ေလးမ်က္ႏွာၿမိဳ႕နယ္တြင္ စစ္ေကာင္စီက ဗိုလ္အဆင့္အရာရွိအား ရဲတဦးက ဆိုင္ကယ္နဲ႔ တိုက္သတ္
မင္းျမတ္ေမာင္/ဧရာ၀တီတိုင္းမ္
ေလးမ်က္ႏွာ၊ ေဖေဖာ္ဝါရီ ၆ ရက္
ဧရာဝတီတိုင္း၊ ေလးမ်က္ႏွာၿမိဳ႕နယ္မွာ ဇန္နဝါရီလ ၃၁ ရက္ေန႔ ညပိုင္းက စစ္ေကာင္စီက ဗိုလ္အဆင့္ အရာရွိဦးကို ရဲတဦးက ဆိုင္ကယ္နဲ႔ တိုက္သတ္ခဲ့တယ္လို႔ သိရပါတယ္။


စစ္ေကာင္စီတပ္သားေတြနဲ႔ ပ်ဴေစာထီးေတြ ပူးေပါင္းကင္းလွည့္ေနခ်ိန္မွာ ရဲတဦး ဆိုင္ကယ္ကို အရွိန္ျပင္းျပင္း ေမာင္းၿပီး ဝင္တိုက္ခဲ့တာေၾကာင့္ စစ္ဗိုလ္တဦး ေနရာမွာတင္ေသဆုံးခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။


“ ဦးသိသေလာက္က ေသသြားတာ မွန္တယ္ တိုက္သတ္တာ ဟုတ္ မဟုတ္ေတာ့ မေျပာတက္ဘူး ၿပီးေတာ့ အဆင့္လည္း ေသခ်ာမသိဘူး စစ္သားတစ္ေယာက္ေသသြားတယ္ ၿပီးေတာ့ တိုက္တဲ့ရဲက သတိမရေသးဘူး”လို႔ ေဒသခံတဦးက ေျပာပါတယ္။


စစ္ေကာင္စီတပ္က ဗိုလ္အဆင့္အရာရွိတဦးကို ဆိုင္ကယ္နဲ႔ဝင္တိုက္ခဲ့တဲ့ ရဲကေတာ့ မ်က္လုံးတဖက္ကၽြတ္ သြားၿပီး ေဆးကုသမႈခံယူေနသလို ခုခ်ိန္ထိ သတိျပန္မရေသးဘူးလို႔ ဆိုပါတယ္။


အဆိုပါရဲဝန္ထမ္း သတိျပန္ရလာရင္ ရဲတပ္ဖြဲ႕က စုံခုံဖြဲ႕စစ္ေဆးသြားမွာျဖစ္ၿပီး ရဲစည္းကမ္းအရအေရးယူသြားဖို႔ စီစဥ္ေနတယ္လို႔ လုံျခဳံေရးအရ အမည္မေဖာ္လို႔တဲ့ ရဲဝန္ထမ္းတဦးက ေျပာဆိုပါတယ္။

လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီက ဗိုလ်အဆင့်အရာရှိအား ရဲတဦးက ဆိုင်ကယ်နဲ့ တိုက်သတ်
မင်းမြတ်မောင်/ဧရာ၀တီတိုင်းမ်
လေးမျက်နှာ၊ ဖေဖော်ဝါရီ ၆ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ဗိုလ်အဆင့် အရာရှိဦးကို ရဲတဦးက ဆိုင်ကယ်နဲ့ တိုက်သတ်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းကင်းလှည့်နေချိန်မှာ ရဲတဦး ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းပြီး ဝင်တိုက်ခဲ့တာကြောင့် စစ်ဗိုလ်တဦး နေရာမှာတင်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။


“ ဦးသိသလောက်က သေသွားတာ မှန်တယ် တိုက်သတ်တာ ဟုတ် မဟုတ်တော့ မပြောတက်ဘူး ပြီးတော့ အဆင့်လည်း သေချာမသိဘူး စစ်သားတစ်ယောက်သေသွားတယ် ပြီးတော့ တိုက်တဲ့ရဲက သတိမရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဗိုလ်အဆင့်အရာရှိတဦးကို ဆိုင်ကယ်နဲ့ဝင်တိုက်ခဲ့တဲ့ ရဲကတော့ မျက်လုံးတဖက်ကျွတ် သွားပြီး ဆေးကုသမှုခံယူနေသလို ခုချိန်ထိ သတိပြန်မရသေးဘူးလို့ ဆိုပါတယ်။


အဆိုပါရဲဝန်ထမ်း သတိပြန်ရလာရင် ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးသွားမှာဖြစ်ပြီး ရဲစည်းကမ်းအရအရေးယူသွားဖို့ စီစဉ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ရဲဝန်ထမ်းတဦးက ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published.