စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူလူထုနှင့် တသမတ်တည်းရပ်တည်သည့် KIO/KIA နှင့် ကချင်ခေါင်းဆောင်များကို NUG ကျေးဇူးစကားဆို

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် တသမတ်တည်း ရပ်တည်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)နှင့် ကချင်အမျိုးသားခေါင်းဆောင်များကို အစဉ်အမြဲ သတိတရကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သဝဏ်လွှာပေးပို့သည်။

ယနေ့ကျရောက်သော (၆၁) နှစ်မြောက် ကချင်တော်လှန် ရေးနေ့ကို အလေးအမြတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် အနာဂတ် မြန်မာနိုင်ငံသစ်ထူထောင်မည့် တော်လှန်ရေးခရီးတွင် အမြဲလက်တွဲကာ ‌အောင်ပန်းဆွတ်ခူးသည်အထိ အတူတကွ ဆက်လက်ဆင်နွှဲရန်လည်း NUG က တိုက်တွန်းသည်။

ကချင်အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ် ရေးမတိုင်ခင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရှုံးဆုံးခဲ့ရသည့်အတွက် ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ လက်နက်ကိုင်တော်လှန်လာခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်း ၆၁ နှစ်အတွင်း အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး အတွက် တိုက်ပွဲဝင်ရင်း စွန့်လွှတ်စွန့်စား အသက်ပေးသွားကြသည့် ကချင့်တော်လှန်ရေး ရဲဘော်များနှင့် ကချင့်အာဇာနည်များကိုသာမက

တော်လှန်ရေးကာလတစ်လျှောက် အနှစ်နာခံပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များနှင့် ကချင်ပြည်သူ လူထုအပေါင်းကို ကိုယ်ချင်းစာ အသိအမှတ်ပြုလျက် အလေးအနက် ဦးညွတ်ဂုဏ်ပြုကြောင်းလည်း NUG က သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုမှ နိုင်ငံတော် အာဏာကို လက်နက်အားကိုး ထပ်မံသိမ်းပိုက်လိုက်ပြီးနောက် ပြည်မနေ ဗမာလူထုအများစုသည် အကြမ်းဖက်စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များအား မျက်မြင်ကိုယ်တွေ့ ခံစားနေကြရပြီး တိုင်းရင်းသားများ၏ နစ်နာမှုများအား ကွက်ကွက် ကွင်းကွင်း သိမြင်ကိုယ်ချင်းစာနေကြောင်း NUGက ဆက် လက်ဖော်ပြသည်။

စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ၿပီး ျပည္သူလူထုႏွင့္ တသမတ္တည္းရပ္တည္သည့္ KIO/KIA ႏွင့္ ကခ်င္ေခါင္းေဆာင္မ်ားကို NUG ေက်းဇူးစကားဆို

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ၿပီး ျပည္သူမ်ားႏွင့္ တသမတ္တည္း ရပ္တည္သည့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO/KIA)ႏွင့္ ကခ်င္အမ်ိဳးသားေခါင္းေဆာင္မ်ားကို အစဥ္အျမဲ သတိတရေက်းဇူးတင္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) က သဝဏ္လႊာေပးပို႔သည္။

ယေန႔က်ေရာက္ေသာ (၆၁) ႏွစ္ေျမာက္ ကခ်င္ေတာ္လွန္ ေရးေန႔ကို အေလးအျမတ္ဂုဏ္ျပဳေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့ျခင္းျဖစ္ၿပီး အာဏာရွင္စနစ္ ဖ်က္သိမ္းေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ေရးအတြက္ ဦးတည္ေဆာင္ရြက္ေနသည့္ အနာဂတ္ ျမန္မာနိုင္ငံသစ္ထူေထာင္မည့္ ေတာ္လွန္ေရးခရီးတြင္ အျမဲလက္တြဲကာ ‌ေအာင္ပန္းဆြတ္ခူးသည္အထိ အတူတကြ ဆက္လက္ဆင္ႏႊဲရန္လည္း NUG က တိုက္တြန္းသည္။

ကခ်င္အမ်ိဳးသားေခါင္းေဆာင္ႀကီးမ်ားသည္ လြတ္လပ္ ေရးမတိုင္ခင္ခ်ဳပ္ဆိုခဲ့ေသာ ပင္လုံစာခ်ဳပ္ပါ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးခြင့္တို႔ကို ရႈံးဆုံးခဲ့ရသည့္အတြက္ ၁၉၆၁ ေဖေဖာ္ဝါရီ ၅ ရက္မွ စတင္ကာ လက္နက္ကိုင္ေတာ္လွန္လာခဲ့ျခင္း ျဖစ္သည္။

ႏွစ္ေပါင္း ၆၁ ႏွစ္အတြင္း အမ်ိဳးသားတန္းတူေရးႏွင့္ ဖက္ဒရယ္စနစ္ေဖာ္ေဆာင္ေရး အတြက္ တိုက္ပြဲဝင္ရင္း စြန႔္လႊတ္စြန႔္စား အသက္ေပးသြားၾကသည့္ ကခ်င့္ေတာ္လွန္ေရး ရဲေဘာ္မ်ားႏွင့္ ကခ်င့္အာဇာနည္မ်ားကိုသာမက

ေတာ္လွန္ေရးကာလတစ္ေလၽွာက္ အႏွစ္နာခံေပးဆပ္ခဲ့ၾကသည့္ မိသားစုဝင္မ်ားႏွင့္ ကခ်င္ျပည္သူ လူထုအေပါင္းကို ကိုယ္ခ်င္းစာ အသိအမွတ္ျပဳလ်က္ အေလးအနက္ ဦးညြတ္ဂုဏ္ျပဳေၾကာင္းလည္း NUG က သဝဏ္လႊာ၌ ေဖာ္ျပသည္။

ထို႔အျပင္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္တြင္ မင္းေအာင္လွိုင္ႏွင့္ စစ္အုပ္စုမွ နိုင္ငံေတာ္ အာဏာကို လက္နက္အားကိုး ထပ္မံသိမ္းပိုက္လိုက္ၿပီးေနာက္ ျပည္မေန ဗမာလူထုအမ်ားစုသည္ အၾကမ္းဖက္စစ္တပ္၏ လူမဆန္သည့္ လုပ္ရပ္မ်ားအား မ်က္ျမင္ကိုယ္ေတြ႕ ခံစားေနၾကရၿပီး တိုင္းရင္းသားမ်ား၏ နစ္နာမႈမ်ားအား ကြက္ကြက္ ကြင္းကြင္း သိျမင္ကိုယ္ခ်င္းစာေနေၾကာင္း NUGက ဆက္ လက္ေဖာ္ျပသည္။

 

Leave a Reply

Your email address will not be published.