နိုင်ငံကျော် မင်းသားချော အကယ်ဒမီနေတိုးကတော့ ဒီကနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာပဲ သူ့ရဲ့ငယ်ရည်းစား မာန်အောင်ကျွန်းသူလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။

နေတိုးကတော့ လူပျိုကြီးအဖြစ်ပဲနေသွားတော့မှာလို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ပေမယ့် သူရည်ရွယ်ထားတဲ့ ချစ်သူလေးက ရှိနှင့်နေပြီးသားဖြစ်ပြီး ဒီကနေ့မှာတော့ လက်ထပ်သွားခဲ့ပြီဖြစ်ပါတယ်။

နေတိုးရဲ့ မင်္ဂလာပွဲကို နှစ်ဖက်မိသားစုမိတ်ဆွေတွေနဲ့ နေတိုးရဲ့ အနုပညာအသိုင်းအဝိုင်းက ခင်မင်ရင်းနှီးသူတွေများစွာလည်း တက်ရောက်ခဲ့ပါတယ်။

အထူးသဖြင့် နေတိုးတို့ ရခိုင်ဇာတိက အနုပညာရှင်တွေဖြစ်တဲ့ နေထက်လင်း၊ ညီမင်းခိုင်၊ ဘုန်းလျှံ စတဲ့ အနုပညာရှင်တွေတက်ရောက်ခဲ့သလို နှင်းဆီအဖွဲ့သားတွေဖြစ်ကြတဲ့ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

နေတိုးရဲ့ မင်္ဂလာပွဲကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေလျက်ရှိပြီး တချို့သော ပရိသတ်တွေကလည်း နေတိုးရဲ့ မင်္ဂလာသတင်းအတွက် နှမြောတသဖြစ်နေကြတာပဲဖြစ်ပါတယ်။

crd






Leave a Reply

Your email address will not be published.