





credit#

ဗိုလ်ရှုသဘင်အတွက် အိန္ဒိယက မြင်းများသယ်လာသော စစ်ကောင်စီတပ် ယာဉ်တန်းကို မဟာမိတ် ၅ ဖွဲ့ မိုင်းဆွဲခိုက်

ဗိုလ်ရှုသဘင်အတွက် အိန္ဒိယက မြင်းများသယ်လာသော စစ်ကောင်စီတပ် ယာဉ်တန်းကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် မြင်းမူ PDF အပါအဝင် မဟာမိတ် ၅ ဖွဲ့က မိုင်းဆွဲခိုက်ခဲ့သည်။

စစ်ကား အစီး ၁၀၀ ကျော်ပါသော အဆိုပါယာဉ်သည် ချောင်းဦးအရောက်၌ ကားအစီး ၃၀ ဖြင့် ရှေ့ပြေးခွဲထွက်လာခဲ့ရာ ထီးဆောင်းနှင့် မူးဝရွာကြားတွင် မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

People’s Defence Force Myinmu MMU PDF ၊ Myin Mu Defence Force MMDF ၊ Black Eagel Defence Force MMU ၊

မြင်းမူ လျှပ်စစီးပျောက်ကျားတပ်ဖွဲ့ ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM ညီနောင်မဟာမိတ် ၅ ဖွဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

credit#

Leave a Reply

Your email address will not be published.