ခီမောင်နှံရဲ့ ရန်ပုံငွေအစီအစဉ်ကနေ သိန်း ၁၃၀၀ ခန့်ရ

ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ မိသားစု အမှတ်တရပစ္စည်းတွေကိုရောင်းချပြီး ရန်ပုံငွေရှာတဲ့အစီအစဉ်ကနေ အလှူငွေ သိန်း ၁၃၀၀ လောက်ရှာနိုင်ခဲ့တယ်လို့ ဒါရိုက်တာ ခရစ်(စ)တီးနားခီကပြောပါတယ်။

ရန်ပုံငွေအစီအစဉ်ရဲ့ ပထမဆုံးပစ္စည်းအနေနဲ့ ခရစ်(စ)တီးနားခီအတွက် မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရပေးခဲ့တဲ့ ဆွဲကြိုးနဲ့ နားကပ်ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး ကံစမ်းမဲလက်မှတ် နံပါတ် ၀၅၁၀၀ က ကံထူးသွားတာပါ။

လက်မှတ်စောင်ရေ တစ်သောင်းကျော်ရောင်းချခဲ့ရပြီး အားပေးသူတွေ မျှော်လင့်ထားတာထက်များပြားခဲ့တာကြောင့် အချိန်ကြန့်ကြာမှုတွေရှိခဲ့တဲ့အပေါ် ဇဏ်ခီက တောင်းပန်စကားဆိုခဲ့ပါတယ်။

ပထမဆုံးပြုလုပ်တာဖြစ်တာကြောင့် အခက်အခဲတွေရှိခဲ့ပေမယ့် ပါဝင်ကူညီပေးသူတွေကြောင့် အဆင်ပြေခဲ့ပြီး ကူညီသူတွေရော လက်မှတ်ဝယ်ယူအားပေးသူတွေကို ကျေးဇူးတင်တယ်လို့ ခီမောင်နှံကပြောပါတယ်။

လက်မှတ်ဝယ်​တဲ့သူအများစုက မဲပေါက်ရင် မယူဘဲ သူတို့ကို အမှတ်တရပြန်ပေးမယ်လို့ ပြောခဲ့တာကြောင့် ကြည်နူးရသလို အားလည်းဖြစ်စေတယ်လို့ ခရစ်(စ)တီးနားခီကပြောပါတယ်။

ဒီအစီအစဉ်အတွက် ကံစမ်းမဲ​လက်မှတ်တစ်စောင်ကို ငွေကျပ်တစ်သောင်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး မြန်မာ ၊ စင်ကာပူ ၊ အမေရိကန် ၊ ကိုရီးယား ၊ ထိုင်း စတဲ့ နိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံတွေက ပရိသတ်တွေကလည်း အားပေးခဲ့တယ်လို့ ခီမောင်နှံက ဆိုပါတယ်။

ဒီအစီအစဉ်ကို ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားစရာပစ္စည်းတွေရှိသေးတယ်လို့ ဇဏ်ခီကပြောပါတယ်။

“အားလုံးပင်ပန်းနေပြီဆိုတာ သိတယ်။ ဒါပေမယ့် ဒီအချိန်မှာလျော့လို့မရဘူး။ ဆက်ပြီးကူညီဖို့လိုတယ်။ ကူညီတဲ့အဖွဲ့တွေ ကျွန်တော်တို့လိုပဲ အများကြီးရှိမှာပဲလေ။ များများကူညီနိုင်ဖို့လိုပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။

ဇဏ်ခီတို့ဇနီးမောင်နှံက ကိုဗစ်ကာလ မှာလည်း အခက်အခဲရှိသူများကို ကူညီရန်ဖို့ ငွေကျပ်သိန်း ငါးဆယ် မတည်ပြီး FCPN အမည်နဲ့အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

#လူထုနွေဦး

ခီေမာင္ႏွံရဲ့ ရန္ပုံေငြအစီအစဥ္ကေန သိန္း ၁၃၀၀ ခန႔္ရ

ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို ကူညီဖို႔ မိသားစု အမွတ္တရပစၥည္းေတြကိုေရာင္းခ်ၿပီး ရန္ပုံေငြရွာတဲ့အစီအစဥ္ကေန အလႉေငြ သိန္း ၁၃၀၀ ေလာက္ရွာနိုင္ခဲ့တယ္လို႔ ဒါရိုက္တာ ခရစ္(စ)တီးနားခီကေျပာပါတယ္။

ရန္ပုံေငြအစီအစဥ္ရဲ့ ပထမဆုံးပစၥည္းအေနနဲ႔ ခရစ္(စ)တီးနားခီအတြက္ မဂၤလာသက္တမ္း ၁၃ ႏွစ္ျပည့္ အမွတ္တရေပးခဲ့တဲ့ ဆြဲႀကိဳးနဲ႔ နားကပ္ကို မဲေဖာက္ေပးခဲ့တာျဖစ္ၿပီး ကံစမ္းမဲလက္မွတ္ နံပါတ္ ၀၅၁၀၀ က ကံထူးသြားတာပါ။

လက္မွတ္ေစာင္ေရ တစ္ေသာင္းေက်ာ္ေရာင္းခ်ခဲ့ရၿပီး အားေပးသူေတြ ေမၽွာ္လင့္ထားတာထက္မ်ားျပားခဲ့တာေၾကာင့္ အခ်ိန္ၾကန႔္ၾကာမႈေတြရွိခဲ့တဲ့အေပၚ ဇဏ္ခီက ေတာင္းပန္စကားဆိုခဲ့ပါတယ္။

ပထမဆုံးျပဳလုပ္တာျဖစ္တာေၾကာင့္ အခက္အခဲေတြရွိခဲ့ေပမယ့္ ပါဝင္ကူညီေပးသူေတြေၾကာင့္ အဆင္ေျပခဲ့ၿပီး ကူညီသူေတြေရာ လက္မွတ္ဝယ္ယူအားေပးသူေတြကို ေက်းဇူးတင္တယ္လို႔ ခီေမာင္ႏွံကေျပာပါတယ္။

လက္မွတ္ဝယ္​တဲ့သူအမ်ားစုက မဲေပါက္ရင္ မယူဘဲ သူတို႔ကို အမွတ္တရျပန္ေပးမယ္လို႔ ေျပာခဲ့တာေၾကာင့္ ၾကည္ႏူးရသလို အားလည္းျဖစ္ေစတယ္လို႔ ခရစ္(စ)တီးနားခီကေျပာပါတယ္။

ဒီအစီအစဥ္အတြက္ ကံစမ္းမဲ​လက္မွတ္တစ္ေစာင္ကို ေငြက်ပ္တစ္ေသာင္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ျမန္မာ ၊ စင္ကာပူ ၊ အေမရိကန္ ၊ ကိုရီးယား ၊ ထိုင္း စတဲ့ နိုင္ငံေတြအပါအဝင္ ျပည္ပနိုင္ငံေတြက ပရိသတ္ေတြကလည္း အားေပးခဲ့တယ္လို႔ ခီေမာင္ႏွံက ဆိုပါတယ္။

ဒီအစီအစဥ္ကို ဆက္တိုက္ျပဳလုပ္သြားမွာျဖစ္ၿပီး စိတ္ဝင္စားစရာပစၥည္းေတြရွိေသးတယ္လို႔ ဇဏ္ခီကေျပာပါတယ္။

“အားလုံးပင္ပန္းေနၿပီဆိုတာ သိတယ္။ ဒါေပမယ့္ ဒီအခ်ိန္မွာေလ်ာ့လို႔မရဘူး။ ဆက္ၿပီးကူညီဖို႔လိုတယ္။ ကူညီတဲ့အဖြဲ႕ေတြ ကၽြန္ေတာ္တို႔လိုပဲ အမ်ားႀကီးရွိမွာပဲေလ။ မ်ားမ်ားကူညီနိုင္ဖို႔လိုပါတယ္” လို႔ ဇဏ္ခီကေျပာပါတယ္။

ဇဏ္ခီတို႔ဇနီးေမာင္ႏွံက ကိုဗစ္ကာလ မွာလည္း အခက္အခဲရွိသူမ်ားကို ကူညီရန္ဖို႔ ေငြက်ပ္သိန္း ငါးဆယ္ မတည္ၿပီး FCPN အမည္နဲ႔အဖြဲ႕ဖြဲ႕ကာ အလႉေငြမ်ားေကာက္ခံ၍ ျပန္လည္လႉဒါန္းေပးခဲ့ပါတယ္။

#လူထုေႏြဦး

Leave a Reply

Your email address will not be published.