ဒေဝဒတ်ကိုမှဆရာတင်မိတဲ့ စစ်သားမိုက်တွေကို ပညာသားပါပါ ပြောဆိုဆုံးမလိုက်တဲ့ ပြည်သူ့အချစ်တော် မြန်မာ့တော်ဝင် ဗိုလ်နဂါး

ခေါင်းဆောင်ပီသတဲ့ ဗိုလ်နဂါးရဲ့မအလ စစ်သည်များသို့ အမှာစကား ရဲဘော်တို့…..ရဲဘော်တို့ဟာလာရာလမ်းတိုင်း

ပန်းတွေခင်းပြီး ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ကြိုဆိုခံရမယ့်သူတွေဖြစ်သင့်ပါလျှက်အခုဟာဖြင့်ဒေဝဒတ်ကိုမှ

ဆရာတင်မိတဲ့ အဇာတသတ်လို ကိုယ့်ရဲ့မိဘပြည်သူကိုပြန်သတ် လူယုတ်မာဇာတ်သာ ကနေကြရတယ်….

ပြည်သူနဲ့ဆက်ဆံရေးမှာ ကိုယ်ဘယ်နေရာထိနိမ့်ကျနေပြီဆိုတာ မသိနိုင်လောက်အောင် ရဲဘော်တို့ဟာ

အသိမနည်းကြပါဘူးသတိမထားပဲ မေ့မေ့လျော့လျော့လုပ်ဆောင်နေမိတာလို့ပဲမြင်ပါတယ်နိုင်ငံတော်တည်ငြိမ်ရေးလို့

ပါးစပ်ကဆိုပြီး ကိုယ်ကိုယ်တိုင်က ပြည်သူနဲ့ ရန်သတ်နေမှတော့ ဒီတိုင်းပြည်ကလည်း

ပျက်ဖို့သာရှိပါတော့မယ်တကယ်သာပြည်သူ့သားကောင်းပီပီ ဇာနည်ရဲဘော်အဖြစ်ခံယူလိုပါက

ပူဆွေးငိုကြွေးနေကြရပြီဖြစ်တဲ့ ပြည်သူတွေရဲ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့သူရဲကောင်းဆန်တဲ့လက်တွေနဲ့ သုတ်ပေးဖို့ ရဲရဲဆုံးဖြတ်ပြီး

လူယုတ်မာတစုအောက်ကထွက် ပြည်သူ့ဘက်ကို ရဲရဲရပ်တည်လာခဲ့ပေးကြပါတတိုင်းပြည်လုံး

အုံးအုံးကျက်ကျက် လက်ခုပ်လက်ဝါးတီး ရဲဘော်တို့လာတဲ့လမ်းမှာပန်းတွေခင်းပြီး

ပျောက်နေတဲ့သားသမီးတွေကိုပြန်တွေ့ကြရရှာသလို

ဝမ်းသာလွန်းလို့ကျလာတဲ့မျက်ရည်တွေနဲ့ ပြည်သူတွေဟာ ဖက်လှဲတကင်း ကြိုဆိုကြမှာအသေအချာပါ

အဲဒီကျရင် ပြည်သူတွေဟာ လူယုတ်မာကိုယ်ကျိုးသမားခေါင်းဆောင်တွေကိုသာ စပ်ဆုတ်ရွံရှာမုန်းတီးကြတာဖြစ်ပြီး

ရဲဘော်တို့ကိုတော့ဘယ်လောက်တောင်ချစ်ရှာကြလဲ

ဘယ်လောက်တောင်အားကိုးနေကြရှာလဲဆိုတာ ရဲဘော်တို့မြင်ရမှာပါပြည်သူ့ရဲ့ရန်သူဘဝကို ငြီးငွေ့ကြပါတော့

ရဲဘော်တို့အပေါ်တင်မက ဇနီးချင်းအတူတူ သားသမီးချင်းအတူတူ လိုတာထက်ပိုပြီးအခွင့်အရေးယူ

နိုင်ထက်စီးနင်းပြုလေ့ရှိသူတရားမျှတမှုကင်းတဲ့တဲ့

လူမိုက်ခေါင်းဆောင်တွေလက်တွင်းက အခုချက်ခြင်းပဲ ရုန်းထွက်ခဲ့ကြပါတော့ရဲရဲဆုံးဖြတ်ပါ

သဘာဝကပြည်စုံကြွယ်ဝပါလျှက် သူများနိုင်ငံကျွန်ခံထွက်ငတ်ပြတ်ပေတေနေတဲ့ပြည်သူတွေနဲ့

ခြင်းကြားလွယ်နေရတဲ့ ရဲဘော်တွေရဲ့ဘဝကိုမှမငဲ့ကွက်၊

မျက်နှာပြောင်တိုက်ပြီး လူချမ်းသာကြီးတွေလုပ်ပြနေကြတဲ့ တကိုယ်ကောင်းသမား အဓ္ဓမသမား

ခေါင်းဆောင်တွေအောက်ကထွက်ပြီး ပြည်သူတွေဘက်ကိုရဲရဲဝံ့ဝံ့ရပ်ကြည့်လိုက်စမ်းပါ

ရဲဘော်တို့ရဲ့အတ္တသမားခေါင်းဆောင်တွေဟာ အမဲလိုက်မုဆိုးက သူ့မိသားစုအကျိူးစီးပွားအတွက်အမဲ

လိုက်ခွေးတွေကိုမွေးထားသလို ရဲဘော်တို့ကိုသဘောထားခဲ့တာသိသာစေချင်လို့ပြောတာကိုရိုင်းပြတယ်မမှတ်ယူစေချင်ပါဘူး

ရဲဘော်တို့သာပြည်သူနဲ့ပူးပေါင်လာရင် ပြည်သူတွေတိုင်းက

ကိုယ့်ရင်ကမွေး ကိုယ်ရဲ့သွေးလို သားကောင်းသမီးကောင်းဇာနည်များအဖြစ်

ချစ်ခင်လေးစားတန်ဖိုးထားပေးကြပါလိမ့်မယ်ဘာကိုမှမကြောက်နဲ့ ဘာလက်နက်မှမရှိတဲ့ပြည်သူတွေတောင်

နာကျည်းလွန်းရာက သတ္တိတွေမွေး ပြန်ခုခံရဲနေကြပြီပဲရဲဘော်တို့က ရဲဘော်တို့အားနဲ့ သူတို့ကိုဝန်းရံပြီး

ကိုယ့်အင်အားနဲ့ကိုယ်ပြန်ကြောက်မနေကြပါနဲ့တော့ ရဲဘော်တို့မရှိရင် သူတို့အင်အားဆိုတာလည်း

နတ်ထိပဲမိုက်မဲတဲ့ ခေါင်းဆောင်တွေမရှိတော့ရင် ရဲဘော်တို့ဘဝတွေလည်း ဘယ်နေ့သေမလဲ

ဘယ်နေ့ချစ်ရတဲ့သမီးသားနဲ့ ဇနီးမယား မိသားစုကိုခွဲခွာထားခဲ့ရမလဲမသိတဲ့

အဓိပ္ပါယ်မဲ့ တိုက်ပွဲတွေကနေငြိမ်းအေးသက်သာသွားလိမ့်မယ်မလိုအပ်ပဲ ကျိုးကန်းသေကြေပြီး

ပင်ပန်းနေရကြတဲ့တိုက်ပွဲတွေဟာ အလိုလိုရပ်တန့်သွားကြပါလိမ့်မယ်ရဲဘော်တို့ဟာ

ပြည်သူတွေနဲ့ပေါင်းပြီး ဒီတိုင်းပြည်ကိုကယ်ဖို့အချိန်ကောင်းဖြစ်နေပြီဖုတ်ကောင်တွေလိုမျိုး အုပ်ချုပ်သူတွေလက်ကနေ

မျက်ရည်တွေနဲ့နေ့စဉ်စိုးရိမ်ပူဆွေးနေကြရတဲ့ ပြည်သူတွေကို ရဲဘော်တို့ကယ်ပေးပါခြင်းကြားတောင်းတွေလွယ်ပြီး

အနယ်နယ်အရပ်ရပ်ပြည်သူနဲ့သာ ရန်ပတ်ဖြစ်နေရတဲ့ တပ်မတော်ကိုဂုဏ်သိက္ခာရှိတဲ့

ကမ္ဘာ့အဆင့်မှီပြည်ချစ်တပ်မတော်ကြီးပြန်ဖြစ်ဖို့ ရဲဘော်တို့ကိုယ်တိုင်ပဲ

ပြန်ကယ်ပေးကြပါလွတ်မြောက်သွားပြီဆိုတဲ့တနေ့ ရဲဘော်တို့ရဲ့ကျေးဇူးကို ကမ္တာတည်သရွေ့

ပြည်သူတွေကမမေ့အောင် ပြောင်မြောက်တဲ့ အာဇာနည်မော်ကွန်းမှာ သူရဲကောင်းတွေအဖြစ်ရေးထွင်းမယ်

အနယ်နယ်အရပ်ရပ်မှာ တပ်နဲ့ပြည်သူရဲ့ ကြည်ဖြူတဲ့ပွဲတွေနဲ့ခြိမ်ခြိမ့်သဲအောင်နွှဲကြမယ်အဲဒီကျရင်

စစ်ပွဲတွေလည်းမရှိတော့ပဲ ရဲဘော်တို့ဟာ ပြည်သူတွေကြားထဲ

သားတွေသမီးတွေလက်ဆွဲပြီး ပြုံးပြုံးရွှင်ရွှင်ပဲ ဖြတ်သန်းသွားလာနိုင်ကြမယ်တကယ်တော့တိုင်းပြည်ရဲ့အသက်ဟာ

ရဲဘော်တို့လက်မှာရှိတယ် ရဲဘော်တို့ဟာ တိုင်းပြည်ရဲ့အသက် တိုင်းပြည်ရဲ့တန်ဖိုးလို့ပြောလို့ရတယ်

ကိုယ့်တန်ဖိုးကိုယ်သိပြီး တန်ဖိုးရှိအောင်ကြိုးစားကြပါ

အချုပ်ပြောရရင် ကိုယ့်မိဘကိုပြန်သတ် အဇာတသတ်လက်သစ် တပ်မတော်သားတွေအဖြစ်က

ရုန်းထွက်ဖို့စိုးရိမ်ပူဆွေးမှုတွေပြည့်နှက်နေတဲ့ပြည်သူ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့သူရဲကောင်းဆန်တဲ့လက်တွေနဲ့

သုတ်ပေးနိုင်ဖို့အသက်တွေဘဝတွေကို မလိုအပ်ပဲပေးနေရတဲ့

အဓိပ္ပါယ်မဲ့ စစ်ပွဲတွေအေးသွားဖို့သမိုင်းမော်ကွန်းမှာ တိုင်းပြည်ကိုကယ်တင်ခဲ့ကြတဲ့

သားကောင်းဇာနည်ဘာမထီမျိုးလို့ ပီပီသသရေးထိုးနိုင်ကြဖို့အတွက် ရဲရဲဝံ့ဝံ့ပဲပြည်သူနဲ့

အတူရပ်ရဲဘော်တို့ရဲ့သေနတ်တွေကို အတ္တသမားခေါင်းဆောင်တွေဘက် ပြန်လှည့်လိုက်ပါမကြာခင်ပဲ

ပြည်တွင်းစစ်တွေအဆုံးသတ် အားလုံးလည်း လွတ်လပ်ငြိမ်းချမ်းသွားပါလိမ့်မယ် ဗိုလ်နဂါး

မြန်မာ့တော်ဝင်နဂါးတပ်တော်

Credit – Original Writer

Leave a Reply

Your email address will not be published.