





NLD စီးပွားရေးအကြံပေး ရှောင်တာနယ်ကို ဟွန်ဆန်တောင်းဆိုချက်အရ စစ်ကောင်စီလွှတ်ပေး

NLD အစိုးရ စီးပွားရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်ကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့တောင်းဆိုချက်အရ စစ်ကောင်စီဟာမနေ့က ဖေဖော်ဝါရီလ ၆ ရက်မှာလွှတ်ပေးလိုက်တယ်လို့ ခမာတိုင်းမ်က ရေးသားဖော်ပြပါတယ်

ဒီလိုလွှတ်ပေးတာဟာလည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တောင်းဆိုချက်အရဖြစ်တယ်လို့ ခမာတိုင်းမ်က ဆိုပါတယ်ပါမောက္ခရှောင်တာနယ်ဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ချလို့ရတဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတာပါ

စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရန်ကုန် မြို့ ချက်ထရီယမ် ဟိုတယ် မှာ ပါမောက္ခရှောင်တာနယ်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဖမ်းဆီးပြီးနောက် လက်တော့ ထဲကအချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေအရ မစ္စတာရှောင်တာနယ်ကိုထောင်ဒဏ် ၁၄နှစ်အထိချလို့ရတဲ့ အစိုးရ လျှို့ဝှက်ဥပဒေ တရားစွဲကာ စစ်ကောင်စီဟာ အင်းစိန်ထောင်ကိုပို့ခဲ့တာပါ

ဒီအမှုမှာအမှုတွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပြင်NLD စီးပွားရေးဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ ပါ တရားစွဲဆိုခံထားရပါတယ်သြစတြေးလျအစိုးရဘက်ကတော့ မစ္စတာရှောင်တာနယ်ကိုလွှတ်ပေးဖို့ဆက်တိုက်တောင်းဆိုတာတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ လပိုင်းကလည်း အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချပြီးရက်ပိုင်းအတွင်းမှာတင်ပြန်လွှတ်ပေးခဲ့တာရှိပါတယ် Crd- People’s Spring

Leave a Reply

Your email address will not be published.