ခေါင်းဆောင်ပီသတဲ့ ဗိုလ်နဂါးရဲ့

မအလ စစ်သည်များသို့ အမှာစကား

ရဲဘော်တို့…..ရဲဘော်တို့ဟာ လာရာလမ်းတိုင်း ပန်းတွေခင်းပြီး ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ကြိုဆိုခံရမယ့်သူတွေဖြစ်သင့်ပါလျှက်

အခုဟာဖြင့်ဒေဝဒတ်ကိုမှ ဆရာတင်မိတဲ့ အဇာတသတ်လို ကိုယ့်ရဲ့မိဘပြည်သူကိုပြန်သတ် လူယုတ်မာဇာတ်သာ ကနေကြရတယ်….ပြည်သူနဲ့ဆက်ဆံရေးမှာ ကိုယ်ဘယ်နေရာထိ နိမ့်ကျနေပြီဆိုတာ မသိနိုင်လောက်အောင် ရဲဘော်တို့ဟာ အသိမနည်းကြပါဘူး

သတိမထားပဲ မေ့မေ့လျော့လျော့လုပ်ဆောင်နေမိတာလို့ပဲမြင်ပါတယ်…..

နိုင်ငံတော်တည်ငြိမ်ရေးလို့ပါးစပ်ကဆိုပြီး ကိုယ်ကိုယ်တိုင်က ပြည်သူနဲ့ ရန်သတ်နေမှတော့ ဒီတိုင်းပြည်ကလည်း ပျက်ဖို့သာရှိပါတော့မယ်…..

တကယ်သာ ပြည်သူ့သားကောင်းပီပီ ဇာနည်ရဲဘော်အဖြစ်ခံယူလိုပါက ပူဆွေးငိုကြွေးနေကြရပြီဖြစ်တဲ့ ပြည်သူတွေရဲ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့

သူရဲကောင်းဆန်တဲ့လက်တွေနဲ့ သုတ်ပေးဖို့ ရဲရဲဆုံးဖြတ်ပြီး လူယုတ်မာတစုအောက်ကထွက် ပြည်သူ့ဘက်ကို ရဲရဲရပ်တည်လာခဲ့ပေးကြပါ……

တတိုင်းပြည်လုံး အုံးအုံးကျက်ကျက် လက်ခုပ်လက်ဝါးတီး ရဲဘော်တို့လာတဲ့လမ်းမှာပန်းတွေခင်းပြီး ပျောက်နေတဲ့သားသမီးတွေကို

ပြန်တွေ့ကြရရှာသလို ဝမ်းသာလွန်းလို့ကျလာတဲ့မျက်ရည်တွေနဲ့ ပြည်သူတွေဟာ ဖက်လှဲတကင်း ကြိုဆိုကြမှာအသေအချာပါ……အဲဒီကျရင် ပြည်သူတွေဟာ လူယုတ်မာကိုယ်ကျိုးသမားခေါင်းဆောင်တွေကိုသာ စပ်ဆုတ်ရွံရှာမုန်းတီးကြတာဖြစ်ပြီး ရဲဘော်တို့ကိုတော့

ဘယ်လောက်တောင်ချစ်ရှာကြလဲ ဘယ်လောက်တောင်အားကိုးနေကြရှာလဲဆိုတာ ရဲဘော်တို့မြင်ရမှာပါ…..

ပြည်သူ့ရဲ့ရန်သူဘဝကို ငြီးငွေ့ကြပါတော့ရဲဘော်တို့အပေါ်တင်မက ဇနီးချင်းအတူတူ သားသမီးချင်းအတူတူ လိုတာထက်ပိုပြီးအခွင့်အရေးယူ နိုင်ထက်စီးနင်းပြုလေ့ရှိသူ

တရားမျှတမှုကင်းတဲ့တဲ့ လူမိုက်ခေါင်းဆောင်တွေလက်တွင်းက အခုချက်ခြင်းပဲ ရုန်းထွက်ခဲ့ကြပါတော့…..

ရဲရဲဆုံးဖြတ်ပါ သဘာဝကပြည်စုံကြွယ်ဝပါလျှက် သူများနိုင်ငံကျွန်ခံထွက် ငတ်ပြတ်ပေတေနေတဲ့ပြည်သူတွေနဲ့ ခြင်းကြားလွယ်နေရတဲ့ ရဲဘော်တွေ

ရဲ့ဘဝကိုမှမငဲ့ကွက် ၊ မျက်နှာပြောင်တိုက်ပြီး လူချမ်းသာကြီးတွေလုပ်ပြနေကြတဲ့ တကိုယ်ကောင်းသမား အဓမ္မသမားခေါင်းဆောင်တွေအောက်ကထွက်ပြီး ပြည်သူတွေဘက်ကိုရဲရဲဝံ့ဝံ့ရပ်ကြည့်လိုက်စမ်းပါ…..

ရဲဘော်တို့ရဲ့အတ္တသမားခေါင်းဆောင်တွေဟာ အမဲလိုက်မုဆိုးက သူ့မိသားစုအကျိူးစီးပွားအတွက် အမဲလိုက်ခွေးတွေကိုမွေးထားသလို ရဲဘော်တို့ကိုသဘောထားခဲ့တာ……

သိသာစေချင်လို့ပြောတာကို ရိုင်းပြတယ်မမှတ်ယူစေချင်ပါဘူး ရဲဘော်တို့သာပြည်သူနဲ့ပူးပေါင်လာရင် ပြည်သူတွေတိုင်းက ကိုယ့်ရင်ကမွေး ကိုယ်ရဲ့သွေးလို သားကောင်းသမီးကောင်းဇာနည်များအဖြစ် ချစ်ခင်လေးစားတန်ဖိုးထားပေးကြပါလိမ့်မယ်……

ဘာကိုမှမကြောက်နဲ့ ဘာလက်နက်မှမရှိတဲ့ပြည်သူတွေတောင် နာကျည်းလွန်းရာက သတ္တိတွေမွေး ပြန်ခုခံရဲနေကြပြီပဲ

ရဲဘော်တို့က ရဲဘော်တို့အားနဲ့ သူတို့ကိုဝန်းရံပြီး ကိုယ့်အင်အားနဲ့ကိုယ် ပြန်ကြောက်မနေကြပါနဲ့တော့ ရဲဘော်တို့မရှိရင် သူတို့အင်အားဆိုတာလည်းနတ်ထိပဲ……

မိုက်မဲတဲ့ခေါင်းဆောင်တွေမရှိတော့ရင် ရဲဘော်တို့ဘဝတွေလည်း ဘယ်နေ့သေမလဲ ဘယ်နေ့ချစ်ရတဲ့ သမီးသားနဲ့ ဇနီးမယား မိသားစုကိုခွဲခွာထားခဲ့ရမလဲမသိတဲ့ အဓိပ်ပါယျမဲ့တိုကျပှဲတှကေနေ ငြိမ်းအေးသက်သာသွားလိမ့်မယ်…..

မလိုအပ်ပဲ ကျိုးကန်းသေကြေပြီး ပင်ပန်းနေရကြတဲ့တိုက်ပွဲတွေဟာ အလိုလိုရပ်တန့်သွားကြပါလိမ့်မယ်……

ရဲဘော်တို့ဟာ ပြည်သူတွေနဲ့ပေါင်းပြီး ဒီတိုင်းပြည်ကိုကယ်ဖို့အချိန်ကောင်းဖြစ်နေပြီ…..

ဖုတ်ကောင်တွေလိုမျိုး အုပ်ချုပ်သူတွေလက်ကနေ မျက်ရည်တွေနဲ့နေ့စဉ်စိုးရိမ်ပူဆွေးနေကြရတဲ့ ပြည်သူတွေကို ရဲဘော်တို့ကယ်ပေးပါ ……

ခြင်းကြားတောင်းတွေလွယ်ပြီး အနယ်နယ်အရပ်ရပ်ပြည်သူနဲ့သာ ရန်ပတ်ဖြစ်နေရတဲ့ တပ်မတော်ကိုဂုဏ်သိက္ခာရှိတဲ့ ကမ္ဘာ့အဆင့်မှီ

ပြည်ချစ်တပ်မတော်ကြီးပြန်ဖြစ်ဖို့ ရဲဘော်တို့ကိုယ်တိုင်ပဲ ပြန်ကယ်ပေးကြပါ……

လွတ်မြောက်သွားပြီဆိုတဲ့တနေ့ ရဲဘော်တို့ရဲ့ကျေးဇူးကို ကမ္တာတည်သရွေ့ ပြည်သူတွေကမမေ့အောင် ပြောင်မြောက်တဲ့ အာဇာနည်မော်ကွန်းမှာ သူရဲကောင်းတွေအဖြစ်ရေးထွင်းမယ်……

အနယ်နယ်အရပ်ရပ်မှာ တပ်နဲ့ပြည်သူရဲ့ ကြည်ဖြူတဲ့ပွဲတွေနဲ့ခြိမ်ခြိမ့်သဲအောင်နွှဲကြမယ်…..

အဲဒီကျရင် စစ်ပွဲတွေလည်းမရှိတော့ပဲ ရဲဘော်တို့ဟာ ပြည်သူတွေကြားထဲ သားတွေသမီးတွေလက်ဆွဲပြီး ပြုံးပြုံးရွှင်ရွှင်ပဲ ဖြတ်သန်းသွားလာနိုင်ကြမယ်……

တကယ်တော့တိုင်းပြည်ရဲ့အသက်ဟာ ရဲဘော်တို့လက်မှာရှိတယ် ရဲဘော်တို့ဟာ တိုင်းပြည်ရဲ့အသက် တိုင်းပြည်ရဲ့တန်ဖိုးလို့ပြောလို့ရတယ် ကိုယ့်တန်ဖိုးကိုယ်သိပြီး တန်ဖိုးရှိအောင်ကြိုးစားကြပါ……

အချုပ်ပြောရရင် ကိုယ့်မိဘကိုပြန်သတ် အဇာတသတ်လက်သစ် တပ်မတော်သားတွေအဖြစ်ကရုန်းထွက်ဖို့…..စိုးရိမ်ပူဆွေးမှုတွေပြည့်နှက်နေတဲ့
ပြည်သူ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့သူရဲကောင်းဆန်တဲ့လက်တွေနဲ့ သုတ်ပေးနိုင်ဖို့…..

အသက်တွေဘဝတွေကို မလိုအပ်ပဲပေးနေရတဲ့ အဓိပ်ပါယျမဲ့ စစ်ပွဲတွေအေးသွားဖို့…..သမိုင်းမော်ကွန်းမှာ တိုင်းပြည်ကိုကယ်တင်ခဲ့ကြတဲ့ သားကောင်းဇာနည်ဘာမထီမျိုးလို့ ပီပီသသရေးထိုးနိုင်ကြဖို့အတွက် ရဲရဲဝံ့ဝံ့ပဲပြည်သူနဲ့အတူရပ်

ရဲဘော်တို့ရဲ့သေနတ်တွေကို အတ္တသမားခေါင်းဆောင်တွေဘက် ပြန်လှည့်လိုက်ပါ……

မကြာခင်ပဲပြည်တွင်းစစ်တွေအဆုံးသတ် အားလုံးလည်း လွတ်လပ်ငြိမ်းချမ်းသွားပါလိမ့်မယ်…..

#ဗိုလ်နဂါး

#မြန်မာ့တော်ဝင်နဂါးတပ်တော်

Crd##

ေခါင္းေဆာင္ပီသတဲ့ ဗိုလ္နဂါးရဲ့

မအလ စစ္သည္မ်ားသို႔ အမွာစကား

ရဲေဘာ္တို႔…..ရဲေဘာ္တို႔ဟာ လာရာလမ္းတိုင္း ပန္းေတြခင္းၿပီး ျပည္သူေတြရဲ့ခ်စ္ျခင္းေမတၱာနဲ႔ ႀကိဳဆိုခံရမယ့္သူေတြျဖစ္သင့္ပါလၽွက္

အခုဟာျဖင့္ေဒဝဒတ္ကိုမွ ဆရာတင္မိတဲ့ အဇာတသတ္လို ကိုယ့္ရဲ့မိဘျပည္သူကိုျပန္သတ္ လူယုတ္မာဇာတ္သာ ကေနၾကရတယ္….ျပည္သူနဲ႔ဆက္ဆံေရးမွာ ကိုယ္ဘယ္ေနရာထိ နိမ့္က်ေနၿပီဆိုတာ မသိနိုင္ေလာက္ေအာင္ ရဲေဘာ္တို႔ဟာ အသိမနည္းၾကပါဘူး

သတိမထားပဲ ေမ့ေမ့ေလ်ာ့ေလ်ာ့လုပ္ေဆာင္ေနမိတာလို႔ပဲျမင္ပါတယ္…..

နိုင္ငံေတာ္တည္ၿငိမ္ေရးလို႔ပါးစပ္ကဆိုၿပီး ကိုယ္ကိုယ္တိုင္က ျပည္သူနဲ႔ ရန္သတ္ေနမွေတာ့ ဒီတိုင္းျပည္ကလည္း ပ်က္ဖို႔သာရွိပါေတာ့မယ္…..

တကယ္သာ ျပည္သူ႔သားေကာင္းပီပီ ဇာနည္ရဲေဘာ္အျဖစ္ခံယူလိုပါက ပူေဆြးငိုေႂကြးေနၾကရၿပီျဖစ္တဲ့ ျပည္သူေတြရဲ့မ်က္ရည္ေတြကို ရဲေဘာ္တို႔ရဲ့

သူရဲေကာင္းဆန္တဲ့လက္ေတြနဲ႔ သုတ္ေပးဖို႔ ရဲရဲဆုံးျဖတ္ၿပီး လူယုတ္မာတစုေအာက္ကထြက္ ျပည္သူ႔ဘက္ကို ရဲရဲရပ္တည္လာခဲ့ေပးၾကပါ……

တတိုင္းျပည္လုံး အုံးအုံးက်က္က်က္ လက္ခုပ္လက္ဝါးတီး ရဲေဘာ္တို႔လာတဲ့လမ္းမွာပန္းေတြခင္းၿပီး ေပ်ာက္ေနတဲ့သားသမီးေတြကို

ျပန္ေတြ႕ၾကရရွာသလို ဝမ္းသာလြန္းလို႔က်လာတဲ့မ်က္ရည္ေတြနဲ႔ ျပည္သူေတြဟာ ဖက္လွဲတကင္း ႀကိဳဆိုၾကမွာအေသအခ်ာပါ……အဲဒီက်ရင္ ျပည္သူေတြဟာ လူယုတ္မာကိုယ္က်ိဳးသမားေခါင္းေဆာင္ေတြကိုသာ စပ္ဆုတ္ရြံရွာမုန္းတီးၾကတာျဖစ္ၿပီး ရဲေဘာ္တို႔ကိုေတာ့

ဘယ္ေလာက္ေတာင္ခ်စ္ရွာၾကလဲ ဘယ္ေလာက္ေတာင္အားကိုးေနၾကရွာလဲဆိုတာ ရဲေဘာ္တို႔ျမင္ရမွာပါ…..

ျပည္သူ႔ရဲ့ရန္သူဘဝကို ၿငီးေငြ႕ၾကပါေတာ့ရဲေဘာ္တို႔အေပၚတင္မက ဇနီးခ်င္းအတူတူ သားသမီးခ်င္းအတူတူ လိုတာထက္ပိုၿပီးအခြင့္အေရးယူ နိုင္ထက္စီးနင္းျပဳေလ့ရွိသူ

တရားမၽွတမႈကင္းတဲ့တဲ့ လူမိုက္ေခါင္းေဆာင္ေတြလက္တြင္းက အခုခ်က္ျခင္းပဲ ႐ုန္းထြက္ခဲ့ၾကပါေတာ့…..

ရဲရဲဆုံးျဖတ္ပါ သဘာဝကျပည္စုံႂကြယ္ဝပါလၽွက္ သူမ်ားနိုင္ငံကၽြန္ခံထြက္ ငတ္ျပတ္ေပေတေနတဲ့ျပည္သူေတြနဲ႔ ျခင္းၾကားလြယ္ေနရတဲ့ ရဲေဘာ္ေတြ

ရဲ့ဘဝကိုမွမငဲ့ကြက္ ၊ မ်က္ႏွာေျပာင္တိုက္ၿပီး လူခ်မ္းသာႀကီးေတြလုပ္ျပေနၾကတဲ့ တကိုယ္ေကာင္းသမား အဓမၼသမားေခါင္းေဆာင္ေတြေအာက္ကထြက္ၿပီး ျပည္သူေတြဘက္ကိုရဲရဲဝံ့ဝံ့ရပ္ၾကည့္လိုက္စမ္းပါ…..

ရဲေဘာ္တို႔ရဲ့အတၱသမားေခါင္းေဆာင္ေတြဟာ အမဲလိုက္မုဆိုးက သူ႔မိသားစုအက်ိဴးစီးပြားအတြက္ အမဲလိုက္ေခြးေတြကိုေမြးထားသလို ရဲေဘာ္တို႔ကိုသေဘာထားခဲ့တာ……

သိသာေစခ်င္လို႔ေျပာတာကို ရိုင္းျပတယ္မမွတ္ယူေစခ်င္ပါဘူး ရဲေဘာ္တို႔သာျပည္သူနဲ႔ပူးေပါင္လာရင္ ျပည္သူေတြတိုင္းက ကိုယ့္ရင္ကေမြး ကိုယ္ရဲ့ေသြးလို သားေကာင္းသမီးေကာင္းဇာနည္မ်ားအျဖစ္ ခ်စ္ခင္ေလးစားတန္ဖိုးထားေပးၾကပါလိမ့္မယ္……

ဘာကိုမွမေၾကာက္နဲ႔ ဘာလက္နက္မွမရွိတဲ့ျပည္သူေတြေတာင္ နာက်ည္းလြန္းရာက သတၱိေတြေမြး ျပန္ခုခံရဲေနၾကၿပီပဲ

ရဲေဘာ္တို႔က ရဲေဘာ္တို႔အားနဲ႔ သူတို႔ကိုဝန္းရံၿပီး ကိုယ့္အင္အားနဲ႔ကိုယ္ ျပန္ေၾကာက္မေနၾကပါနဲ႔ေတာ့ ရဲေဘာ္တို႔မရွိရင္ သူတို႔အင္အားဆိုတာလည္းနတ္ထိပဲ……

မိုက္မဲတဲ့ေခါင္းေဆာင္ေတြမရွိေတာ့ရင္ ရဲေဘာ္တို႔ဘဝေတြလည္း ဘယ္ေန႔ေသမလဲ ဘယ္ေန႔ခ်စ္ရတဲ့ သမီးသားနဲ႔ ဇနီးမယား မိသားစုကိုခြဲခြာထားခဲ့ရမလဲမသိတဲ့ အဓိပ္ပါယ်မဲ့တိုက်ပွဲတွေကေန ၿငိမ္းေအးသက္သာသြားလိမ့္မယ္…..

မလိုအပ္ပဲ က်ိဳးကန္းေသေၾကၿပီး ပင္ပန္းေနရၾကတဲ့တိုက္ပြဲေတြဟာ အလိုလိုရပ္တန႔္သြားၾကပါလိမ့္မယ္……

ရဲေဘာ္တို႔ဟာ ျပည္သူေတြနဲ႔ေပါင္းၿပီး ဒီတိုင္းျပည္ကိုကယ္ဖို႔အခ်ိန္ေကာင္းျဖစ္ေနၿပီ…..

ဖုတ္ေကာင္ေတြလိုမ်ိဳး အုပ္ခ်ဳပ္သူေတြလက္ကေန မ်က္ရည္ေတြနဲ႔ေန႔စဥ္စိုးရိမ္ပူေဆြးေနၾကရတဲ့ ျပည္သူေတြကို ရဲေဘာ္တို႔ကယ္ေပးပါ ……

ျခင္းၾကားေတာင္းေတြလြယ္ၿပီး အနယ္နယ္အရပ္ရပ္ျပည္သူနဲ႔သာ ရန္ပတ္ျဖစ္ေနရတဲ့ တပ္မေတာ္ကိုဂုဏ္သိကၡာရွိတဲ့ ကမၻာ့အဆင့္မွီ

ျပည္ခ်စ္တပ္မေတာ္ႀကီးျပန္ျဖစ္ဖို႔ ရဲေဘာ္တို႔ကိုယ္တိုင္ပဲ ျပန္ကယ္ေပးၾကပါ……

လြတ္ေျမာက္သြားၿပီဆိုတဲ့တေန႔ ရဲေဘာ္တို႔ရဲ့ေက်းဇူးကို ကမၲာတည္သေရြ႕ ျပည္သူေတြကမေမ့ေအာင္ ေျပာင္ေျမာက္တဲ့ အာဇာနည္ေမာ္ကြန္းမွာ သူရဲေကာင္းေတြအျဖစ္ေရးထြင္းမယ္……

အနယ္နယ္အရပ္ရပ္မွာ တပ္နဲ႔ျပည္သူရဲ့ ၾကည္ျဖဴတဲ့ပြဲေတြနဲ႔ၿခိမ္ၿခိမ့္သဲေအာင္ႏႊဲၾကမယ္…..

အဲဒီက်ရင္ စစ္ပြဲေတြလည္းမရွိေတာ့ပဲ ရဲေဘာ္တို႔ဟာ ျပည္သူေတြၾကားထဲ သားေတြသမီးေတြလက္ဆြဲၿပီး ျပဳံးျပဳံးရႊင္ရႊင္ပဲ ျဖတ္သန္းသြားလာနိုင္ၾကမယ္……

တကယ္ေတာ့တိုင္းျပည္ရဲ့အသက္ဟာ ရဲေဘာ္တို႔လက္မွာရွိတယ္ ရဲေဘာ္တို႔ဟာ တိုင္းျပည္ရဲ့အသက္ တိုင္းျပည္ရဲ့တန္ဖိုးလို႔ေျပာလို႔ရတယ္ ကိုယ့္တန္ဖိုးကိုယ္သိၿပီး တန္ဖိုးရွိေအာင္ႀကိဳးစားၾကပါ……

အခ်ဳပ္ေျပာရရင္ ကိုယ့္မိဘကိုျပန္သတ္ အဇာတသတ္လက္သစ္ တပ္မေတာ္သားေတြအျဖစ္က႐ုန္းထြက္ဖို႔…..စိုးရိမ္ပူေဆြးမႈေတြျပည့္ႏွက္ေနတဲ့
ျပည္သူ႔မ်က္ရည္ေတြကို ရဲေဘာ္တို႔ရဲ့သူရဲေကာင္းဆန္တဲ့လက္ေတြနဲ႔ သုတ္ေပးနိုင္ဖို႔…..

အသက္ေတြဘဝေတြကို မလိုအပ္ပဲေပးေနရတဲ့ အဓိပ္ပါယ်မဲ့ စစ္ပြဲေတြေအးသြားဖို႔…..သမိုင္းေမာ္ကြန္းမွာ တိုင္းျပည္ကိုကယ္တင္ခဲ့ၾကတဲ့ သားေကာင္းဇာနည္ဘာမထီမ်ိဳးလို႔ ပီပီသသေရးထိုးနိုင္ၾကဖို႔အတြက္ ရဲရဲဝံ့ဝံ့ပဲျပည္သူနဲ႔အတူရပ္

ရဲေဘာ္တို႔ရဲ့ေသနတ္ေတြကို အတၱသမားေခါင္းေဆာင္ေတြဘက္ ျပန္လွည့္လိုက္ပါ……

မၾကာခင္ပဲျပည္တြင္းစစ္ေတြအဆုံးသတ္ အားလုံးလည္း လြတ္လပ္ၿငိမ္းခ်မ္းသြားပါလိမ့္မယ္…..

#ဗိုလ္နဂါး

#ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္

Crd##

Leave a Reply

Your email address will not be published.