ကနီတွင် တိုက်ပွဲပြင်းထန်ပြီး စစ်​ကောင်စီတပ်သား ၂၅ဦး​သေဆုံး

▪️ပြည်သူ့ရဲ​ဘော် သုံးဦးကျဆုံးပြီး ၁၀ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ဝင်မနားနယ်မြေရဲစခန်းနှင့် ဝင်မနား (အ.ထ.က)ကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဝင်​ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ယနေ့(ဖေဖော်ဝါရီ ၅)ရက်တွင် ထုတ်ပြန် သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်)ည ၁၀နာရီခွဲက စတင်ခဲ့သည့် ထိုတိုက်ပွဲ၌ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်

“စခ ရခ များ နေသော ဝင်မနားနယ်မြေရဲစခန်း ပျက်ဆီးမှု့များပြားခဲ့ပြီး စခ ရခ မုန့်ဟင်းခါး (၂၅) ပွဲ ထွက်ခဲ့ကာ ဒဏ်ရာရ မုန့်ဟင်းခါး ပွဲအရေအတွက်များစွာရှိ”ဟု ကနီ PDFက ဆိုသည်။

ကနီ PDFနှင့်အတူ ၊ M&K The Boys၊ ဒီပဲယင်း PDF ၊ ၊ ရွှေတြိဂံတပ်ရင်း ၊ဒေသတွင်းမဟာမိတ်ညီနောင်များ ၊ မဟာမိတ်ညီနောင် EAOများနှင့် ဒေသခံ ပ.က.ဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ ဘေးမှ လွတ်ကင်းရန်အတွက်သတိ ဝီရိယဖြင့် နေထိုင်ရန်နှင့် အရေးတော်ပုံ အမြန်အောင်မြင်ရန်အတွက် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများအနေနှင့် နိုင်ရာထောင့်မှ ပါဝင်ကူညီကြပါရန် ကနီPDFက တိုက်တွန်းသည်။

ကနီတြင္ တိုက္ပြဲျပင္းထန္ၿပီး စစ္​ေကာင္စီတပ္သား ၂၅ဦး​ေသဆုံး

▪️ျပည္သူ႔ရဲ​ေဘာ္ သုံးဦးက်ဆုံးၿပီး ၁၀ဦးဒဏ္ရာရ

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ရွိ ဝင္မနားနယ္ေျမရဲစခန္းႏွင့္ ဝင္မနား (အ.ထ.က)ေက်ာင္း၌ တပ္စြဲထားသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ကို ျပည္သူ႔ကာကြယ္ေရးမဟာမိတ္တပ္ဖြဲ႕မ်ားဝင္​ေရာက္တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၂၅ဦးေသဆုံးေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(ကနီၿမိဳ႕နယ္)က ယေန႔(ေဖေဖာ္ဝါရီ ၅)ရက္တြင္ ထုတ္ျပန္ သည္

ယမန္ေန႔ (ေဖေဖာ္ဝါရီ ၄ ရက္)ည ၁၀နာရီခြဲက စတင္ခဲ့သည့္ ထိုတိုက္ပြဲ၌ ေတာ္လွန္ေရးရဲေဘာ္ သုံးဦးက်ဆုံးခဲ့ၿပီး ၁၀ဦး ဒဏ္ရာရရွိခဲ့သည္။

စခ ရခ မ်ား ေနေသာ ဝင္မနားနယ္ေျမရဲစခန္း ပ်က္ဆီးမႈ႔မ်ားျပားခဲ့ၿပီး စခ ရခ မုန္႔ဟင္းခါး (၂၅) ပြဲ ထြက္ခဲ့ကာ ဒဏ္ရာရ မုန္႔ဟင္းခါး ပြဲအေရအတြက္မ်ားစြာရွိ”ဟု ကနီ PDFက ဆိုသည္

ကနီ PDFႏွင့္အတူ ၊ M&K The Boys၊ ဒီပဲယင္း PDF ၊ ၊ ေရႊႀတိဂံတပ္ရင္း ၊ေဒသတြင္းမဟာမိတ္ညီေနာင္မ်ား ၊ မဟာမိတ္ညီေနာင္ EAOမ်ားႏွင့္ ေဒသခံ ပ.က.ဖအဖြဲ႕မ်ား ပူးေပါင္းတိုက္ခိုက္ခဲ့သည္

ျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီ ၏ ေဘးမွ လြတ္ကင္းရန္အတြက္သတိ ဝီရိယျဖင့္ ေနထိုင္ရန္ႏွင့္ အေရးေတာ္ပုံ အျမန္ေအာင္ျမင္ရန္အတြက္ ျပည္သူ႔လက္နက္ကိုင္ေတာ္လွန္ေရးတြင္ ျပည္သူမ်ားအေနႏွင့္ နိုင္ရာေထာင့္မွ ပါဝင္ကူညီၾကပါရန္ ကနီPDFက တိုက္တြန္းသည္

 

Leave a Reply

Your email address will not be published.