္ ပူတာအို လုံရွာယာန္ဘက္မွာလည္း တိုက္ပြဲရွိပါတယ္။ သိပ္ၿပီးမွ ျပင္းျပင္းထန္ထန္ကေတာ့ မဟုတ္ဘူးေပါ့။ ထိပ္တိုက္ရင္ဆိုင္တိုက္ပြဲေတြရွိပါတယ္။ ကၽြန္ေတာ္တို႔ ကခ်င္ျပည္နယ္ ေတာ္ေတာ္မ်ားမ်ားေနရာမွာကေတာ့ စစ္ေရးကေတာ့ နည္းနည္း လႈပ္ရွားတာေပါ့” ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာသည္။

ဖားကန႔္ေဒသ တိုက္ပြဲ၌ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈအမ်ား အျပားရွိေနသည့္ သတင္းမ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းရာ ဗိုလ္မႉးႀကီးေနာ္ဘူက ထိခိုက္ေသဆုံးသတင္း မ်ားမရေသးဟု ေျပာသည္။

 

Leave a Reply

Your email address will not be published.