“ကျနော်ကတော့ ဒါရောဆို NUG ငွေတိုက်စာချုပ်ကို ၃ ခါ ဝယ်ပြီးပြီဗျို့။ အရင် ၂ ခါက တော့ ဒေါ်လာတစ်ရာတန်တွေ။ အခုဟာကတော့ မိတ်ဆွေတစ်ဦးကနေ ဝယ်ပေးတာ၊ ဒေါ် လာ ၅၀၀ ဖိုး။

အခု NUG ငွေတိုက်စာချုပ်‌တွေက ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန် ဆိုပြီး အစားစား ရှိပါတယ်။ ဒီလိုလေး လုပ်ပေးထားတော့ ကျနော်တို့လို လူလတ်တန်း စားနဲ့ သာမန်ပြည်သူအများလည်း ဝယ်ယူနိုင်ကြတာပေါ့ဗျာ။”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က စတင်ကာ ရောင်းချနေတာဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒေါက်တာ တေဇာဆန်းက “ကျနော်တို့ မြင်လိုတဲ့ အောင်ပွဲကို အမြန်ဆုံးရရှိဖို့က အရင်း အမြစ်များ (Resources) ကို လိုတဲ့အချိန်မှာ လိုတဲ့နေရာကို လိုသလောက် ပံ့ပိုးထောက်ပံ့ ပေးနိုင်ဖို့က အသက်ပါပဲ။ အဲ့ဒီ အရင်းအမြစ် ပစ္စည်းပစ္စယများ အားလုံးကို ဖန်တီးပေး နိုင်ဖို့က ချုပ်ပြောရရင် “ဘဏ္ဍာရန်ပုံငွေ” (Budget) က ပဓာနပါပဲ။

ငွေရှိရင် ယခုလိုနေ တာ အားလုံးနီးပါးကို ဖန်တီးပေးနိုင်ပါတယ်။ ဘဏ္ဍာရန်ပုံငွေသာ အလုံအလောက် ရှိရင် ယ ခုကြုံတွေ့နေရတဲ့ အခက်အခဲ လိုအပ်ချက် အများစုကို ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ ကောင်းကောင်း နားလည်ထားပါတယ်။

ကျနော်ကတော့ NUG ငွေတိုက်စာချုပ်တွေ နောက်ထပ် ထပ်ဝယ်နိုင်ဖို့လည်း ဆက်ကြိုးစားနေတယ်ဗျို့။ ကိုယ့်လူတွေလည်း နိုင်သလောက် ဝယ်ကြစေချင်တယ်ဗျာ။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို မြန်မာပြည်သူတရပ်လုံးက ဆန့် ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၁ နှစ်ကျော်လာခဲ့ပြီဖြစ်ကာ အားလုံးက ကျရာနေရာကနေ တတပ်တအားနဲ့ ပါဝင်နေကြတာ ဖြစ်ပါတယ်။

“က်ေနာ္ကေတာ့ ဒါေရာဆို NUG ေငြတိုက္စာခ်ဳပ္ကို ၃ ခါ ဝယ္ၿပီးၿပီဗ်ိဳ႕။ အရင္ ၂ ခါက ေတာ့ ေဒၚလာတစ္ရာတန္ေတြ။ အခုဟာကေတာ့ မိတ္ေဆြတစ္ဦးကေန ဝယ္ေပးတာ၊ ေဒၚ လာ ၅၀၀ ဖိုး။

အခု NUG ေငြတိုက္စာခ်ဳပ္‌ေတြက ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန္ ဆိုၿပီး အစားစား ရွိပါတယ္။ ဒီလိုေလး လုပ္ေပးထားေတာ့ က်ေနာ္တို႔လို လူလတ္တန္း စားနဲ႔ သာမန္ျပည္သူအမ်ားလည္း ဝယ္ယူနိုင္ၾကတာေပါ့ဗ်ာ။”

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)၊ စီမံကိန္းဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာန က အထူးေငြတိုက္စာခ်ဳပ္ေတြကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာ ၂၂ ရက္က စတင္ကာ ေရာင္းခ်ေနတာျဖစ္ပါတယ္။

အခုလို အထူးေငြတိုက္စာခ်ဳပ္ေတြကို ေတာ္လွန္ေရးအစိုးရတရပ္က အတိုးမဲ့ ထုတ္ေဝ ေရာင္းခ်တာဟာ ကမၻာ့သမိုင္းမွာေတာ့ ပထမဆုံးအႀကိမ္ျဖစ္လာခဲ့ၿပီး ဖက္ဒရယ္ဒီမိုကေရ စီစနစ္ကို လိုလားတဲ့ ျမန္မာျပည္သူေတြက စစ္အာဏာရွင္ကို အဆုံးစြန္ ဆန႔္က်င္အာခံ ေတာ္လွန္ခဲ့တဲ့ သမိုင္းေမာ္ကြန္းအျဖစ္ ခမ္းနားစြာထင္ရွား က်န္ရစ္ခဲ့မွာျဖစ္တယ္လို႔ ဆိုပါ တယ္။

ေဒါက္တာ ေတဇာဆန္းက “က်ေနာ္တို႔ ျမင္လိုတဲ့ ေအာင္ပြဲကို အျမန္ဆုံးရရွိဖို႔က အရင္း အျမစ္မ်ား (Resources) ကို လိုတဲ့အခ်ိန္မွာ လိုတဲ့ေနရာကို လိုသေလာက္ ပံ့ပိုးေထာက္ပံ့ ေပးနိုင္ဖို႔က အသက္ပါပဲ။ အဲ့ဒီ အရင္းအျမစ္ ပစၥည္းပစၥယမ်ား အားလုံးကို ဖန္တီးေပး နိုင္ဖို႔က ခ်ဳပ္ေျပာရရင္ “ဘ႑ာရန္ပုံေငြ” (Budget) က ပဓာနပါပဲ။

ေငြရွိရင္ ယခုလိုေန တာ အားလုံးနီးပါးကို ဖန္တီးေပးနိုင္ပါတယ္။ ဘ႑ာရန္ပုံေငြသာ အလုံအေလာက္ ရွိရင္ ယ ခုၾကဳံေတြ႕ေနရတဲ့ အခက္အခဲ လိုအပ္ခ်က္ အမ်ားစုကို ေျဖရွင္းေပးနိုင္မယ္လို႔ က်ေနာ္တို႔ ေကာင္းေကာင္း နားလည္ထားပါတယ္။

က်ေနာ္ကေတာ့ NUG ေငြတိုက္စာခ်ဳပ္ေတြ ေနာက္ထပ္ ထပ္ဝယ္နိုင္ဖို႔လည္း ဆက္ႀကိဳးစားေနတယ္ဗ်ိဳ႕။ ကိုယ့္လူေတြလည္း နိုင္သေလာက္ ဝယ္ၾကေစခ်င္တယ္ဗ်ာ။”လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ အၾကမ္းဖက္အာဏာသိမ္းစစ္အုပ္စုကို ျမန္မာျပည္သူတရပ္လုံးက ဆန႔္ က်င္ေတာ္လွန္ခဲ့ၾကတဲ့ ေႏြဦးေတာ္လွန္ေရးဟာ ၁ ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ကာ အားလုံးက က်ရာေနရာကေန တတပ္တအားနဲ႔ ပါဝင္ေနၾကတာ ျဖစ္ပါတယ္။

 

Leave a Reply

Your email address will not be published.