အနုပညာမောင်နှမတွေဖြစ်တဲ့ နေတိုးရဲ့ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ သက်မွန်မြင့်တို့ဇနီးမောင်နှံ

ချစ်လှစွာ ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့် ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။

ပရိတ်သတ်တွေရဲ့အချစ်တော် ချစ်သက်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလိုအိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့် က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်…။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံခဲ့ရပါသေးတယ်နော်။သို့သော်လည်း ပရိတ်သတ်တွေရဲ့မေတ္တာပို့သမှုကြောင့် ပုဒ်မ၅၀၅(က)ကနေ အမှုရုပ်သိမ်းခံခဲ့ရတာတဲ့အတွက် သက်မွန်ကိုချစ်တဲ့ပရိတ်သတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်နော်…။

ဒီကနေ့မှာတော့ ထိပ်တန်းမင်းသားတလက်ဖြစ်တဲ့ နေတိုးရဲ့ မင်္ဂလာဆောင်ကို ဇနီးမောင်နှံနှစ်ယောက်တက်ရောက်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်.သူရဲ့ မင်္ဂလာပွဲလေးကို ချစ်ခင်တဲ့အျခားသော အနုပညာရှင် မောင်နှမ များစွာ တက်ရောက် ချီးမြှင့် ခဲ့ကြတာကိုလည်းတွေ့ရပါတယ် ။

Crd






Crd

Leave a Reply

Your email address will not be published.