ဖဆပလ အစိုးရလက္ထက္ က ေတာင္လုံးျပန္ရဲဌာနမွာ ရဲတပ္ၾကပ္ ကိုအုန္းသြင္ ဆိုတာ ရွိတယ္။

ကိုအုန္းသြင္ က အိမ္ေထာင္သည္ ကေလး ၅ ေယာက္အေဖ။

ရဲလုပ္သက္ ၁၃ ႏွစ္မွာ တပ္ၾကပ္အဆင့္ပဲရေသးတယ္။ လာဘ္လာဘ ကလည္း မရွာတတ္ေတာ့ လစာ နဲ႔ မေလာက္ငွလို႔ အေတာ္ေလး ဒုကၡေရာက္ရွာတယ္။

သူ႔ဌာနအုပ္အရာရွိဆိုတဲ့ဘဲကေတာ့ အရာရွိလည္းျဖစ္..ဂြင္ေတြလည္းရွိေတာ့ အေတာ္ေလးကို အဆင္ေျပတာေပါ့။

အရက္ကေလးတျမျမ နဲ႔..ဌာနထဲေရာက္လာရင္ လက္ေအာက္ငယ္သားေတြကို အၿမဲ ပါဝါျပၿပီး ဆဲဆိုႀကိမ္းေမာင္းတတ္တယ္။

အဲ့ဒီေန႔က ဗမာျပည္ကို ယူဂိုစလပ္သမၼတ မာရွယ္တီတိုးလာတယ္။

ရဲဌာနတခုလုံး အလုပ္ေတြရႈပ္ေပါ့။

ကိုအုန္းသြင္ လည္း တေနကုန္အလုပ္ကရႈပ္၊ ဘာမွမစားရ၊ ညေနပိုင္းက်ေတာ့ ထမင္းစားမယ္ဆိုၿပီး အိမ္ျပန္ေတာ့..သူ႔ကိုယ္တာ မိန္းမက ခ်န္ေပးထားတဲ့..ထမင္းက သိုးေနၿပီ၊ ထပ္ခ်က္ဖို႔ကလည္း ဆန္ကမရွိ။ မိန္းမက ဆန္ေခ်းမယ္ဆိုၿပီး…အျပင္ထြက္သြား။

ကိုအုန္းသြင္လည္း ညစ္ညစ္နဲ႔ စခန္းကိုျပန္လာ။

စခန္းေရာက္ေတာ့ ထုံးစံအတိုင္း ရွကီေလးရလာတဲ့ ဌာနအုပ္က စီးၿပီး ဆဲပါေလေရာ။

ကိုအုန္းသြင္လည္း..သူကိုင္တြယ္ရတဲ့..လက္နက္တိုက္တံခါးကို ဖြင့္ ႐ိုင္ဖယ္တလက္ ထုတ္လာၿပီး ဌာနအုပ္ကို ကိုးခ်က္တိတိ ပ စ္တယ္။

႐ိုင္ဖယ္ကို ပစ္ခ်ၿပီး စားပြဲေပၚတင္ထားတဲ့ စတင္းဂန္းနဲ႔ ေသြးအိုင္ထဲ အသက္ငင္ေနတဲ့ ဌာနအုပ္ကို က်ည္ကပ္ကုန္ ဆြဲခ်ပစ္တယ္။

ၿပီးေတာ့….ရဲစခန္းေရွ႕က ကြမ္းယာဆိုင္မွာ ကြမ္းဝယ္ၿပီး သြားထိုင္စားေနလိုက္တယ္တဲ့။

ခဏေနေတာ့..သူ႔ကို စစ္တပ္နဲ႔ပါလာဝိုင္းေတာ့ ေအးေအးေဆးေဆးအဖမ္းခံလိုက္တယ္။

တသက္လုံး တေလွ်ာက္လုံး အဆဲခံ အႏွိမ္ခံ ကိုအုန္းသြင္ က ႀကိဳးေပးသတ္ခံရခါနီးမွာ စာေရးဆရာေမာင္ေနဝင္း နဲ႔ ေတြ႕ေတာ့ သူ႔အျဖစ္အပ်က္ကို ေျပာျပရင္း ဒီလိုေျပာသြားခဲ့တယ္။

“ကြၽန္ေတာ့္ကို ဒီဌာနအုပ္က ဟိုးအရင္ကတည္းက အရက္မူးလာရင္ ဆဲေန ဆိုေနတာပဲ…ဒီတႀကိမ္ေတာ့ ကြၽန္ေတာ္လည္း ဘာျဖစ္သြားမွန္းမသိဘူးတဲ့….သူ႔ကို ရက္ရက္စက္စက္လုပ္လိုက္ရလို႔..ကြၽန္ေတာ္ ေသရမွာလည္း မေၾကာက္ေတာ့ဘူး” တဲ့။

ေမာင္ေနဝင္းရဲ႕ နရသိန္စာအုပ္ထဲ အဲ့ဒီအေၾကာင္းဖတ္ရတဲ့အခါ…ကိုအုန္းသြင္ ဘာျဖစ္သြားတာလဲဆိုတာ…ကို…လက္ရွိ ေခတ္ လက္ရွိအခင္းအက်င္းမွာ ရွိေနတဲ့ ကြၽန္ေတာ္က ခ်က္ခ်င္းသေဘာေပါက္လိုက္တယ္။

ႏွစ္ေပါင္းမ်ားစြာ အခြင့္အေရးေတြ ဆုံးရႈံးရ၊ အဆင္မေျပမႈေတြရင္ဆိုင္ရ၊ ႏိုင္ထက္စီးနင္းျပဳက်င့္မႈေတြကို သည္းညည္းခံလာရသမွ် ကာလံ၊ ေဒသံ တိုက္ဆိုင္လာတဲ့အခါ…ကိုအုန္းသြင္ရဲ႕ စိတ္ဟာ…သူ႔အေပၚ ႏိုင္ထက္စီးနင္းလုပ္တဲ့ အနီးဆုံးသူကို…အဆုံးစြန္းထိ ႐ုန္းကန္တိုက္ခိုက္ျပလိုက္တာပါပဲ။

တသက္လုံး ငါလုပ္သမွ် ဒီေကာင္ေတြခံရမွာပါလို႔ ထင္ေနတဲ့ ဌာနအုပ္လို ထင္တလုံးနဲ႔ ေကာင္ကေတာ့…ပြဲသိမ္းသြားတာေပါ့။

Khet Zaw

ဖဆပလ အစိုးရလက်ထက် က တောင်လုံးပြန်ရဲဌာနမှာ ရဲတပ်ကြပ် ကိုအုန်းသွင် ဆိုတာ ရှိတယ်။

ကိုအုန်းသွင် က အိမ်ထောင်သည် ကလေး ၅ ယောက်အဖေ။

ရဲလုပ်သက် ၁၃ နှစ်မှာ တပ်ကြပ်အဆင့်ပဲရသေးတယ်။ လာဘ်လာဘ ကလည်း မရှာတတ်တော့ လစာ နဲ့ မလောက်ငှလို့ အတော်လေး ဒုက္ခရောက်ရှာတယ်။

သူ့ဌာနအုပ်အရာရှိဆိုတဲ့ဘဲကတော့ အရာရှိလည်းဖြစ်..ဂွင်တွေလည်းရှိတော့ အတော်လေးကို အဆင်ပြေတာပေါ့။

အရက်ကလေးတမြမြ နဲ့..ဌာနထဲရောက်လာရင် လက်အောက်ငယ်သားတွေကို အမြဲ ပါဝါပြပြီး ဆဲဆိုကြိမ်းမောင်းတတ်တယ်။

အဲ့ဒီနေ့က ဗမာပြည်ကို ယူဂိုစလပ်သမ္မတ မာရှယ်တီတိုးလာတယ်။

ရဲဌာနတခုလုံး အလုပ်တွေရှုပ်ပေါ့။

ကိုအုန်းသွင် လည်း တနေကုန်အလုပ်ကရှုပ်၊ ဘာမှမစားရ၊ ညနေပိုင်းကျတော့ ထမင်းစားမယ်ဆိုပြီး အိမ်ပြန်တော့..သူ့ကိုယ်တာ မိန်းမက ချန်ပေးထားတဲ့..ထမင်းက သိုးနေပြီ၊ ထပ်ချက်ဖို့ကလည်း ဆန်ကမရှိ။ မိန်းမက ဆန်ချေးမယ်ဆိုပြီး…အပြင်ထွက်သွား။

ကိုအုန်းသွင်လည်း ညစ်ညစ်နဲ့ စခန်းကိုပြန်လာ။

စခန်းရောက်တော့ ထုံးစံအတိုင်း ရှကီလေးရလာတဲ့ ဌာနအုပ်က စီးပြီး ဆဲပါလေရော။

ကိုအုန်းသွင်လည်း..သူကိုင်တွယ်ရတဲ့..လက်နက်တိုက်တံခါးကို ဖွင့် ရိုင်ဖယ်တလက် ထုတ်လာပြီး ဌာနအုပ်ကို ကိုးချက်တိတိ ပ စ်တယ်။

ရိုင်ဖယ်ကို ပစ်ချပြီး စားပွဲပေါ်တင်ထားတဲ့ စတင်းဂန်းနဲ့ သွေးအိုင်ထဲ အသက်ငင်နေတဲ့ ဌာနအုပ်ကို ကျည်ကပ်ကုန် ဆွဲချပစ်တယ်။

ပြီးတော့….ရဲစခန်းရှေ့က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်ပြီး သွားထိုင်စားနေလိုက်တယ်တဲ့။

ခဏနေတော့..သူ့ကို စစ်တပ်နဲ့ပါလာဝိုင်းတော့ အေးအေးဆေးဆေးအဖမ်းခံလိုက်တယ်။

တသက်လုံး တလျှောက်လုံး အဆဲခံ အနှိမ်ခံ ကိုအုန်းသွင် က ကြိုးပေးသတ်ခံရခါနီးမှာ စာရေးဆရာမောင်နေဝင်း နဲ့ တွေ့တော့ သူ့အဖြစ်အပျက်ကို ပြောပြရင်း ဒီလိုပြောသွားခဲ့တယ်။

“ကျွန်တော့်ကို ဒီဌာနအုပ်က ဟိုးအရင်ကတည်းက အရက်မူးလာရင် ဆဲနေ ဆိုနေတာပဲ…ဒီတကြိမ်တော့ ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိဘူးတဲ့….သူ့ကို ရက်ရက်စက်စက်လုပ်လိုက်ရလို့..ကျွန်တော် သေရမှာလည်း မကြောက်တော့ဘူး” တဲ့။

မောင်နေဝင်းရဲ့ နရသိန်စာအုပ်ထဲ အဲ့ဒီအကြောင်းဖတ်ရတဲ့အခါ…ကိုအုန်းသွင် ဘာဖြစ်သွားတာလဲဆိုတာ…ကို…လက်ရှိ ခေတ် လက်ရှိအခင်းအကျင်းမှာ ရှိနေတဲ့ ကျွန်တော်က ချက်ချင်းသဘောပေါက်လိုက်တယ်။

နှစ်ပေါင်းများစွာ အခွင့်အရေးတွေ ဆုံးရှုံးရ၊ အဆင်မပြေမှုတွေရင်ဆိုင်ရ၊ နိုင်ထက်စီးနင်းပြုကျင့်မှုတွေကို သည်းညည်းခံလာရသမျှ ကာလံ၊ ဒေသံ တိုက်ဆိုင်လာတဲ့အခါ…ကိုအုန်းသွင်ရဲ့ စိတ်ဟာ…သူ့အပေါ် နိုင်ထက်စီးနင်းလုပ်တဲ့ အနီးဆုံးသူကို…အဆုံးစွန်းထိ ရုန်းကန်တိုက်ခိုက်ပြလိုက်တာပါပဲ။

တသက်လုံး ငါလုပ်သမျှ ဒီကောင်တွေခံရမှာပါလို့ ထင်နေတဲ့ ဌာနအုပ်လို ထင်တလုံးနဲ့ ကောင်ကတော့…ပွဲသိမ်းသွားတာပေါ့။

Khet Zaw

Leave a Reply

Your email address will not be published.