ပြည်ခိုင်ဖြိုးပါတီသည် ကိုယ့်မထောက်ခံလို့ သတ်ဖြတ်မီးရှို့ဖျက်ဆီးတတ်သည့် ပါတီမဟုတ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောဆို

ပြည်ခိုင်ဖြိုးပါတီသည် ကိုယ့်မထောက်ခံလို့ သတ်ဖြတ်မီးရှို့ဖျက်ဆီးတတ်သည့်ပါတီမဟုတ်ကြောင်း ပြည်ခိုင်ဖြိုး

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဖေဖော်ဝါရီ ၁ ရက်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပါတီဝင်အဆိုပြုလွှာ ခန့်အပ်ပွဲတွင် ပြောကြားခဲ့သည်။

“သူတို့ ယုံကြည်တာက ပြည်ခိုင်ဖြိုးမှာ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ခိုင်မာတဲ့မူဝါဒရှိတယ်။ ကိုယ့်မ ထောက်ခံလို့ သတ်ဖြတ်မီးရှို့ဖျက်ဆီးတတ်တဲ့ပါတီမဟုတ်ဘူး။

အကြမ်းဖက်ကိုမွေးထုတ်ပြီး လူထုကိုခြောက် ခြားအောင်မလုပ်ဘူး။

မြန်မာပြည်အလုံးစုံပျက်သုဉ်းရေးလုပ်တာ ပြည်ခိုင်ဖြိုးကမဟုတ်ဘူး” လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

“အစိုးရဖြစ်ချိန်တွင် ပြည်သူ့အတွက် တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားဖွံ့ဖြိုးမှုကို ဖန်တီးသည့်ပါတီဖြစ်သလို အာ ဏာမဲ့ ပြိုင်ဖက်ပါတီဘဝမှာ ဥပဒေနှင့်အညီ လှုပ်ရှားရင်းအာဏာအလွဲသုံးသူ ချိုးဖေါက်သူများကိုထောက်ပြပြီး ငြင်းမရအောင် မှတ်တမ်းပြုခဲ့တဲ့ပါတီဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောသည်။

“ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြည်ခိုင်ဖြိုးပါတီဝင်လောင်း (၇၀၀) နီးပါး ပါတီဝင်ရန် အဆိုပြုလာ ကြောင်း၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု ရာနှုန်းပြည့်မရသေးကြောင်း၊

အရေးပေါ်ကာလကို သက် တမ်းတိုးရသည့်အခြေအနေအတွင်း စိတ်ချလက်ချအားထားယုံကြည်မှုအပြည့်နှင့် လက်တွဲလာသူများကို လှိုက် လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း” ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ တပ်မတော်ထောက် ခံသူများ၊ သံဃာတော်များ လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

credit

ျပည္ခိုင္ၿဖိဳးပါတီသည္ ကိုယ့္မေထာက္ခံလို႔ သတ္ျဖတ္မီးရွို႔ဖ်က္ဆီးတတ္သည့္ ပါတီမဟုတ္ေၾကာင္း ျပည္ခိုင္ၿဖိဳး ပါတီဥကၠ႒ ဦးသန္းေဌးေျပာဆို

ျပည္ခိုင္ၿဖိဳးပါတီသည္ ကိုယ့္မေထာက္ခံလို႔ သတ္ျဖတ္မီးရွို႔ဖ်က္ဆီးတတ္သည့္ပါတီမဟုတ္ေၾကာင္း ျပည္ခိုင္ၿဖိဳး

ပါတီဥကၠ႒ ဦးသန္းေဌးက ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ေနျပည္ေတာ္၌ က်င္းပျပဳလုပ္ခဲ့သည့္ ပါတီဝင္အဆိုျပဳလႊာ ခန႔္အပ္ပြဲတြင္ ေျပာၾကားခဲ့သည္။

“သူတို႔ ယုံၾကည္တာက ျပည္ခိုင္ၿဖိဳးမွာ တိုင္းျပည္နဲ႔ လူမ်ိဳးအက်ိဳးအတြက္ ခိုင္မာတဲ့မူဝါဒရွိတယ္။ ကိုယ့္မ ေထာက္ခံလို႔ သတ္ျဖတ္မီးရွို႔ဖ်က္ဆီးတတ္တဲ့ပါတီမဟုတ္ဘူး။

အၾကမ္းဖက္ကိုေမြးထုတ္ၿပီး လူထုကိုေျခာက္ ျခားေအာင္မလုပ္ဘူး။

ျမန္မာျပည္အလုံးစုံပ်က္သုဥ္းေရးလုပ္တာ ျပည္ခိုင္ၿဖိဳးကမဟုတ္ဘူး” လို႔ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

“အစိုးရျဖစ္ခ်ိန္တြင္ ျပည္သူ႔အတြက္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ စီးပြားဖြံ့ၿဖိဳးမႈကို ဖန္တီးသည့္ပါတီျဖစ္သလို အာ ဏာမဲ့ ၿပိဳင္ဖက္ပါတီဘဝမွာ ဥပေဒႏွင့္အညီ လႈပ္ရွားရင္းအာဏာအလြဲသုံးသူ ခ်ိဳးေဖါက္သူမ်ားကိုေထာက္ျပၿပီး ျငင္းမရေအာင္ မွတ္တမ္းျပဳခဲ့တဲ့ပါတီျဖစ္ေၾကာင္း” ၎က ဆက္လက္ေျပာသည္။

“ျပည္ေထာင္စုနယ္ေၿမ ေနျပည္ေတာ္တြင္ ျပည္ခိုင္ၿဖိဳးပါတီဝင္ေလာင္း (၇၀၀) နီးပါး ပါတီဝင္ရန္ အဆိုျပဳလာ ေၾကာင္း၊ ရပ္ရြာေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးမႈ ရာႏႈန္းျပည့္မရေသးေၾကာင္း၊

အေရးေပၚကာလကို သက္ တမ္းတိုးရသည့္အေျခအေနအတြင္း စိတ္ခ်လက္ခ်အားထားယုံၾကည္မႈအျပည့္ႏွင့္ လက္တြဲလာသူမ်ားကို လွိုက္ လွဲေႏြးေထြးစြာ ႀကိဳဆိုခဲ့ေၾကာင္း” ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

လက္ရွိအခ်ိန္၌ တိုင္းေဒသႀကီး/ျပည္နယ္မ်ား၌ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ား၊ နိုင္ငံဝန္ထမ္းမ်ား၊ တပ္မေတာ္ေထာက္ ခံသူမ်ား၊ သံဃာေတာ္မ်ား လုပ္ႀကံသတ္ျဖတ္ျခင္းခံရမႈမ်ား ျဖစ္ေပၚလ်က္ရွိေနသည္။

credit

Leave a Reply

Your email address will not be published.