နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရေး ဒီမိုကရေစီကျင့်စဉ်များနှင့်အညီစေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်းလမ်းဖြင့်ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည်ဟု နစကထုတ်ပြန်

စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးတို့သည် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့်

စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး ကြပါရန် နစကက ယနေ့ ညတွင် အထူးဖိတ်ကြားစာ ထုတ်လိုက်သည်

ယင်းအပြင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ကလည်း နိုင်ငံတော်အစိုးရ၏ ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စိန်ရတု ပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်နိုင်ရေး ဝိုင်းဝန်းအကျိုး ဆောင်ပေးနိုင်ပါရန်လည်း နစကက တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံခဲ့သည်

နစကက “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါသဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” မူဝါဒချထားပြီး

ငြိမ်းချမ်းရေး နှင့်ပတ်သက် ၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော်နေသည့် အပြင် ပ စ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ဖိတ်ခေါ်စာထဲ ထည့်သွင်းဖော်ပြထားသည်

နစက၏ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီသည် ယနေ့အထိ NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် (၁၆)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် (၉)ကြိမ်၊

နိုင်ငံရေးပါတီများနှင့် (၇)ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၂)ကြိမ်၊ စုစုပေါင်း(၃၄) ကြိမ် တွေ့ဆုံခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ဆက်လက် စီမံဆောင်ရွက်လျက်ရှိကာ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသည့် အဖွဲ့ အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကိုပါ

ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည်။ ထိုသို့ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင် သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန်ရည်ရွယ်ချက်ထားရှိကြောင်း လည်း နစကက အလေးထားဖော်ပြထားသည်

ယင်းနောက် နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် သမိုင်းအစဉ်အဆက်ဖြစ်ပေါ် တည်ရှိလာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရေး အတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီစေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်းလမ်းဖြင့်ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည်ဟုလည်း ထုတ်ပြန်ခဲ့သည်

နိုင္ငံေရးျပႆနာမ်ားကို နိုင္ငံေရးနည္းျဖင့္ေျဖရွင္းနိုင္ေရး ဒီမိုကေရစီက်င့္စဥ္မ်ားႏွင့္အညီေစ့စပ္ညႇိႏွိုင္းအေျဖရွာေရးနည္းလမ္းျဖင့္ထာဝရ ၿငိမ္းခ်မ္းေရးကို ေရွးရႈေဆြးေႏြးသြားၾကမည္ဟု နစကထုတ္ျပန္

စိန္ရတုျပည္ေထာင္စုေန႔ႏွင့္ ၾကဳံႀကိဳက္သည့္ အခါသမယတြင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း အားလုံးတို႔သည္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပမည့္ စိန္ရတုျပည္ေထာင္စုေန႔ အခမ္းအနားသို႔ အခ်ိန္မီတက္ေရာက္ၾကပါရန္ႏွင့္

စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနား တက္ေရာက္စဥ္ကာလအတြင္း ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္နိုင္ေရးအတြက္ က်င္းပမည့္ ထာဝရၿငိမ္းခ်မ္းေရးအႀကိဳညႇိႏွိုင္းေဆြးေႏြးပြဲသို႔ တက္ေရာက္ ေဆြးေႏြး ၾကပါရန္ နစကက ယေန႔ ညတြင္ အထူးဖိတ္ၾကားစာ ထုတ္လိုက္သည္။

ယင္းအျပင္ တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လုံး ကလည္း နိုင္ငံေတာ္အစိုးရ၏ ထာဝရၿငိမ္းခ်မ္းေရးအတြက္ လြတ္လပ္ၿပီး ႀကိဳတင္ ကန႔္သတ္ခ်က္မထားသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲႏွင့္ စိန္ရတု ျပည္ေထာင္စုေန႔သို႔ သက္ဆိုင္သူအားလုံး တက္ေရာက္နိုင္ေရး ဝိုင္းဝန္းအက်ိဳး ေဆာင္ေပးနိုင္ပါရန္လည္း နစကက တိုက္တြန္းႏွိုးေဆာ္ ေမတၱာရပ္ခံခဲ့သည္။

နစကက “တစ္နိုင္ငံလုံးထာဝရ ၿငိမ္းခ်မ္းေရး ရရွိေရး အတြက္ တစ္နိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ပါသေဘာ တူညီခ်က္မ်ားအတိုင္း ျဖစ္နိုင္သမၽွ အေလးထားလုပ္ေဆာင္သြားမည္” မူဝါဒခ်ထားၿပီး

ၿငိမ္းခ်မ္းေရး ႏွင့္ပတ္သက္ ၍ NCA အတိုင္း အေလးထား အေကာင္အထည္ေဖာ္ေနသည့္ အျပင္ ပ စ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးအတြက္ ထုတ္ျပန္ခ်က္ေပါင္း အႀကိမ္(၂၀)ျပဳလုပ္ေပးခဲ့ၿပီးျဖစ္သည္ဟု ထုတ္ျပန္ဖိတ္ေခၚစာထဲ ထည့္သြင္းေဖာ္ျပထားသည္။

နစက၏ ၿငိမ္းခ်မ္းေရးဆိုင္ရာ ညႇိႏွိုင္းေရးေကာ္မတီသည္ ယေန႔အထိ NCA လက္မွတ္ ေရးထိုးၿပီးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းမ်ားႏွင့္ (၁၆)ႀကိမ္၊ NCA လက္မွတ္ေရးထိုးထားျခင္း မျပဳေသးေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းမ်ားႏွင့္ (၉)ႀကိမ္၊

နိုင္ငံေရးပါတီမ်ားႏွင့္ (၇)ႀကိမ္၊ ဘာသာေရး ေခါင္းေဆာင္မ်ား၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕မ်ားႏွင့္ (၂)ႀကိမ္၊ စုစုေပါင္း(၃၄) ႀကိမ္ ေတြ႕ဆုံခဲ့ၿပီး ထာဝရၿငိမ္းခ်မ္းေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ေဆြးေႏြးပြဲမ်ားျပဳလုပ္နိုင္ေရး ဆက္လက္ စီမံေဆာင္ရြက္လ်က္ရွိကာ

အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာ ထားသည့္ အဖြဲ႕ အစည္းမ်ားမွအပ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ အစည္းမ်ားသာမက NCA လက္မွတ္မေရးထိုးရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းမ်ားကိုပါ

ထာဝရၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးရန္ဖိတ္ေခၚထားသည္။ ထိုသို႔ၿငိမ္းခ်မ္းေရးေဆြးေႏြးရာတြင္ ေဆြးေႏြးမည့္ အေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ ႀကိဳတင္ကန႔္သတ္ခ်က္မထားဘဲ တတ္နိုင္ သေလာက္ လြတ္လြတ္လပ္လပ္ ႏွီးေႏွာဖလွယ္နိုင္ရန္ရည္ရြယ္ခ်က္ထားရွိေၾကာင္း လည္း နစကက အေလးထားေဖာ္ျပထားသည္။

ယင္းေနာက္ နိုင္ငံ၏ ျပည္တြင္းေရးျဖစ္သည့္ သမိုင္းအစဥ္အဆက္ျဖစ္ေပၚ တည္ရွိလာသည့္ နိုင္ငံေရးျပႆနာမ်ားကို နိုင္ငံေရးနည္းျဖင့္ေျဖရွင္းနိုင္ေရး အတြက္ ဒီမိုကေရစီက်င့္စဥ္မ်ားႏွင့္အညီေစ့စပ္ညႇိႏွိုင္းအေျဖရွာေရးနည္းလမ္းျဖင့္ထာဝရ ၿငိမ္းခ်မ္းေရးကို ေရွးရႈေဆြးေႏြးသြားၾကမည္ဟုလည္း ထုတ္ျပန္ခဲ့သည္။

 

Leave a Reply

Your email address will not be published.