စက်သုံးဆီအပါအဝင် အခြားယာဉ်အပို ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာခြင်း ပြုပြင်ထိန်းသိမ်းမှု စရိတ်များ မြင့်မားလာသည့်အတွက် မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်များအနေနဲ့ ယာဉ်စီးခနှုန်းထား ပိုမိုရရှိဖို့လိုအပ်လာသည့် အတွတရားဝင်ယာဉ်စီးခနှုန်းထားကို ငွေကျပ် ၄၀၀ ထက်မပိုသော နှုန်းထားကောက်ခံနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်မှု ကြီးကြပ်မှုကော်မတီ YRTC ကို တင်ပြထားကြောင်း ယာဉ်လိုင်းကုမ္ပဏီများထံက စုံစမ်းသိရသည်

မကြာသေးမီရက်ပိုင်းအတွင်းက ကုမ္ပဏီပိုင်ယာဉ်လိုင်းဖြစ်တဲ့ ရန်ကုန်-ပဲခူး ယာဉ်လိုင်းများတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကိုအပေါ် အခြေခံကာ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်သွားပြီးနောက် ရန်ကုန်မြို့တွင်းမှာလည်း စက်သုံးဆီသုံးစွဲ ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် မီနီဘတ် ယာဉ်လိုင်းများရှိနေပြီး ယာဉ်အပိုပစ္စည်းဈေးနှုန်းများ မြင့်တက်နေတာကြောင့် ယာဉ်စီးခနှုန်းထားပိုမိုရရှိရေး တင်ပြရခြင်းဖြစ်ကြောင်းသိရသည်။

YRTC အနေဖြင့် ယာဉ်စီးခနှုန်းထား ပိုမိုကောက်ခံမှု လျော့ကျစေရန် ကတ်စနစ်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကတ်စနစ်တွင် အနိမ့်ဆုံးယာဉ်စီးခနှုန်းထား ၄၀၀ ကျပ်ရရှိရေး တင်ပြထားကြောင်း အမြင့်မြတ်ဆုံးအင်အား ယာဉ်လိုင်းကုမ္ပဏီ၏ ဥက္ကဌ ဦးမျိုးဝင်းက ပြောသည်။

“ခုပဲ ဒေဝူးကပြေးဆွဲတဲ့ ရန်ကုန်-ပဲခူးကားက ၃၀၀၀ ဖြစ်သွားပြီဗျာ နောက်ပြီး ကမ္ဘာကျော်ယာဉ်လိုင်းလည်း ဈေးတက်သွားပြီ မြို့တွင်းမှာလည်း ဆီနဲ့ပြေးဆွဲယာဉ်လိုင်းတွေလည်းရှိနေတယ်၊ ယာဉ်အပိုပစ္စည်းဈေးတွေ တက်နေတာလည်းရှိတော့ခု ကတ်စနစ်နဲ့လုပ်ပေးမယ့်ကုမ္ပဏီကိုရော YRTC ကိုရော ယာဉ်စီးခကို ၄၀၀ ထက်မပိုသောနှုန်းထား ၄၀၀ သတ်မှတ်ပေးဖို့ တင်ပြညှိနှိုင်းနေပါတယ်” ဟု ဦးမျိုးဝင်းကပြောသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့က စပြီးတော့ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ဘတ်စ်ကားလိုင်းများတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS (Yangon Payment Services) ကို တပ်ဆင်ခဲ့ကြပြီး ယခုအခါ YPS ကတ်ပြန်လည်အသုံးပြုနိုင်ရန် YPS စက် တပ်ဆင်ထားသည့် YBS ယာဉ်တွေအားလုံးကို ကတ်စနစ်ဖြင့်ပြန်လည်အသုံးပြုနိုင်ရန် ကတ် အသုံးမပြုနိုင်သူများအတွက် အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် (YBPC) ယာဉ်လိုင်းမှ ယာဉ် ၆၀၈ စီး ၊ ဗန္ဓုလ ကုမ္ပဏီ ယာဉ်လိုင်းမှယာဉ် ၃၀၄ စီး ၊ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သာ ကုမ္ပဏီလီမိတက် (YUPT) ယာဉ်လိုင်းမှယာဉ် အစီး ၇၀၀ ၊ လူထုမိတ်ဆွေ ကုမ္ပဏီ ယာဉ်လိုင်းမှ ယာဉ် ၁၆၅ စီး ၊ GYCT Public ကုမ္ပဏီ ယာဉ်လိုင်းမှ ၂၇ စီး စုစုပေါင်း ၁၉၀၂ စီးမှာ YPS စက်တွေကို တပ်ဆင်ပြီးဖြစ်ကြောင်းသိရသည်။

စက္သုံးဆီအပါအဝင္ အျခားယာဥ္အပို ပစၥည္းေဈးႏႈန္းေတြ ျမင့္တက္လာျခင္း ျပဳျပင္ထိန္းသိမ္းမႈ စရိတ္မ်ား ျမင့္မားလာသည့္အတြက္ ၿမိဳ႕တြင္းေျပးဆြဲေနတဲ့ YBS ယာဥ္မ်ားအေနနဲ႔ ယာဥ္စီးခႏႈန္းထား ပိုမိုရရွိဖို႔လိုအပ္လာသည့္ အတြတရားဝင္ယာဥ္စီးခႏႈန္းထားကို ေငြက်ပ္ ၄၀၀ ထက္မပိုေသာ ႏႈန္းထားေကာက္ခံနိုင္ေရး ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္မႈ ႀကီးၾကပ္မႈေကာ္မတီ YRTC ကို တင္ျပထားေၾကာင္း ယာဥ္လိုင္းကုမၸဏီမ်ားထံက စုံစမ္းသိရသည္

မၾကာေသးမီရက္ပိုင္းအတြင္းက ကုမၸဏီပိုင္ယာဥ္လိုင္းျဖစ္တဲ့ ရန္ကုန္-ပဲခူး ယာဥ္လိုင္းမ်ားတြင္ စက္သုံးဆီေဈးႏႈန္းျမင့္တက္မႈကိုအေပၚ အေျခခံကာ ယာဥ္စီးခႏႈန္းထားေတြ ျမင့္တက္သြားၿပီးေနာက္ ရန္ကုန္ၿမိဳ႕တြင္းမွာလည္း စက္သုံးဆီသုံးစြဲ ေျပးဆြဲဝန္ေဆာင္မႈေပးေနသည့္ မီနီဘတ္ ယာဥ္လိုင္းမ်ားရွိေနၿပီး ယာဥ္အပိုပစၥည္းေဈးႏႈန္းမ်ား ျမင့္တက္ေနတာေၾကာင့္ ယာဥ္စီးခႏႈန္းထားပိုမိုရရွိေရး တင္ျပရျခင္းျဖစ္ေၾကာင္းသိရသည္။

YRTC အေနျဖင့္ ယာဥ္စီးခႏႈန္းထား ပိုမိုေကာက္ခံမႈ ေလ်ာ့က်ေစရန္ ကတ္စနစ္အသုံးျပဳနိုင္ေရး ေဆာင္ရြက္လ်က္ရွိရာ ကတ္စနစ္တြင္ အနိမ့္ဆုံးယာဥ္စီးခႏႈန္းထား ၄၀၀ က်ပ္ရရွိေရး တင္ျပထားေၾကာင္း အျမင့္ျမတ္ဆုံးအင္အား ယာဥ္လိုင္းကုမၸဏီ၏ ဥကၠဌ ဦးမ်ိဳးဝင္းက ေျပာသည္။

“ခုပဲ ေဒဝူးကေျပးဆြဲတဲ့ ရန္ကုန္-ပဲခူးကားက ၃၀၀၀ ျဖစ္သြားၿပီဗ်ာ ေနာက္ၿပီး ကမၻာေက်ာ္ယာဥ္လိုင္းလည္း ေဈးတက္သြားၿပီ ၿမိဳ႕တြင္းမွာလည္း ဆီနဲ႔ေျပးဆြဲယာဥ္လိုင္းေတြလည္းရွိေနတယ္၊ ယာဥ္အပိုပစၥည္းေဈးေတြ တက္ေနတာလည္းရွိေတာ့ခု ကတ္စနစ္နဲ႔လုပ္ေပးမယ့္ကုမၸဏီကိုေရာ YRTC ကိုေရာ ယာဥ္စီးခကို ၄၀၀ ထက္မပိုေသာႏႈန္းထား ၄၀၀ သတ္မွတ္ေပးဖို႔ တင္ျပညႇိႏွိုင္းေနပါတယ္” ဟု ဦးမ်ိဳးဝင္းကေျပာသည္။

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၂၁ ရက္ေန႔က စၿပီးေတာ့ ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ YBS ခရီးသည္တင္ဘတ္စ္ကားလိုင္းမ်ားတြင္ ေငြေပးေခ်စနစ္ျဖစ္သည့္ YPS (Yangon Payment Services) ကို တပ္ဆင္ခဲ့ၾကၿပီး ယခုအခါ YPS ကတ္ျပန္လည္အသုံးျပဳနိုင္ရန္ YPS စက္ တပ္ဆင္ထားသည့္ YBS ယာဥ္ေတြအားလုံးကို ကတ္စနစ္ျဖင့္ျပန္လည္အသုံးျပဳနိုင္ရန္ ကတ္ အသုံးမျပဳနိုင္သူမ်ားအတြက္ အသုံးျပဳနိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ဘတ္စ္ကားအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီ လီမိတက္ (YBPC) ယာဥ္လိုင္းမွ ယာဥ္ ၆၀၈ စီး ၊ ဗႏၶဳလ ကုမၸဏီ ယာဥ္လိုင္းမွယာဥ္ ၃၀၄ စီး ၊ ရန္ကုန္ၿမိဳ႕ၿပ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္သက္ဆိုင္သာ ကုမၸဏီလီမိတက္ (YUPT) ယာဥ္လိုင္းမွယာဥ္ အစီး ၇၀၀ ၊ လူထုမိတ္ေဆြ ကုမၸဏီ ယာဥ္လိုင္းမွ ယာဥ္ ၁၆၅ စီး ၊ GYCT Public ကုမၸဏီ ယာဥ္လိုင္းမွ ၂၇ စီး စုစုေပါင္း ၁၉၀၂ စီးမွာ YPS စက္ေတြကို တပ္ဆင္ၿပီးျဖစ္ေၾကာင္းသိရသည္။

 

Leave a Reply

Your email address will not be published.